အပြောင်းအရွှေ့ကာလ၏ ရိုက်ခတ်မှုရှိခဲ့သော်လည်း ဂျိမ်းစ်ထရက်ဖို့ဒ် မတည်မငြိမ်မဖြစ်ခဲ့ဟု အင်္ဂလန်ယူ-၂၁ နည်းပြ ပြောကြား

အပြောင်းအရွှေ့ကာလ၏ ရိုက်ခတ်မှုရှိခဲ့သော်လည်း ဂျိမ်းစ်ထရက်ဖို့ဒ် မတည်မငြိမ်မဖြစ်ခဲ့ဟု အင်္ဂလန်ယူ-၂၁ နည်းပြ ပြောကြား
Photo: UEFA
Photo: UEFA
Published 10 July 2023

ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အင်္ဂလန်ယူ-၂၁ အသင်း၏ နည်းပြဖြစ်သူ လီကာစလေက ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်သည် အပြောင်းအရွှေ့ကာလ၏ ရိုက်ခတ်မှုရှိခဲ့သော်လည်း မတည်မငြိမ်မဖြစ်ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အင်္ဂလန်ယူ-၂၁ အသင်းသည် အဆိုပါပြိုင်ပွဲတွင် ပေးဂိုးတစ်ဂိုးမျှ ပေးရခြင်းမရှိဘဲ ပွဲတိုင်းရာနှုန်းပြည့်အနိုင်ယူကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။

ဂျိမ်းစ်ထရက်ဖို့ဒ်သည် နောက်ဆုံးဗိုလ်လုပွဲ၌ စပိန်အသင်း၏ ပယ်နယ်တီကန်ချက်ကိုလည်း ကာကွယ်နိုင်ခဲ့သောကြောင့် အင်္ဂလန်အသင်း၏ သူရဲကောင်းလည်းဖြစ်ခဲ့သည်။

'' အပြောင်းအရွှေ့ကာလက ကစားသမား(၃၊ ၄)ယောက်အပေါ်မှာ ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်က စိတ်ဓာတ်ပိုင်း တကယ်တည်ငြိမ်ခဲ့ပါတယ်။ သူက ပြိုင်ပွဲကိုပဲ အာရုံစိုက်နိုင်ခဲ့ပါတယ်''ဟု လီကာစလေက ပြောကြားခဲ့သည်။

ဂျိမ်းစ်ထရက်ဖို့ဒ်သည် မန်စီးတီးအသင်း၏ ဂိုးသမားဖြစ်ပြီး ဘန်လေအသင်း၏ ပေါင်(၁၉)သန်းဖြင့် ကမ်းလှမ်းမှုကို မန်စီးတီးအသင်းက လက်ခံလိုက်ပြီဟု သတင်းထွက်နေသည်။

 

Most Read

Most Recent