(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပနေပြီး သွေးသစ်ဝင်းလှိုင်၊ ဖျံသွေး၊ သပြေညို၊ မိုက်ရိုင်း၊ ရဲသွေးနီ၊ ရန်နိုင်ထွန်းတို့ ပွဲများပါဝင်

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပနေပြီး သွေးသစ်ဝင်းလှိုင်၊ ဖျံသွေး၊ သပြေညို၊ မိုက်ရိုင်း၊ ရဲသွေးနီ၊ ရန်နိုင်ထွန်းတို့ ပွဲများပါဝင်
Photo: Hein Min Zaw
Photo: Hein Min Zaw
Published 7 November 2022

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပနေပြီး နာမည်ကြီး ရိုးရာလက်ဝှေ့ကျော်များဖြစ်သည့် သွေးသစ်ဝင်းလှိုင်၊ ဖျံသွေး၊ သပြေညို၊ မိုက်ရိုင်း၊ ရဲသွေးနီ၊ ရန်နိုင်ထွန်း အစရှိသူတို့၏ ပွဲများ ပါဝင်နေကြောင်း သိရသည်။

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဘားအံမြို့တွင် နိုဝင်ဘာ(၇၊ ၈၊ ၉) ရက်များတွင် တွဲဆိုင်းပေါင်း(၂၂) ဆိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ(၇) ရက်တွင် တွဲဆိုင်း(၅) ဆိုင်း ကျင်းပခဲ့ပြီး ယနေ့(နိုဝင်ဘာ- ၈) တွင် တွဲဆိုင်း(၈) ဆိုင်း။ နိုဝင်ဘာ(၉) ရက်တွင် တွဲဆိုင်း(၉) ဆိုင်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ(၈) ရက် (ယနေ့) တွင် အောင်ကျော်မိုး(ထူးမေတ္တာထူး) နှင့် ရဲသွေး(ကျားမင်း)၊ အောင်ခဲစော (အောင်နိုင်သူ)နှင့် ကျော်ဟေ(ရွှေဖူး)၊ စောဝါလု (ဇွဲကပင်မြေ)နှင့် ဆလိုင်းချမ်းမြေ့ကို (အဲကညော)၊ ကိုနိုင်း(ဇာနည်သွေး)နှင့် ထွန်းဝင်းအောင်(အောင်နိုင်သူ)၊ ရဲသွေးနီ(တောင်ကလေး)နှင့် အဲမွီ(နဂါးမင်း)၊ ကျော်စွာဝင်း (M2K)နှင့် အောင်ဟိန်း(သုံးပန်လှ)၊ ကြယ်လင်းအောင်(တောင်ကလေး)နှင့် သပြေညို (စက်ရုံ)၊ ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့် စောမင်းအောင်(တောင်ကလေး) တို့ယှဉ်ပြိုင်ထိုး သတ်ကြမည်ဖြစ်သည်။

နိုဝင်ဘာ(၉) ရက်တွင် မိုးမြင့်ကျော်(ဇာနည်သွေး)နှင့် နေရိုင်း (ဓမ္မဟေဝန်)၊ ရာဇာထွန်း(တိုက်ဂါး)နှင့် ဒေါနကျော်ကျော်(ရွှေမြဝတီ)၊ လှိုင်းထက်အောင် (ရွှေကုက္ကို)နှင့် အောင်ရဲလင်း(တိုက်ဂါး)၊ အောင်ဇော်ဟိန်း(ရွှေကုက္ကို)နှင့် အောင်မင်းထွန်း(ဖလုံပညာ့တဝေါင့်)၊ နက္ခမင်း(ဇွဲကပင်မြေ)နှင့် ကမ္ဘာရှား(ဇာနည်မောင်)၊ မိုးထက်အောင်(Family ဝမ်ချိုင်း)နှင့် ဘဟိန်း(စက်ရုံ)၊ မိုက်ရိုင်း(ရွှေဖူး)နှင့် သွေးလင်းထက် (ဒေါနတောင်ခြေ)၊ ဖျံသွေး(ထူးမေတ္တာထူး)နှင့် ကျားပေါက်(ရန်စစ်ငြိမ်း)၊ သွေးသစ်ဝင်းလှိုင်(Family ဝမ်ချိုင်း)နှင့် အောင်ခိုင်(စက်ရုံ) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှ  တွဲဆိုင်းအားလုံးကို 360 Sports Facebook Page နှင့် 360 Sports YouTube Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent