ဆောင်ဂျွန်ကီတွဲနေသည့် နိုင်ငံခြားသူတွင် သမီးလေးတစ်ဦးရှိနေဟု သတင်းထွက်

ဆောင်ဂျွန်ကီတွဲနေသည့် နိုင်ငံခြားသူတွင် သမီးလေးတစ်ဦးရှိနေဟု သတင်းထွက်
Photo - Allkpop
Photo - Allkpop
Published 29 December 2022

နှုတ်ခမ်းနီမလေးများ၏အသည်းစွဲ မင်းသားဆောင်ဂျွန်ကီ ဗြိတိန်နိုင်ငံသူတစ်ဦးနှင့် တွဲနေသည့်သတင်း ဒီဇင်ဘာ ၂၆ ရက်တွင် သေချာသွားပြီးနောက် ကိုရီးယားအွန်လိုင်းသုံးစွဲသူများက ၎င်းတို့၏ စုံထောက်စွမ်းရည်များကို အသုံးချလာကြတော့သည်။

ရှာဖွေချက်များအရ ဆောင်၏ချစ်သူသည် ရုပ်ရှင်မင်းသမီးဟောင်းကေတီလူးဝစ်ဆောင်ဒါစ်ဖြစ်နေပြီး ကေတီက Vincenzo တောင်ကိုရီးယားဇာတ်လမ်းတွဲမှ ဆောင်၏ဇာတ်ကောင်စရိုက်အတွက် အီတလီစာသင်ပေးသူဖြစ်နေသည်။

ကေတီ၏နောက်ကြောင်းရာဇဝင်ကို ပိုသိလိုသည့် ပရိသတ်များက ၎င်း၏ဓာတ်ပုံများကိုတွေ့ပြီးနောက် ၎င်းတွင် ၁၀ နှစ်အရွယ်ခန့်  သမီးတစ်ဦးရှိသည်ဟုလည်း ယူဆကြသည်။

ကေတီကိုယ်ဝန်ဆောင်ချိန်ကဟု ယူဆ ရသည့်ပုံများ၊ ကလေးတစ်ဦးပါပါနေသည့်ပုံ များစွာကို ပရိသတ်များကရှာတွေ့ခဲ့ကြသည်။ ဆောင်၏ပရိသတ်အများစုကမူ အားပေးမှု လျော့မသွားဘဲ ဆောင်က တစ်ခုလပ်ဖြစ်သည့်အတွက် ကလေးအမေနှင့်တွဲလည်း မထူးဆန်းဟု မှတ်ချက်ပေးကြသည်။

ဆောင်သည် ဆောင်းဟေကိုနှင့် ၂၀၁၆ ဒရာမာဇာတ်လမ်းတွဲ Descendants of the Sun ရိုက်ရင်းငြိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာတွင်လက်ထပ်ကာ အိမ်ထောင်သက်နှစ် နှစ်အကြာ ၂၀၁၉ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ဆောင်းဟေကိုကအရင် ကွာရှင်းခွင့်လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

ဆောင်သည် ဒီဇင်ဘာ ၇ ရက်က စင်ကာပူသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ချစ်သူသစ်ကို မိတ်ဆက်ပေးခဲ့သည်။

Most Read

Most Recent