ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ သီးသန့်လေ့ကျင့်ခန်းသာ ပြုလုပ်နေပြီး ချယ်လ်ဆီးအသင်းသို့ သွားရောက်ပူးပေါင်းခြင်းမရှိ

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ သီးသန့်လေ့ကျင့်ခန်းသာ ပြုလုပ်နေပြီး ချယ်လ်ဆီးအသင်းသို့ သွားရောက်ပူးပေါင်းခြင်းမရှိ
Photo: Getty Images
Photo: Getty Images
Published 10 July 2023

အင်တာမီလန်အသင်းနှင့် အငှားစာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူသည် မိခင်ကလပ်အသင်းဖြစ်သည့် သွားရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်လေ့ကျင့်ခန်းသာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လူကာကူသည် ၎င်း Gym ကစားနေသည့်ပုံများကို Instagram တွင် တင်ရှိခဲ့ပြီး ယင်းပုံများအတွက် မှတ်ချက်ရေးသားထားခြင်းမရှိကြောင်း အီတလီသတင်းများက ဖော်ပြခဲ့ကြသည်။

ချယ်လ်ဆီးအသင်းသားအားလုံး ပြီးခဲ့သည့်အပတ်က ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ သတင်းပို့ရမည်ဖြစ်သော်လည်း လူကာကူမှာမူ မိခင်ကလပ်နှင့်အတူ လေ့ကျင့်ရန် ပြန်လာခြင်းမရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ လူကာကူကို ၂၀၂၁ ခုနှစ်နွေရာသီက ပြောင်းရွှေ့ကြေး ယူရို(၁၁၅)သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ယခုအခါ ၎င်းနှင့်လမ်းခွဲရန် ဆန္ဒရှိနေပြီး သင့်တော်သည့်ကမ်းလှမ်းမှုများရှိလာလျှင် ရောင်းချသွားရန် အသင့်ရှိနေသည်။

လူကာကူသည် ၂၀၂၂-၂၃ ဘောလုံးရာသီတွင် အင်တာသို့ တစ်ရာသီအငှားဖြင့် ပြန်ခဲ့ပြီး ရာသီအဆုံးသတ်ပိုင်းတွင် ပုံမှန်ခြေစွမ်းပြကာ ကိုပါအီတာလီယာချန်ပီယံဆုဖလား ဆွတ်ခူးမှုနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့မှုတွင် အသင်းကို များစွာကူညီပေးခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် လူကာကူ၏ပြောင်းရွှေ့ကြေးအား ယူရိုသန်း(၃၀)နှင့် (၄၀)အကြား ရရှိလျှင် ရောင်းချသွားဖွယ်ရှိကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။

အင်တာအသင်း၏တိုက်စစ်ပိုင်းတွင် ဂျက်ကို အသင်းမှ ထွက်ခွာသွားသော်လည်း မိုချန်ဂလာဘတ်အသင်းမှ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကာ ပြန်လည်အားဖြည့်ခဲ့သည်။

Most Read

Most Recent