ဒီဟေးယားအား နှုတ်ဆက်ခဲ့ကြသည့် မန်ယူအသင်းဖော်များ၏ စကားသံများ

ဒီဟေးယားအား နှုတ်ဆက်ခဲ့ကြသည့် မန်ယူအသင်းဖော်များ၏ စကားသံများ
Photo : Getty Images
Photo : Getty Images
Published 10 July 2023

ဗာရန်း - မန်ယူအသင်းရဲ့ ဂန္ထဝင်တစ်ယောက်ပါ။ စွန့်စားခန်းအသစ်မှာ ကံကောင်းပါစေ ညီကို။

အန်တိုနီ - ကျေးဇူးအများကြီးတင်ပါတယ် ဂန္ထဝင်ကြီး။

နသန်ဘစ်ရှော့ - မယုံနိုင်စရာလူသားတစ်ယောက်ပါ။ စာမျက်နှာအသစ်မှာ ပျော်ရွှင်ပါစေ ဂန္ထဝင်ကြီး။

ဒါလော့ - ဂန္ထဝင်ကြီးရေ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ရင်ထဲ ထာဝရတည် ရှိနေမှာပါ။

ကက်စီမီရို - ဒေးဗစ်၊ ငါ့သူငယ်ချင်း။ မင်းက မန်ယူအသင်းနဲ့အတူ သမိုင်းတစ်ခု ဖန်တီးနိုင်ခဲ့သူပါ။ မင်းက အမြဲသရဲနီတစ်ယောက်  ဖြစ်နေမှာပါ။ ပရိသတ်တွေကလည်း မင်းဘယ်ကိုပဲရောက်ရောက် ဆက်ပြီးအားပေးနေကြမှာပါ။ အကောင်းဆုံးတွေ ရရှိပါစေ။

ဘရူနိုဖာနန်ဒက်စ် - ခင်ဗျားက အသင်းမှာ အမြဲတမ်း ဂန္ထဝင်တစ်ယောက်ပါ။ ကျွန်တော် ခင်ဗျားကို ဘယ်လောက်လွမ်းနေမလဲဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားက ကွင်းထဲမှာ ပရိသတ်အားလုံးရဲ့ ဂုဏ်ပြုမှုနဲ့ နှုတ်ဆက်စကားပြောဖို့ ထိုက်တန်သူပါ။ ခင်ဗျားက အသင်းမှာ ခင်ဗျားနာမည်ကို ဘယ်တော့မှ မေ့ပျောက်လို့မရအောင် ဖန်တီးသွားခဲ့ပါတယ်။

ဖရက်ဒ် - ခင်ဗျားက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ရော လူပုဂ္ဂိုလ်တစ်ယောက်ပါ ဖြစ်ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းပါစေ။

ဂါနာချို - ဂန္ထဝင်ကြီး။

မက်ဂွိုင်းရား - အကောင်းဆုံးတွေ ရရှိပါစေ သူငယ်ချင်းဂန္ထဝင်ကြီး။ သတိရနေမယ်။

မာတာ - ဂန္ထဝင်ကြီး။

တွမ်မီနေး - ကံကောင်းပါစေ ငါ့အစ်ကို။ ဂန္ထဝင်ကြီး။

Most Read

Most Recent