ကမ္ဘာ့ဖလားအပြီး ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပရီးမီးယားလိဂ်ကလပ်များ စိုးရိမ်

ကမ္ဘာ့ဖလားအပြီး ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပရီးမီးယားလိဂ်ကလပ်များ စိုးရိမ်
Photo: Daily Mail
Photo: Daily Mail
Published 10 November 2022

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး (၈)ရက်အကြာတွင် ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြန်လည်ကစားမည်ဖြစ်ရာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားများ၏ စိတ်ပိုင်းရာအခြေအနေများကို ပရီးမီးယားလိဂ်ကလပ်အသင်းများက စိုးရိမ်နေပြီး ယင်းအတွက် စိတ်ပညာရှင်များနှင့် တိုင်ပင်နေကြကြောင်း သိရှိရသည်။

၂၀၂၂ ကာတာကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၈)ရက်တွင် ကစားမည်ဖြစ်ပြီး ယင်းဗိုလ်လုပွဲအပြီး (၈)ရက်အကြာဖြစ်သည့် ဒီဇင်ဘာ (၂၆)ရက်တွင် ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြန်လည်စတင်မည်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်သည့် ပရီးမီးယားလိဂ်ကစားသမားများအတွက် နားရက်မှာ အလွန်နည်းပါးလွန်းနေသည်။

ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီး၊ ကွာတားနှင့် ရှုံးထွက်အဆင့်များကို တက်ရောက်သည့် ကစားသမားများအနေဖြင့် ပြိုင်ပွဲအတွင်း အောင်မြင်မှု၊ ကျဆုံးမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်ကြကြောင်းလည်း သိရသည်။

ယင်းအတွက်ကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများသည် စိတ်ပညာရှင်များနှင့်တိုင်ပင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကစားသမားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းနေကြကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent