◘ ဆီဗီလာ - ဗလင်စီယာ ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက် နံနက် ၁၁း၃၀ နာရီ)
ဆီဗီလာကတော့ နည်းပြသစ် ဆမ်ပါအိုလီရဲ့အိမ်ကွင်းပွဲဦးထွက်မှာ ဘီလ်ဘာအိုကို သရေကစားနိုင်ခဲ့ပြီး အခုလည်း ဗလင်စီယာကို အိမ်ကွင်းအားနဲ့ ဆက်ပြီးခံကစားနိုင်ဦးမှာ သေချာနေတယ်။ ဂတ်တူဆိုရဲ့ဗလင်စီယာကလည်း အဝေးကွင်းကစားပုံ တက်လာသလိုတွေ့ရလို့ ဆီဗီလာကိုလည်း ဆက်ပြီးရင်ဆိုင်ပြနိုင်ဖို့က မခက်လှဘူးထင်တယ်။ ဒါပေမဲ့ အစဉ်အလာအရ အသာစီးထားတဲ့ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ပိုကြိုက်နေမိတယ်။
◘ ဂီတာဖေး - ဘီလ်ဘာအို ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ဝဝး၃၀ နာရီ)
ဂီတာဖေး အိမ်ကွင်းကစားပုံလျော့နေတယ်ဆိုပေမဲ့ ဘီလ်ဘာအိုကိုတော့ အစဉ်အလာအရ အိမ်ကွင်းမှာ ယှဉ်နိုင်လေ့ရှိတာကို သတိထားရလိမ့်မယ်။ ဘီလ်ဘာအိုကလည်း အဝေးကွင်းတိုက်စစ်အား အတက်အကျရှိတတ်တဲ့အသင်းပါ။ ဂိုးနည်း သရေပွဲလို့ပဲထင်တယ်။
◘ အက်သလက်တီကို - ဗယ်လက်ကာနို ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ၁း၃၀ နာရီ)
အက်သလက်တီကိုရဲ့ ဒီရာသီခြေစွမ်းက အားရစရာဖြစ်မလာသေးပေမဲ့ လာလီဂါဘက်မှာတော့ အရှိန်အဝါနဲ့ ထိန်းကစားနေနိုင်သေးတာ တွေ့ရတယ်။ အခုရင်ဆိုင်ရမယ့် မြို့ခံပြိုင်ဘက် ဗယ်လက်ကာနိုကလည်း အက်သလက်တီကိုနဲ့ တွေ့တိုင်း အရှုံး ပေးထားရလေ့ရှိတဲ့အသင်းဆိုတော့ ဒီအရှိန်နဲ့ပဲ အက်သလက်တီကိုဆက်ပြီး ဖိအားပေးကစားသွားနိုင်ဖို့ များနေတယ်။ အက်သလက်တီကိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။















