မိမိ အလွန်ကံကောင်းခဲ့သည်ဟု PSG ဂိုးသမား ရီကို ဝန်ခံ

မိမိ အလွန်ကံကောင်းခဲ့သည်ဟု PSG ဂိုးသမား ရီကို ဝန်ခံ
Photo: Football Talk
Photo: Football Talk
Published 10 July 2023

မြင်းပေါ်မှပြုတ်ကျပြီး သတိမေ့မြောသွားရာမှ ပြန်လည်သက်သာလာသည့် PSG အသင်းဂိုးသမား ရီကိုက မိမိအနေဖြင့် အလွန်ကံကောင်းခဲ့ကြောင်း ဝန်ခံခဲ့သည်။

''ကျွန်တော် ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေတုန်းပါပဲ။ ဒါပေမဲ့ တစ်နေ့ထက်တစ်နေ့တော့ ပိုပိုပြီးကောင်းလာပါတယ်။ ဒီခက်ခဲတဲ့ နေ့ရက်တွေမှာ သူတို့ရဲ့ချစ်ခင်ခြင်းတွေကို ကျွန်တော့်ဆီ ပေးပို့ပြသခဲ့ကြတဲ့ လူတိုင်းလူတိုင်းကို ကျေးဇူးတင်ပါတယ်။ အရမ်းကံကောင်းခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ထပ်ပြောရရင်တော့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်ဆုံကြဖို့ မျှော်လင့်ထားပါတယ်''ဟု ရီကိုက ပြောကြားခဲ့သည်။

ရီကိုသည် ပြီးခဲ့သည့်မေလ(၂၈)ရက်က ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent