■ တစ်ပွဲလုံး ဂိုးပေါက်တည့်ခြိမ်းခြောက်မှု နှစ်ကြိမ်သာရှိခဲ့သဖြင့် ဝေဖန်ခံနေရသော်လည်း မန်ယူအသင်း၏ကစားပုံကို အဲရစ်တန်ဟက်ဂ် ချီးကျူး

■ တစ်ပွဲလုံး ဂိုးပေါက်တည့်ခြိမ်းခြောက်မှု နှစ်ကြိမ်သာရှိခဲ့သဖြင့် ဝေဖန်ခံနေရသော်လည်း မန်ယူအသင်း၏ကစားပုံကို အဲရစ်တန်ဟက်ဂ် ချီးကျူး
Photo : Man Utd
Photo : Man Utd
Published 18 October 2022

မန်ချက်စတာယူနိုက်တက်အသင်း၏နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်သည် နယူးကာဆယ်အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့်ပွဲတွင် တစ်ပွဲလုံး ဂိုးပေါက်တည့်ခြိမ်းခြောက်မှု နှစ်ကြိမ်သာရှိခဲ့သဖြင့် ဝေဖန်မှုများခံနေရသော်လည်း အသင်း၏ ကစားပုံအပေါ်  ချီးကျူးပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တန်ဟက်ဂ်သည် ယင်းပွဲအပြီးတွင် အသင်းနှင့်ပတ်သက်သည့်အမြင်ကို မေးမြန်းခဲ့ရာ ပြောနေကျစကားများကိုသာ ပြန်ပြောနေသည်ဟု လှောင်ပြောင်မှုများလည်း ရှိနေသည်။

တန်ဟက်ဂ်က ''ကျွန်တော် အသင်းရဲ့ရလဒ်အတွက် စိတ်ပျက်မိပြီး အသင်းရဲ့စွမ်းဆောင်ရည်အတွက်တော့  ပျော်ရွှင်မိပါတယ်။ အသင်းတစ်သင်းအနေနဲ့ လုပ်ဆောင်ခဲ့တဲ့ အရာများစွာကို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံ၊ ကျွန်တော်တို့အသင်းရဲ့ ကွင်းအတွင်း  ဘောလုံးလက်ဆင့်ကမ်းသယ်ဆောင်ပုံ၊ တစ်ပွဲလုံး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပြီး ကျွန် တော်တို့ပွဲကို အပြတ်အသတ် စိုးမိုးထားနိုင်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ ကျေနပ်စရာပုံစံကို ပြသခဲ့တယ်။ နယူးကာဆယ်အသင်း ဘယ်လောက်ပြဿနာတွေကြုံတွေ့ခဲ့တယ်ဆိုတာ အားလုံးတွေ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို ရိုက်ချိုးနိုင်ခဲ့တယ်၊ အသေမသတ်နိုင်ခဲ့ရုံပါပဲ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent