ယူကရိန်းတွင် လူသေအလောင်းများ အစုလိုက်မြှုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့ပြီးနောက် စစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးရန် အီးယူဥက္ကဋ္ဌက တိုက်တွန်း

ယူကရိန်းတွင် လူသေအလောင်းများ အစုလိုက်မြှုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့ပြီးနောက် စစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးရန် အီးယူဥက္ကဋ္ဌက တိုက်တွန်း
​​​​​​​စက်တင်ဘာ ၁၆ ရက်က ယူကရိမ်းအရှေ့ပိုင်း အီဇူမ်မြို့အပြင်ဘက်ရှိ တောအုပ်အတွင်း မှုခင်းဆေးပညာရှင်များက အခေါင်းတစ်ခုကို တူးဖော်နေစဉ် (Photo: AFP)
​​​​​​​စက်တင်ဘာ ၁၆ ရက်က ယူကရိမ်းအရှေ့ပိုင်း အီဇူမ်မြို့အပြင်ဘက်ရှိ တောအုပ်အတွင်း မှုခင်းဆေးပညာရှင်များက အခေါင်းတစ်ခုကို တူးဖော်နေစဉ် (Photo: AFP)
Published 19 September 2022
Ref: AFP

ယူကရိန်းနိုင်ငံတွင် လူသေအလောင်းများကို အစုလိုက်မြှုပ်နှံထားသည့် နေရာများကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ခုံအဖွဲ့ထူထောင်ရန် ဥရောပသမဂ္ဂ (အီးယူ)  ဥက္ကဋ္ဌက စက်တင်ဘာ ၁၇ ရက်တွင် တိုက်တွန်းခဲ့သည်။

“၂၁ ရာစုမှာ အရပ်သားတွေကို ဆန့်ကျင်တဲ့ အခုလို တိုက်ခိုက်မှုတွေဟာ တွေးကြည့်လို့တောင်မရဘဲ စက်ဆုပ်ဖို့ ကောင်းပါတယ်” ဟု ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသည့် ချက်နိုင်ငံ ခြားရေးဝန်ကြီး ယန်လီပက်ဗ်စကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီအရေးကို လျစ်လျူရှု လို့ မရပါဘူး။ စစ်ရာဇဝတ်မှုတွေအားလုံးကို အပြစ်ပေးနိုင်တဲ့ဘက်က ကျွန်တော်တို့ ရပ် တည်ပါတယ်။ ဒီရာဇဝတ်မှုတွေကို တရားစီ ရင်ဖို့ နိုင်ငံတကာ အထူးခုံအဖွဲ့ကို အလျင် အမြန်ထူထောင်ဖို့ ကျွန်တော် တောင်းဆိုပါ တယ်”ဟု လီပက်ဗ်စကီးက Twitter တွင် ရေးသားခဲ့သည်။

ယူကရိန်းအာဏာပိုင်များသည် ယခင် က ရုရှားတပ်များ သိမ်းပိုက်ခဲ့သည့် အီဇူမ်မြို့ အပြင်ဘက်တွင် ညှင်းပန်းနှိပ်စက်ခံထားရ သည့် လက္ခဏာများနှင့် သေဆုံးနေသည့် အ လောင်းအချို့နှင့်အတူ လူသေအလောင်းများ မြှုပ်နှံထားသည့် မြေပုံ ၄၅၀ ခန့်ကို တွေ့ရှိခဲ့ ကြောင်း ပြောကြားခဲ့ပြီးနောက် လီပက်ဗ်စကီး ၏ မေတ္တာရပ်ခံချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

ယင်းမြှုပ်နှံခံခဲ့ရသည့် အလောင်းများထံ မှ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် သက်သေအ ထောက်အထားအသစ်များကို ရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက  ပြောကြားခဲ့သည်။

“ခါကိဗ်ဒေသက လွတ်မြောက်မြို့တွေ နဲ့ မြို့နယ်တွေမှာ ညှင်းပန်းနှိပ်စက်တဲ့အခန်း ၁၀ ခန်းကျော်ကို တွေ့ရှိခဲ့ပါတယ်”ဟု ဇယ် လန်စကီးက ပြောကြားခဲ့ပြီး ညှင်းပန်းနှိပ်စက် ရာတွင် အသုံးပြုသည့် အီလက်ထရောနစ် ပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

တွေ့ရှိခဲ့သည့် ရုပ်အလောင်းများ၏ ၉၉ ရာခိုင်နှုန်းမှာ အကြမ်းဖက်ခံရပြီး သေဆုံးခဲ့ သည့် လက္ခဏာများကို တွေ့ရှိခဲ့သည်ဟု ခါ ကိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလက် ဆင်ဟူ ဘော့ဗ်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

“ရုပ်အလောင်းအချို့ဟာ လက်တွေကို နောက်ပြန်ကြိုးတုပ်ခံထားရပြီး အလောင်း တစ်လောင်းကတော့ လည်ပင်းမှာ ကြိုးချည် ခံရပြီး မြေမြှုပ်ခံခဲ့ရပါတယ်”ဟု ၎င်းင်းက ပြော ကြားခဲ့သည်။

ယင်းကဲ့သို့ ရုပ်အလောင်းများ အစုလိုက် မြှုပ်နှံထားသည့် မြေပုံများတွေ့ရှိမှုသည် အ နောက်လိုလားသည့် ယူကရိန်းတွင် ရုရှား သည် စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အထောက်အထားများကို ပိုမိုပေါ်လွင်စေ သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်  ကလည်း အီဇူမ်မြို့တွင် ဖြစ်ပျက်ခဲ့မှုသည် အ လွန်ရက်စက်ကြမ်းကြုတ်မှုများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ခါကိဗ်ဒေသရှိ လွတ်မြောက်နယ်မြေ များတွင် ယူကရိန်းပြည်သူပေါင်း ၁၀၀၀ ကျော်သည် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ သတ် ဖြတ်ခံရခြင်းတို့ ရှိနိုင်သည်ဟု ယူကရိန်းလွှတ် တော်၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီး ဒီမိုင်ထရို လူဘီနက်စ်က ပြောကြားခဲ့ သည်။                                              Ref: AFP

Most Read

Most Recent