တွဲဖက်ရုပ်ရှင်မင်းသားများရသည့် သရုပ်ဆောင်ကြေး၏ ၁၀ ရာခိုင်နှုန်းသာရခဲ့သည့် ပရီယန်ကာချိုပရာက တန်းတူညီမျှမှုမရှိသည့် ဘောလိဝုဒ်လောကအကြောင်းကို ဖွင့်ဟ

တွဲဖက်ရုပ်ရှင်မင်းသားများရသည့် သရုပ်ဆောင်ကြေး၏ ၁၀ ရာခိုင်နှုန်းသာရခဲ့သည့် ပရီယန်ကာချိုပရာက တန်းတူညီမျှမှုမရှိသည့် ဘောလိဝုဒ်လောကအကြောင်းကို ဖွင့်ဟ
Photo: Reuters
Photo: Reuters
Published 8 December 2022

ဘောလိဝုဒ်ဇာတ်ကားပေါင်း ၆၀ ကျော် ရိုက်ကူးထားသည့် အိန္ဒိယ၏စတားတစ်ဦးဖြစ်သူ ပရီယန်ကာချိုပရာဂျိုးနက်စ်က ဘီဘီစီနှင့်အင်တာဗျူးတွင် ဘောလိဝုဒ်လောကအတွင်းအမြစ်တွယ်နေသည့် အမျိုးသားများကြီးစိုးမှုအကြောင်းကို ရင်ဖွင့်ထားပြီး ဘောလိဝုဒ်မင်းသမီးတစ်ဦးအနေဖြင့် ၎င်းသည် တွဲဖက်မင်းသားများရသည့် သရုပ်ဆောင်ကြေး၏  ၁၀ ရာခိုင်နှုန်းသာရခဲ့ ၊ မည်သည့်အခါမှ တန်းတူမရဖူးခဲ့ဟု ပြောခဲ့သည်။

သရုပ်ဆောင်ကြေးကွာဟမှုက အလွန်များပြီး အမျိုးသမီးအများစုက ထိုပြဿနာကို  ရင်ဆိုင်နေရဆဲဖြစ်ကာ ဘောလိဝုဒ်မင်းသား တစ်ဦးနှင့် ယခုအချိန်ရုပ်ရှင်ရိုက်မည်ဆိုလျှင်လည်း ထိုအတိုင်းကြုံရလိမ့်မည်ဟု အမေရိကန်အဆိုတော် နစ်ဂျိုးနက်စ်နှင့်လက်ထပ်ထားသည့် အသက် ၄၀ အရွယ် ချိုပရာဂျိုးနက်စ်ကဆိုသည်။

ဟောလိဝုဒ်လောကသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဝင်ရောက်လာပြီး လက်ရှိအမေရိကန်ဖျော်ဖြေရေးနယ်ပယ်တွင် နေရာတစ်နေ ရာရနေပြီဖြစ်သည့် အိန္ဒိယသရုပ်ဆောင်အနည်းစုထဲတွင် ချိုပရာလည်းပါဝင်ပြီး၊ ၎င်းသည် ၂၀၂၂ ခုနှစ်၏ BBC 100 Women  စာရင်းတွင် ထည့်သွင်းခံထားရသည်။

အိန္ဒိယရုပ်ရှင်လောတွင် ယောကျ်ားသားကြီးစိုးမှုကို ပုံမှန်အဖြစ်လက်ခံနေခဲ့ရသည်ဆိုသည့် ချိုပရာက ရိုက်ကွင်းတွင် နာ ရီနှင့်ချီထိုင်စောင့်ခဲ့ရပြီး တွဲဖက်သရုပ်ဆောင် မည့်မင်းသားရောက်လာသည့်အချိန်ကသာ ၎င်းတို့အတွက် ရုပ်ရှင်ရိုက်ရမည့်အချိန်ဟု ဖွင့်ဟခဲ့သည်။

ဖွင့်ဟခဲ့သည့်အရာများထဲတွင် အသားအရေကြောင့် body shaming လုပ်ခံရမှုလည်းပါသည်။

ဟောလိဝုဒ်တွင် သရုပ်ဆောင်ကြေးပေးမှု မည်သို့ရှိသည်နှင့်ပတ်သက်ပြီး ၎င်း၏အနုပညာသက်တမ်း ၂၂ နှစ်အတွင်း ပထမဆုံးအဖြစ် အမေရိကန်သူလျှိုဇာတ်လမ်းတွဲ Citadel တွင် တွဲဖက်မင်းသားနှင့်တန်းတူ သရုပ်ဆောင်ကြေးရထားသည်ဟု ဝန်ခံထားသည်။

Quantico သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲနှင့် Baywatch ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည့် ချိုပရာဂျိုးနက်စ်က ဟောလိဝုဒ်သို့ခြေချ နိုင်သော်လည်း အောင်မြင်ဝင်ဆံ့ရန်မှာ အိန္ဒိယသရုပ်ဆောင်များအတွက် ခက်ခဲနေသေးသည်ဟု မှတ်ယူထားသည်။

 

Most Read

Most Recent