မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁ ဒသမ ၃ သန်းကျော်ရှိလာပြီး နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိလာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁ ဒသမ ၃ သန်းကျော်ရှိလာပြီး နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိလာ
Published 7 March 2023

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁ ဒသမ ၃ သန်း ကျော်ရှိလာပြီး နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြားရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်၌ စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း လူဦးရေ ၁၅၄၀၀၀ ကျော်မှာ ပြည်တွင်း၌ နေရပ်စွန့် ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများနှင့် တောတောင်များထဲတွင် နေထိုင်နေရကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ် အရှေ့တောင်နှင့် အနောက်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ ပေးအပ်ရန် နှောင့်နှေးမှုများရှိနေကြောင်း OCHA Myanmar က ဆိုသည်။

၂၀၂၂ ခုနှစ်တွင် လူဦးရေ ၄ ဒသမ ၄ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စံချိန်တင် ပေးအပ်နိုင်ခဲ့သော်လည်း ကဏ္ဍစုံသို့ မရောက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခု နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံနီးပါးမှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်မည်ဟု ခန့်မှန်းရကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁ ဒသမ ၃ သန်းကျော် နှင့် ယခင်ပဋိပက္ခများမှ အိုးအိမ်စွန့်ခွာသွားသူ ၃၂၈ç၀၀၀ ကျော်တို့ ပါဝင်ကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများအနက် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး လူဦးရေ ၉၁၅,၀၀၀ ရှိကြောင်းနှင့် အရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာသူဦးရေ ၃၇၉,၂၀၀ ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း OCHA Myanmar က ဆိုသည်။

တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများ၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးခြင်းတို့ကြောင့် စစိဘေးရှောင်များမှာ တောတောင်များနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း OCHA Myanmar က ထုတ်ပြန်သည်။

Most Read

Most Recent