အိန်ဂျလီနာဂျိုလီက ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ သံတမန်အဖြစ်မှ နုတ်ထွက်

အိန်ဂျလီနာဂျိုလီက ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ သံတမန်အဖြစ်မှ နုတ်ထွက်
Photo: Getty Images
Photo: Getty Images
Published 17 December 2022

အော်စကာဆုရ အမေရိကန်သရုပ်ဆောင် အိန်ဂျလီနာဂျိုလီက ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR တွင် သံတမန်အဖြစ် နှစ် ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယင်းရာထူးမှ နုတ်ထွက်လိုက်သည်ဟု ပြောကြားခဲ့သည်။

“ကုလသမဂ္ဂက ဆောင်ရွက်ခဲ့တဲ့ကိစ္စရပ်တွေအားလုံးကို ကျွန်မယုံကြည်ပါတယ်။ အထူးသဖြင့် အရေးပေါ်ကယ်ဆယ်ရေးကနေ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေကိုပါ”ဟု အသက် ၄၇ နှစ်အရွယ် ဂျိုလီက ပြောကြားခဲ့သည်။

ဆက်လက်၍ ဂျိုလီက “ကျွန်မအနေနဲ့ လက်ရှိမှာတော့ ပဋိပက္ခကြောင့် တိုက်ရိုက်ထိခိုက်ခံစားရသူတွေ ဦးဆောင်တဲ့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်သွားမှာဖြစ်ပြီး သူတို့အတွက် အကောင်းဆုံးအသံတစ်သံဖြစ်သွားမှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။

ဂျိုလီသည် သြဇာအရှိဆုံး ဒုက္ခသည်အခွင့်အရေးထောက်ခံသူများမှတစ်ဦးဖြစ်သည်ဟု UNHCR က ပြောကြားခဲ့သည်။

“နှစ် ၂၀ ကျော်ကြာပြီးနောက်မှာတော့ ကျွန်မအနေနဲ့ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီမှာ အလုပ်လုပ်ရာကနေ နုတ်ထွက်လိုက်ပါ တယ်” ဟု ဂျိုလီက ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။

“ဒုက္ခသည်တွေဟာ ကမ္ဘာပေါ်မှာ ကျွန်မအလေးစားဆုံးလူတွေဖြစ်ပြီး ကျွန်မရဲ့ ကျန်ဘဝတစ်လျှောက် သူတို့နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်ကူးထားပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

ဂျိုလီသည် ၎င်းနှင့်အတူ တွဲဖက်လုပ်ကိုင်မည့် အဖွဲ့အစည်းများအကြောင်း အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိပေ။

အိန်ဂျလီနာဂျိုလီသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် လူ့အခွင့်အရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဟု UNHCR က ထုတ်ပြန်ထားသည်။

ဂျိုလီသည် မျှော်လင့်ချက်နှင့် ခံနိုင်ရည်ရှိမှုများကို ရင်ဆိုင်နေရသော အကြောင်းအရာများအတွက် သက်သေခံနိုင်ရန် ကွင်းဆင်း မစ်ရှင် ၆၀ ကျော်ကို မမောမပန်းလုပ်ဆောင်ခဲ့သည်ဟု UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mr and Mrs Smit နှင့် Lara Croft: Tom Raider အပါအဝင် နာမည်ကျော်ရုပ်ရှင်ကားပေါင်းများစွာတွင် ပါဝင်ခဲ့သော ဂျိုလီ သည် UNHCR တွင် ၂၀၀၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သည်။

Most Read

Most Recent