၂၀၂၂ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ကြသည့် အနုပညာရှင်များ

၂၀၂၂ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ကြသည့် အနုပညာရှင်များ
Published 1 January 2023

၂၀၂၂ ခုနှစ်အတွင်း ပြန်လည် လွတ်မြောက်လာခဲ့ကြသည့် အနု ပညာရှင်များကို စုစည်းဖော်ပြအပ် ပါသည်။

၂၀၂၂ ခုနှစ် မတ် ၂ ရက်တွင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ လူမင်း၊ ပိုင်တံခွန်နှင့် အကယ်ဒမီ ဒါရိုက်တာဝိုင်းတို့ ပြန်လည်လွတ်မြောက်ခဲ့ကြသည်ဟု သိရသည်။ အကယ်ဒမီ ပြေတီဦးနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ်အတွင်းက ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရသူများဖြစ်သည်။

အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အနုပညာရှင်များအနက် အဆိုတော် ပိုပို၊ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင်ဆင်မနှင့် Beauty Blogger ဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။ အဆိုတော် ပိုပို နှင့် Beauty Blogger ဝင်းမင်းသန်းတို့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံခဲ့ရသူများဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က စာရေးဆရာ မောင်သာချိုနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာမောင်သာချိုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

Most Read

Most Recent