တရုတ်ကမ္ဘာလှည့်ခရီးသွားများကြောင့် ကိုဗစ်အလွန်ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာမည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခေါင်းဆောင်များ ပြောကြား

တရုတ်ကမ္ဘာလှည့်ခရီးသွားများကြောင့် ကိုဗစ်အလွန်ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာမည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခေါင်းဆောင်များ ပြောကြား
တရုတ်ခရီးသွားအချို့ကို ပြင်သစ်မြို့တော် ပါရီ၌ မေလ ၂၂ ရက်ကတွေ့ရစဉ် (Photo – AFP)
တရုတ်ခရီးသွားအချို့ကို ပြင်သစ်မြို့တော် ပါရီ၌ မေလ ၂၂ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 26 May 2023
Ref: AFP

ကမ္ဘာတစ်ဝန်း သွားလာစရာနေများကို တရုတ်ကမ္ဘာလှည့်ခရီးသွားများ ပြန်လာခြင်းသည် ယခုနှစ်တွင်ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါအလွန် တစ်ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း ပြန်လည်သက်ဝင်လှုပ်ရှားမှုကို အမြင့်ဆုံးဖြစ်လာစေမည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခေါင်းဆောင်များက ပြောကြားသည်။

ခရီးသွားအတွက် မတင်းတိမ် မရောင့်ရဲနိုင်သော လိုလားချက်အကြောင်းကို ဂျက်လေယာဉ် ထုတ်လုပ်သောကုမ္ပဏီများ၊ လေကြောင်းလိုင်း အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များက ယခုသီတင်းပတ်၏ ကာတာ စီးပွားရေးစကားဝိုင်းတွင် ပြောကြားခဲ့ကြသည်။ ယခုအခါတွင် ကိုဗစ်ကန့်သတ်ချက်များမရှိတော့သော တရုတ်တိုးရစ်များက ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်မှုကို ပြီးပြည့်စုံစေလိမ့်မည်ဟု ၎င်းတို့က ပြောကြားသည်။

“ခရီးသွားလိုတဲ့ ဆန္ဒဟာ ဘယ်တော့မှ ပိုမိုကြီးကျယ်ခဲ့တာမျိုးမရှိပါဘူး။ ခရီးသွားလုပ်ငန်းဟာ အဲ့ဒီလိုအပ်ချက်ကို ဘယ်လို ဘယ်ပုံတုံ့ပြန်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ရုန်းကန်နေရပါတယ်”ဟု ဘိုးရင်းဥက္ကဋ္ဌဒေးဗဟ်ကာလ်ဟွန်းက ပြောကြားသည်။ ဂျက်လေယာဉ်များအတွက် ဝယ်လိုအား ပြည့်မီအောင်လုပ်ဆောင်ရန် ဘိုးရင်းသည် ရုန်းကန်နေရသည်ဟု ဆိုသည်။

 လေယာဉ် စီးနင်းခြင်း သို့မဟုတ် အခန်းကြိုတင်မှာခြင်းတို့အတွက် အဓိက အကြောင်းအရင်းအဖြစ် အပန်းဖြေ ခရီးသွားခြင်းသည် လုပ်ငန်းကိစ္စခရီးသွားခြင်းကို ကျော်တက်သွားသည်ဟု ဥရောပအကြီးဆုံး ဟိုတယ်အုပ်စု Accor ၏အကြီးအကဲ ဆီဗက်ရှန်ဘာဇင်းက ပြောကြားသည်။

မြောက်ကမ္ဘာခြမ်း နွေရာသီ ခရီးသွားရာသီသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပေါ်ထွက်လာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါမတိုင်မီ နောက်ဆုံးတွေ့ရသော လေကြောင်းသွားလာမှုအနေအထားကို ပြန်ရောက်သွားမည်ဟု မျှော်လင့်ထားသည်။

တရုတ်၏ ငွေအများအပြားသုံးသော ကမ္ဘာ့လှည့်ခရီးသွားများသည် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာရာတွင် အရေးပါသော ကဏ္ဍကပါဝင်လာမည်ဟု အမှုဆောင်များက ပြောကြားပြီး ခရီးသွားလုပ်ငန်းကို ဖိအားအသစ် သက်ရောက်မည်ဟုဆိုသည်။

တရုတ်ခရီးသွား သန်းပေါင်းများစွာသည် လာမည့်လများတွင် ခရီးသွားလုပ်ငန်းဝင်ငွေကို မြင့်တက်လာစေနိုင်သည်ဟု Accor ဟိုတယ်အုပ်စုက ခန့်မှန်းထားသည်။

တရုတ်ကိုသွားသော ကာတာလေကြောင်းလိုင်း၏ လေယာဉ်အားလုံးသည် လုံးလုံး ပြည့်နေသည်ဟု Qatar Airway ၏ အမှုဆောင်ချုပ်အက်ဘာအယ်လ်ဘာခါက ပြောကြားသည်။

“သူတို့အတွက် ရနိုင်တဲ့ ဝင်ဆံ့ပမာဏမရှိတာကြောင့် ကျွန်တော်တောင်းတဲ့စီးနင်းခတွေကို သူတို့က ပေးရုံသာမက ဒိုဟာလေဆိပ်က  အကောက်ခွန်မဲ့ဆိုင်တွေမှာလည်း သူတို့ဟာ အခြားနိုင်ငံသားတွေထက်လည်း ပိုသုံးတာတွေ့ရပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ထိုင်းကိုလာသော တရုတ်ခရီးသွားအရေအတွက်သည် ၂၀၁၉ ထက် ၈၅ ရာခိုင်နှုန်း ပိုနည်းနေသည်ဟု Minor International လုပ်ငန်းစု၏ ထိုင်း-အမေရိကန် ပိုင်ရှင်ဖြစ်သူ ဘီလျံနာ ဝီလျံအယ်လ်ဝုဒ်ဟိုင်နက်ကီက ပြောကြားသည်။

Most Read

Most Recent