ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ပါတီမှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ပါတီမှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်
Published 19 March 2023

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ပါတီမှတ်ပုံခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ပါတီမှတ်ပုံတင်ခြင်းမပြုရန် ဆုံး ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ The Daily Eleven သတင်းစာက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတာဝန်ရှိသူများထံ ဆက်သွယ်လျက်ရှိသော်လည်း ဆက်သွယ်မှုမရရှိသေးသဖြင့် တိုက်ရိုက်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

နစကလက်ထက်တွင် အသစ်ပြန်လည် ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ဥပဒေအရ ဥပဒေစတင်ပြဋ္ဌာန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း ပါတီဆက်လက်ထူ ထောင်လိုသည့် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်သဖြင့် လာမည့် မတ် ၂၆ ရက်သည် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်ပြီး မတ် ၂၅ ရက်မှ ၂၇ ရက်သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သဖြင့်ဥပဒေအရ မတ် ၂၈ ရက်၌ပါတီများမှတ်ပုံတင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ SNLD ပါတီမှတ်ပုံတင်ခြင်းမပြု ရန်ဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၏ သျှမ်းသံတော်ဆင့်သတင်းဌာနကို ဖြေကြား ထားချက်အရ မတ် ၁၆ ရက်နှင့် ၁၇ ရက် တွင်ပြုလုပ်သည့် SNLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီအား မှတ်ပုံတင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“အစည်းဝေးမှာတော့ ပါတီ ဆက်လက် မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီးတော့ မှ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ အစည်းဝေး တက်ရောက်တဲ့  CEC အားလုံးရဲ့ သဘော ထားအရ SNLD ပါတီကို ဒီနှစ်လအတွင်းမှာ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ မတင်ဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါ တယ်”ဟု SNLD ပါတီအထွေထွေ အတွင်း ရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ရွေးကောက်ပွဲ ကျင်းပ မည့် အချိန်ကာလကို တိတိကျကျ ထုတ်ပြန်ပြောဆိုမှုမရှိခြင်းသည်လည်း ပါတီမှတ်ပုံ မတင်ရန် အကြောင်းတစ်ရပ်ဖြစ်ကြောင်း ဦးစိုင်းလိတ်၏ သျှမ်းသံတော်ဆင့် သတင်း ဌာနသို့ ဖြေကြားမှုအရသိရသည်။

“အဲ့လို မ ကြေညာသေးဘဲနဲ့၊ မပြဋ္ဌာန်း သေးဘဲနဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ကိုကြိုတင်ပြီးတော့ နိုင်ငံရေးပါတီ မှတ်ပုံတင် ခိုင်းတာကလည်း နည်းလမ်းကျတယ်လို့ ကျွန်တော်တို့မမြင်ဘူး။ အဲ့အခြေအနေဖြေ ရှင်းဖို့လိုနေတဲ့ ကာလမှာ ကျွန်တော်တို့ နိုင်ငံ ရေး ဘာဆက်လုပ်မလဲ ဆိုတာကတော့ နောက်တစ်ပိုင်း စဉ်းစားရမယ်လို့ သုံးသပ်ပါ တယ်”ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့် သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မတ် ၁၇ ရက်အထိ နိုင်ငံ ရေးပါတီ စုစုပေါင်းပါတီ မှတ်ပုံတင် လျှောက် ထားမှု ၂၉ ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ် ပြန်မှုအရ သိရသည်။

Most Read

Most Recent