ဟယ်ရီစတိုင်လ်၏ As It Was သီချင်းက Spotify တွင် ၂၀၂၂ ခုနှစ်၏ ဝင်ရောက်နားဆင်သူအများဆုံး သီချင်းဖြစ်နေ

ဟယ်ရီစတိုင်လ်၏ As It Was သီချင်းက Spotify တွင် ၂၀၂၂ ခုနှစ်၏ ဝင်ရောက်နားဆင်သူအများဆုံး သီချင်းဖြစ်နေ
Photo: New York Post
Photo: New York Post
Published 1 December 2022

ဗြိိတိန်အဆိုတော်ဟယ်ရီစတိုင်လ်၏ အောင်မြင်ကျော်ကြားတေးသီချင်းတစ်ပုဒ် ဖြစ်သည့်  As It Was က Spotify တွင် ယခု နှစ်၏နားဆင်မှုအများဆုံးသီချင်းအဖြစ် သတ်မှတ်ခံထားရသည်။

ကမ္ဘာတစ်ဝန်းက ပရိသတ်များရွေးချယ် နားဆင်သည့်သီချင်းများကို Spotify အွန်လိုင်းပလက်ဖောင်းက အဆင့်သတ်မှတ်ခဲ့ရာ One Direction အဖွဲ့ဝင်ဟောင်းဟယ်ရီစတိုင်လ်၏ As It Was သီချင်းက ကမ္ဘာတစ်ဝန်းနားဆင်မှုအကြိမ်ရေ ၁ ဒသမ ၆ ဘီလျံနီး ပါးရှိခဲ့သည်။

ထို့ပြင် Spotify က လူကြိုက်အများဆုံး အဆိုတော်များ၊ သီချင်းများ၊ တေးအယ်လ်ဘမ်များစာရင်းကိုလည်း ကြေညာထားပြီး ဗြိတိန်တွင် လူကြိုက်အများဆုံးအဆိုတော် စာရင်း၌ တေလာဆွစ်က ဗိုလ်စွဲထားကာ ထိပ်ဆုံးငါးဦးထဲတွင် ဒရိတ်ခ်၊ အက်ရှီရန်၊ ဟယ်ရီစတိုင်လ်နှင့် ကာညေးဝက်စ်တို့ အစဉ်လိုက်ရပ်တည်နေသည်။

ဗြိတိန်တွင် လူကြိုက်အများဆုံးသီချင်း စာရင်းတွင် As It Was က နံပါတ်(၁)၊အက်ရှီရန်၏ Shivers နှင့် Bad Habits သီချင်းတို့က  နံပါတ်(၈)နှင့်(၉) တွင် ရပ်တည်နေသည်။

ဗြိတိန်တွင် လူကြိုက်အများဆုံးတေး အယ်လ်ဘမ်စာရင်း၌မူ ဟယ်ရီစတိုင်လ်၏ Harry’s House က နံပါတ်(၁)ဖြစ်ပြီး  အက် ရှီရန်၏ =(Equals)က နံပါတ်(၂)၊  အိုလီဗီယာရော့ဒရီဂို၏ Sour ကနံပါတ်(၄)၊ တေလာဆွစ်၏ Midnights ကနံပါတ်(၅)  နေရာရ ယူထားသည်။

ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံးအဆို တော်စာရင်းလည်း ထုတ်ထားပြီး ဘတ်ဘန်နီက ဗိုလ်စွဲကာ တေလာဆွစ်၊ ဒရိတ်ခ်၊ The Weeknd ၊ BTS တို့ ထိပ်ဆုံးငါးနေရာတွင်  ရပ်တည်နေသည်။ထိပ်ဆုံး ၁၀ ဦးထဲတွင်  အက်ရှီရန်၊ ဟယ်ရီစတိုင်လ်၊ ဂျက်စတင်ဘီ ဘာ၊ ကာညေးဝက်စ်နှင့် အမ်မီနမ်တို့လည်းပါသည်။

ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံးသီချင်းများ၏ နံပါတ်(၁) နေရာတွင် As It Was  ရှိပြီး ဘတ်ဘန်နီက သီချင်းသုံးပုဒ်ပါနေကာ The Kid Laroi နှင့်ဘီဘာတို့တွဲဆိုထားသည့် Stay သီချင်းလည်းပါဝင်သည်။

ကမ္ဘာတစ်ဝန်းလူကြိုက်အများဆုံးတေး အယ်လ်ဘမ်စာရင်းတွင် ဘတ်ဘန်နီ၏ Un Verano Sin Ti က ဗိုလ်စွဲပြီး ဟယ်ရီ၏ Harry’s House က နံပါတ်(၂) ဖြစ်သည်။

Most Read

Most Recent