နစကဥက္ကဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့တွေ့ဆုံ

နစကဥက္ကဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့တွေ့ဆုံ
Published 6 March 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့‌တွေ့ဆုံခဲ့ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၏ ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို‌ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ကောင်းမွန်လာမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ယခုထက်ပိုမိုတိုးတက်မြှင့်တင်နိုင်အောင်‌ ဆောင်ရွက်ရန်လိုအပ်မှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူမျ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent