ရခိုင်ပြည်နယ်တွင် စစ်​အင်အားတိုးချဲ့ခြင်းမျိုးမရှိဘဲ ရပ်ရွာ​အေးချမ်းသာယာ​ရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချော​မွေ့​စေ​ရေးအတွက် လိုအပ်သည့် လုံခြုံ​​ရေးအင်အားကိုသာ အသုံးပြုထားဟု နစကပြော​ရေးဆိုခွင့်ရှိသူ ​ပြောကြား

ရခိုင်ပြည်နယ်တွင် စစ်​အင်အားတိုးချဲ့ခြင်းမျိုးမရှိဘဲ ရပ်ရွာ​အေးချမ်းသာယာ​ရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချော​မွေ့​စေ​ရေးအတွက် လိုအပ်သည့် လုံခြုံ​​ရေးအင်အားကိုသာ အသုံးပြုထားဟု နစကပြော​ရေးဆိုခွင့်ရှိသူ ​ပြောကြား
Published 28 February 2023

ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့ခြင်းမျိုးမရှိဘဲ ရပ်ရွာအေးချမ်းသာယာရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် လိုအပ်သည့် လုံခြုံရေးအင်အားကိုသာ အသုံးပြုထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြော​​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေနဲ့ ဒါရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာမျိုးရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ ယခင်ကတည်းက ရှိပြီးဖြစ်တဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ရှိနေတဲ့ အင်အားတွေအတိုင်းပဲရှိပါတယ်။ ပြည်သူလူထု ရပ်ရွာအေးချမ်းသာယာရေး၊ ပြီးရင် လမ်းပန်းဆက်သွယ်မှု လုံခြုံ​​​ချောမွေ့စေရေးအတွက် လိုအပ်တဲ့ လုံခြုံရေးအင်အားကိုပဲ အသုံးပြုထားတာရှိတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ULA/AA အဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်စေလွှတ်ပေးမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ULA/AA အနေနဲ့ သူတို့ဆီကနေ ဖမ်းဆီးထားတဲ့လူတွေပေါ့။ သူတို့နဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ လူတွေကို ကျွန်တော်တို့အနေနဲ့ လွှတ်မ​​ပေးဆိုတဲ့ဟာမျိုးတွေ တစ်ဖက်သက် စွပ်စွဲထားတာကို တွေ့ရတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့က ULA/AA နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရလက်ထက်မှာပဲ  NCA ခြောက်နှစ်ပြည့်မှာ ၆၁ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင်ပေးခဲ့တယ်။ ပြီးရင် စိန်ရတုပြည်ထောင်စုနေ့မှာ ၄၆ ဦး တစ်သုတ် ကျွန်တော်တို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တယ်။ ပြီးရင်အမျိုးသား​​နေ့မှာ ကျွန်​​​တော်တို့ ၁၇ ဦး တစ်သုတ်၊ တစ်ဦး တစ်သုတ်၊ ၁၂၅ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပြီးဖြစ်တယ်” ဟု ပြောကြားသည်။

ထို့ပြင် KIA၊ KNU၊ MNDAA၊ RCSS၊ SSPP၊ TNLA စသည့်အဖွဲ့များနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် လူပုဂ္ဂိုလ်၂၀၅ ဦးကိုလည်း ငြိမ်းချမ်းရေးကို ရှေးရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။