၎င်းကို စူပါမန်းဇာတ်ကောင်အဖြစ် မြင်တွေ့ရတော့မည်မဟုတ်ဟု ဟင်နရီကာဗီးလ် ပြောကြား

၎င်းကို စူပါမန်းဇာတ်ကောင်အဖြစ် မြင်တွေ့ရတော့မည်မဟုတ်ဟု ဟင်နရီကာဗီးလ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 16 December 2022

ဗြိတိန်သရုပ်ဆောင် ဟင်နရီကာဗီးလ်က စူပါမန်းဇာတ်ကောင်အဖြစ် ပြန်လည်သရုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ ပြီးနောက် နှစ်လမပြည့်မီအချိန်တွင် DC Studios ၏ အကြီးအကဲအသစ်များက ၎င်းကို စူပါမန်းဇာတ်ရုပ်နေရာမှ ပယ်ချခဲ့သည်ဟု သိရသည်။

“ကျွန်တော် ဂျိမ်းစ်ဂန်းနဲ့ ပီတာဆာဖရန်တို့ကို တွေ့ဆုံခဲ့ပါတယ်။ ဝမ်းနည်းစရာသတင်းတစ်ခုကတော့ ကျွန်တော့်ကို စူပါမန်း ဇာတ်ရုပ်အဖြစ် မြင်တွေ့ရတော့မှာမဟုတ်ပါဘူး”ဟု ကာဗီးလ်က ပြောကြားခဲ့သည်။

“အောက်တိုဘာလက ကျွန်တော့်ကို စူပါမန်းဇာတ်ကောင်နေရာကနေ ပြန်လည်သရုပ်ဆောင်ဖို့ စတူဒီယိုက ပြောကြားခဲ့ပြီး နောက်မှာ ဒီသတင်းဟာ မလွယ်ကူပေမဲ့ ဒါဟာ ဘဝပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကာဗီးလ်က ခက်ခဲသောစိတ်ခံစားချက်များမရှိဟုလည်း ပြောကြားခဲ့သည်။

“ဇာတ်ကောင်အတွက် သရုပ်ဆောင်အပြောင်းအလဲဖြစ်သွားတဲ့အပေါ် ကျွန်တော်လေးစားပါတယ်။ ဂျိမ်းစ်နဲ့ပီတာက တည် ဆောက်ဖို့ စကြာဝဠာတစ်ခုရှိနေပါတယ်။ ကျွန်တော် သူတို့အတွက် ဆုတောင်းပေးပြီး စကြာဝဠာအသစ်ထဲမှာပါတဲ့ လူအားလုံး ကံကောင်းကြပြီး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ၎င်းက Instagram တွင် ရေးသားခဲ့သည်။

ကာဗီးလ်သည် ဒရိန်းဂျွန်ဆင်၏ Black Adam ရုပ်ရှင်အတွင်း စူပါမန်းအဖြစ် အံ့သြဖွယ်ပါဝင်ခဲ့ပြီးနောက် အောက်တိုဘာလကုန် ပိုင်းတွင်း ဂန်းနှင့်ဆာဖရန်က DC Studios ကို တာဝန်ယူခဲ့သည်။

ထို့နောက် ကာဗီးလ်က ပရိသတ်များကို ဗီဒီယိုတစ်ခုတင်၍ “ကျွန်တော် စူပါမန်းအဖြစ် ပြန်လည်ပါဝင်ဖို့ တရားဝင်ဖြစ်ချင်ပါတယ်။ Black Adam မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်တာက ဖြစ်လာမယ့်အရာတွေရဲ့ သေးငယ်တဲ့ အရသာတစ်ခုမျှပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကာဗီးလ်သည် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့် Man Of Steel ရုပ်ရှင်တွင် စူပါမန်းအဖြစ် ပါဝင်ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သည့် Batman v Superman တွင်လည်း ဘန်အက်ဖလက်နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ကာ နောက်တစ်နှစ်တွင် Justice League ၌လည်း စူပါမန်းအဖြစ် မြင်တွေ့ခဲ့ရသည်။

Most Read

Most Recent