ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် UEC က မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၁၈ ပါတီရှိလာ

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် UEC က မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၁၈ ပါတီရှိလာ
Published 23 May 2023

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မေ ၂၂ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း UEC က ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေညာချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၄ ရက်ကွက်၊ သုဓနုလမ်း၊ ခြံအမှတ် (၄/၄၁၃)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်းလမ်း၊ အမှတ် (၂၈)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ကရင်ပြည်သူ့ပါတီတို့ကို မေ ၂၂ ရက်မှစတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက မှတ်ပုံတင်အမှတ် (၁၇)နှင့် ကရင်ပြည်သူ့ပါတီက မှတ်ပုံတင်အမှတ် (၁၈) ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပေဒကို ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းပြီးနောက် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် လက်ရှိတွင် UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၁၆ ပါတီရှိပြီး ယင်းပါတီများမှာ (၁) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီသစ် (ကချင်)၊ (၄) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ (၅) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့်ဦးဆောင်ပါတီ၊ (၇) တိုင်းလျန် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၈) ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ (၉) ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ (၁၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၊ (၁၁) မြိုတိုင်းရင်းသားပါတီ၊ (၁၂) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ (၁၃) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၄) အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၁၇) ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် (၁၈) ကရင်ပြည်သူ့ပါတီတို့ဖြစ်ကြောင်း သိရသည်။

UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လာရောက်လျှောက်ထားသည့်ပါတီ ၁၃ ပါတီနှင့် ပုဒ်မ ၂၅ အရ လာရောက်လျှောက်ထားသည့်ပါတီ ၅၀ ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

ယင်းသို့ လာရောက်လျှောက်ထားသည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံရေးပါတီအဖြစ်မှ UEC က ဖျက်သိမ်းခဲ့သည်။        

UEC က ဖျက်သိမ်းလိုက်သည့်ပါတီ ၄၀ မှာ (၁) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ (၃) ကယန်းအမျိုးသားပါတီ၊ (၄) တအာင်း (ပလောင်) အမျိုးသားပါတီ၊ (၅) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ (၆) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ (၇) ဝံသာနုဒီမိုက ရက်တစ်ပါတီ၊ (၈) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ (၉) တိုင်းရင်းသား လူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ (၁၀) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ (၁၁) ဗမာပြည်သူ့ပါတီ၊ (၁၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၁၃) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ (၁၄) မြန်မာအမျိုးသားကွန်ကရက်၊ (၁၅) အရှိုချင်းအမျိုးသားပါတီ၊ (၁၆) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ (၁၇) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ (၁၈) အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ (၁၉) ထားဝယ်တိုင်းရင်းသားများပါတီ၊ (၂၀)  ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ (၂၁) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၂၂) ခူမီး (ခမီး) အမျိုးသားပါတီ၊ (၂၃) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ (၂၄) ကရင်အမျိုးသားပါတီ၊ (၂၅) မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ (၂၆) လမ်းပြကြယ်ပါတီ၊ (၂၇) ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ (၂၈) လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂၉) ခေတ်သစ်ပြည်ထောင်စုပါတီ၊ (၃၀) ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ (၃၁) အမျိုးသားတိုးတက်ရေးပါတီ၊ (၃၂) ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ (၃၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၄) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ (၃၅) အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ (၃၆) အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ (၃၇) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၈) ချင်းတိုင်းရင်းသားများပါတီ၊ (၃၉) ကချင်အမျိုးသားပါတီနှင့် (၄၀) မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားမဟာမိတ်ပါတီတို့ဖြစ်သည်။

Most Read

Most Recent