ဂျန်းနီ၏ ပဲရစ်ပါတီပွဲပုံရိပ်များအပေါ် ပရိသတ်၏တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာ

ဂျန်းနီ၏ ပဲရစ်ပါတီပွဲပုံရိပ်များအပေါ် ပရိသတ်၏တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာ
Published 27 December 2022

ပဲရစ်ပါတီပွဲတစ်ခုတွင် BLACK PINK အဖွဲ့ဝင် ဂျန်းနီပျော်ပါးနေသည့် ဓာတ်ပုံ၊ ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့သွားပြီးနောက် ဝေဖန်သူများရှိခဲ့ကာ အကောင်းမြင်စိတ်ဖြင့် မှတ်ချက်ပေးသူများလည်း ရှိခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ပါတီပွဲတက်ရောက်လာသူများနှင့်အတူ ဂျန်းနီလွတ်လပ်စွာ ကခုန်နေသည့် မြင်ကွင်းများဖြစ်ပြီး  ဗီဒီယိုတစ်ခုတွင် ဂျန်းနီက သူ့ကိုယ်သူ မိတ်ဆက်နေသည့် အသံကိုပါ ကြားရသည်။

ထို့ပြင်ဂျန်းနီက အမျိုးသားတစ်ဦးကို တင်းကျပ်စွာဖက်ထားသည်ကိုလည်း မြင်ရပြီး ပြင်သစ်ဖက်ရှင်ဒီဇိုင်နာ ဆိုင်မန်ပေါ့ဂျက်မုစ်ဖြစ်ပုံရသည့် ၎င်းအမျိုးသားကိုလည်း ဂျန်းနီက ပါးကို ဖက်နမ်းခဲ့သည်။

ဂျန်းနီသည် တန်ဖိုးကြီးအမှတ်တံဆိပ် ထုတ်ကုန်များ၏ Ambassador အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး ၎င်း၏ကျော်ကြားမှုကြောင့် Human Chanel၊ IT Girl စသည့် နာမည်ပြောင်များလည်း ပိုင်ဆိုင်ထားသည်။

ပါတီပုံရိပ်များထွက်လာပြီးနောက် အသက် ၂၆ နှစ်အရွယ်ဂျန်းနီကို ပေါ့ပေါ့ပါးပါးနေတတ်သူအဖြစ် ချီးကျူးသည့်ပရိသတ်များရှိသကဲ့သို့ အချို့ကလည်း ၎င်း၏ဝတ်စားပုံ၊ အပြုအမူများကို ဝေဖန်လာကြသည်။ ဂျန်းနီသည် အများစုအတွက် စံပြပုဂ္ဂိုလ်ဖြစ်သည့်အတွက် လူငယ်မျိုးဆက်များ အတုယူူမှားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ ဗီဒီယိုများသည် ဂျန်းနီမသိဘဲ ရိုက်ထားပုံလည်း ရသည်။

BLACK PINK အဖွဲ့သည် လက်ရှိတွင် ကမ္ဘာလှည့်ဖျော်ဖြေမှုများပြုလုပ်လျက်ရှိပြီး အမေရိကန်၊ ဥရောပနှင့်အာရှတို့ကို လှည့်လည်ဖျော်ဖြေနေသည်။

Most Read

Most Recent