အလုပ်အကိုင်လုံခြုံမှု (Employment Security)

အလုပ်အကိုင်လုံခြုံမှု (Employment Security)
Published 11 September 2022
ရဲကျော်စွာ

စီးပွားရေးလုံခြုံမှု (Economic Security) နယ်ပယ်အတွင်းတွင် အလုပ် အကိုင်လုံခြုံမှု သည် အရေးကြီးသော ကဏ္ဍ နယ်ပယ်တစ်ခု ဖြစ်သည်။

အလုပ်အကိုင်လုံခြုံမှုဆိုသည်မှာ လူ တစ်ဦးချင်းအလိုက် မိမိ၏အလုပ်အကိုင်ကို ဆက်လက်ထိန်းသိမ်းရယူထားနိုင်မည့် ဖြစ် တန်ခြေများကို ဆိုလိုသည်။

အလုပ်အကိုင်လုံခြုံမှု အဆင့်အတန်း မြင့်မားခြင်းဆိုသည်မှာ အလုပ်သမားများ အနေဖြင့် မိမိတို့၏အလုပ်များကို လက် လွှတ် ဆုံးရှုံးရမည့်အလားအလာများ ပိုမိုနည်းပါး၊ ပိုမိုသေးငယ်နေခြင်းကို ဆိုလိုသည်။

စီးပွားရေးစနစ်များနှင့် အလုပ်အကိုင်လုံခြုံမှု

အလုပ်အကိုင် လုံခြုံမှုအတွက် ခိုင်မာအား ကောင်းသောစနစ်တစ်ရပ်ကို ရရှိနိုင်ရန် နိုင်ငံ များနှင့် နိုင်ငံရေး၊ စီးပွား‌ရေးအင် အားစုများက နည်းလမ်းအမျိုး မျိုးဖြင့် ကြိုးစားခဲ့ကြသည်။

ဆိုရှယ်လစ်စီးပွားရေးစနစ်၊ နီယိုလစ်ဘရယ်စီးပွားရေးစနစ်၊ လက်ဝါးကြီးအုပ် ကော်ပရိတ်အရင်းရှင်စနစ်၊ ဖက်ဆစ်စီးပွား ရေးစနစ်၊ ဆိုရှယ် ဒီမိုကရက်တစ် စီးပွားရေး စနစ်၊ ရပ်ရွာလူမှုအစုအ၀န်းအခြေပြုစီးပွားရေး ((Community Based Economy))၊ လူမှုသမ၀ါ ယမစီးပွားရေး Social Cooperative Economy များကို ကျင့်သုံးရာတွင် အလုပ်အကိုင် လုံခြုံမှုဆိုင်ရာအခွင့်အရေးများနှင့် အာမခံ ချက်များပေးနိုင်မည့်အဆင့်ကို ရယူနိုင်ရန် ကြိုးစားခဲ့ကြ သည်။

သို့သော်လည်း လူ့သမိုင်းတွင် ယခုအချိန်အထိ မည်သည့်စီးပွားရေးစနစ်ကမှ အလုပ်အကိုင်လုံခြုံမှုအတွက် အကောင်းဆုံး ဘက်စုံပြည့်စုံ‌သော အာမခံချက်များကို မပေး စွမ်းနိုင်ခဲ့ပါ။

■ မူဝါဒများ၊ နည်းလမ်းများနှင့် အလုပ်အကိုင်လုံခြုံမှု

နိုင်ငံများစွာတွင် စီးပွားရေးစနစ်တစ်ခုမှ အခြားစီးပွားရေးစနစ် နောက်တစ်ခုသို့ မီးပြင်း တိုက်၍ ကူးပြောင်းကြမည့်အစား လက်ရှိကျင့် သုံးနေသော စီးပွားရေးစနစ် ဘောင်အတွင်းမှာ ပင် အလုပ်အကိုင်လုံခြုံမှု အတွက် ပိုမိုကောင်း မွန်သောအခြေအနေများကို ဖန်တီးနိုင်မည်ဟု ယူဆကြသော စီးပွားရေးနှင့် လူမှုရေးမူဝါဒ များ နှင့် နည်း လမ်းများကို အသုံးပြုခဲ့ကြသည်။

■ အလုပ်သမားရေးရာကဏ္ဍ မူဝါဒများနှင့် နည်းလမ်းများ

အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းအတွက် နှစ်နှစ်ကြာ အခမဲ့အသုံးချအသက်မွေး ၀မ်း ကျောင်းပညာရေးအစီအစဉ်များကို ဆောင် ရွက်ပေးခြင်း၊ မိမိနိုင်ငံမှ အလုပ်သမား များကို ပြည်ပသို့ လွယ်ကူစွာရွှေ့ပြောင်း အလုပ်လုပ် နိုင်ရန် စီမံခွင့်ပြုခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ လွယ်ကူစွာစီးဝင်လာနိုင်စေရန် အခြေအနေများကို ဖန်တီးပေးခြင်း၊ ယှဉ်ပြိုင် နေသော ဈေးကွက်များအတွင်း မိမိနိုင်ငံမှ အလုပ် အင်အားစုများ၏ အရည်အသွေးများ၊ ကျွမ်းကျင်မှုများ၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်းများကို မြှင့်တင်ပေးခြင်း၊ လူ့ အရင်းအမြစ် ဖွံ့ဖြိုးရေးကို စနစ်တကျပြုလုပ် ခြင်းနှင့် လူတိုင်း ကာယသန်စွမ်းမှုနှင့် နိုးကြား ဖျတ်လတ်မြင့်မားရေးအတွက် နှစ်အကန့်အ သတ်ဖြင့် စစ်မှုမထမ်းမနေရ စနစ် သို့မဟုတ် စစ်ပညာ မသင်မနေရ စနစ်ကို ကျင့်သုံးခြင်း အစရှိသော မူဝါဒများနှင့် နည်းလမ်းများကို အလုပ်အကိုင် လုံခြုံမှုအတွက် အလုပ် သမား ရေးရာကဏ္ဍတွင် ကျင့်သုံးဆောင် ရွက်ခဲ့ကြ သည်။

■ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ မူဝါဒများနှင့် နည်းလမ်းများ

ငွေကြေးစုဆောင်းမှု အတိုင်းအတာ တစ်ခုအထိ ပြုလုပ်ပြီးသော ၀ါရင့် အလုပ် သမားများနှင့် အလုပ်သမားဟောင်းများ အနေဖြင့် မိမိစုဆောင်းထားသော ငွေကြေး ဖြင့် အသေးစား သို့မဟုတ် အငယ်စား သို့မ ဟုတ် အလွန်သေးငယ်သော စီးပွားရေး လုပ် ငန်းငယ်များ (Small, Mini or Micro Businesses) ကို ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အသစ်များဖြင့် စတင် ထူထောင်ခြင်းကို လွယ် ကူချောမွေ့နိုင်စေရန် ပံ့ပိုးမှုများ ပြုလုပ်ပေး ခြင်း၊ စီးပွားရေး လုပ်ငန်းအမျိုးအစားအသစ် များကို စွန့်ဦးတီထွင် လမ်းသစ် ဖောက်နိုင်ရန် လုံလောက်သော အရည်အ ချင်း ရှိသူများ နှင့် ခိုင်မာသေချာသော လုပ်ငန်းငယ်အသစ် များကို ထူထောင် စီမံခန့်ခွဲရန် လုံလောက် သော အရည်အချင်း နှင့် အတွေ့အကြုံ ရှိသူ များအတွက် အတိုးနှုန်း သက်သာသော ဘဏ် ချေးငွေများ လွယ်ကူစွာ ရရှိနိုင်ရန် အခြေ အနေကောင်းများကို ဖန်တီးပေးခြင်း၊ ငွေကြေး စုဆောင်းမှု သို့မဟုတ် ပိုင်ဆိုင်မှု ပမာဏ အ လယ်အလတ် အဆင့် ရှိသူများ၏ မိသားစုများ အနေဖြင့် မလိုအပ်ဘဲ အလုပ်သမားများအဖြစ် ယင်းတို့ ကိုယ်တိုင် ၀င်ရောက်အလုပ်လုပ်နေ ကြမည့် အစား သူတို့ပိုင်ဆိုင်သော ငွေကြေး သို့မဟုတ် ပိုင်ဆိုင်မှုများဖြင့် ကောင်းမွန်သော လူနေမှု အဆင့်အတန်း တစ်ခုကို စိတ်ချလုံခြုံမှု ရှိစွာ ခံစားနေထိုင်နိုင်မည့် သင့်လျော်ကောင်း မွန် မျှတသော ဘဏ်တိုးနှုန်းများ၊ အိမ်ခြံမြေ အခွန်နှုန်းထားများ၊ တည်ငြိမ်သော ဘဏ် လုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများနှင့် အစု ရှယ်ယာအိတ်ချိန်းများကို ဖန်တီး ဖော်ဆောင် ပေးခြင်း အစရှိသော မူဝါဒများ နှင့် နည်းလမ်း များကိုလည်း အလုပ်အကိုင် လုံခြုံမှုအတွက် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ မူဝါဒများ နှင့် နည်းလမ်းများအဖြစ် ကျင့်သုံး ဆောင်ရွက် ခဲ့ကြသည်။

■  စိန်ခေါ်မှုများ

          စီးပွားရေး တုံ့နှေးမှုများ (Stagflation) ၊ စီးပွားရေး ကျဆင်းမှုများ  Recession ၊ စီးပွားပျက်ကပ်များ (Depression ၊ နည်းပညာ အသစ်များ၊ နီယိုလစ်ဘရယ်ပုံစံ ဂလိုဘယ် လိုက်ဇေးရှင်း၊ ပြည်ပ အလုပ်သမားများကို တင်သွင်းခြင်းနှင့် နည်းပညာမြင့် အွန်လိုင်း အလုပ်များတွင် ပြည်ပ လုပ်အားများကို အဝေးမှ ရယူအသုံးပြုခြင်း၊ စစ်မက်များ၊ ပဋိ ပက္ခများ၊ ကပ်ရောဂါဘေးများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ ရာသီဥတု ပြောင်းလဲခြင်း၊ အဂတိလိုက်စားမှုများ၊ ပညာရေး အဆင့်အ တန်း ကျဆင်းခြင်း၊ အများပြည်သူ၏ စိတ်ပိုင်း ကျန်းမာရေး အဆင့်အတန်းကျဆင်းခြင်းနှင့် အသုံးချ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု ပညာ ရေးတွင် နှစ်စဉ် အဆင့်မြှင့်တင်မှုများကို ပုံ မှန် မပြုလုပ်နိုင်ခြင်းများသည် အလုပ်အကိုင် လုံခြုံမှု အဆင့်အတန်းကို ထိခိုက်ကျဆင်းလာ စေသည့် ဘေးအန္တရာယ်များနှင့် ခြိမ်းခြောက် မှုများ ဖြစ်နေကြသည်။

■ စီးပွားရေး အတက်အကျများနှင့် အလုပ်အကိုင်များ

စီးပွားရေး တိုးချဲ့နေချိန်၊ ကြီးထွားနေချိန် များတွင် ၀ယ်လိုအား မြင့်တက်နေသောကြောင့် အရင်းအနှီး (Capitals) နှင့် လုပ်အား (Labour) နှစ်မျိုးစလုံးတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမို တိုးမြှင့်ပေးရန် ဈေး ကွက်များနှင့် စီးပွား ရေးများက တိုက်ရိုက် တောင်းဆို မောင်းနှင် ပေးနေတတ်သည် ။

ယင်းအခြေအနေမျိုးတွင် စီးပွားရေး လုပ်ငန်းများ၏ ထုထည်များနှင့် ဖွဲ့စည်း တည် ဆောက်မှုပုံစံ များက ပုံမှန် ကြီးထွားနေတတ် ပြီး အလုပ်အကိုင် လုံခြုံမှု အဆင့်အတန်းများ ကလည်း မြင့်မားနေတတ်သည်။

စီးပွားရေး တုံ့နှေးမှုများ နှင့် စီးပွားရေး ကျဆင်းမှုများတွင် ၀ယ်လိုအားများ ကျဆင်း လာကာ အရင်းအနှီး နှင့် လုပ်အား နှစ်မျိုးစလုံး အတွက် ရင်းနှီးမြှုပ်နှံပေးရန် တောင်းဆိုချက် များ ပြန်လည် ကျဆင်းလာသည်။      

ယင်းအခြေအနေမျိုးတွင် စီးပွားရေးလုပ် ငန်းများ၏ အရွယ်အစား၊ ထုထည်များနှင့် ဖွဲ့စည်းတည်ဆောက်မှု ပုံစံများကို ပြန်လည် လျှော့ချလာရပြီး အလုပ်အင်အားစုများကို အနည်းဆုံး အနေဖြင့် နှစ်တိုကာလ တစ်ခု အထိ ပြန်လည် လျှော့ချရတတ်သည်။

■ နိုင်ငံတစ်ခုချင်းအလိုက် ၀ိသေသအချင်းအရာများ

နိုင်ငံတကာတွင် အောင်မြင်နေသော ပြည်သူ့ အုပ်ချုပ်ရေး ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး သီအိုရီများသည် မြန်မာနိုင်ငံသို့ ရောက်လာ လျှင် ပျက်စီးသွားတတ်ကြောင်း အချို့သူများ က ပြောစမှတ် ပြုကြသည် ။

နိုင်ငံတစ်ခုချင်းအလိုက် မတူညီသော ၀ိသေသ အချင်းအရာများနှင့် ပကတိ တည်ရှိနေသော အားနည်းချက်များကို အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ထည့်သွင်းတွက်ချက်ခြင်းနှင့် ကိုင်တွယ်ကုစားခြင်း မရှိခဲ့ကြသောကြောင့် ထိုကဲ့သို့သော သီအိုရီ များ ကျဆုံးနေရခြင်း ဖြစ်သည်။ လူကောင်း လူမှန်မဟုတ်သူများက ကျင့်သုံးလျှင် မည် သည့် မူဝါဒ၊ မည်သည့် နည်းလမ်းကိုပင် ကျင့် သုံးသည် ဖြစ်စေ ၊ အောင်မြင်မှု မရနိုင်ပါ။

■ အဂတိလိုက်စားမှုများ

၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသမိုင်းတွင် အဂတိလိုက်စားမှုများ ယခင်က မရှိခဲ့ဖူးသောဌာနများ ဖြစ်ခဲ့ကြ သော ပညာရေးဌာနများ နှင့် ကျန်းမာရေး ဌာနများ အတွင်း ဖြစ်ပွားလာခဲ့သော အဂတိ လိုက်စား မှုများသည် အလွန်ဆိုးရွားလာခဲ့ပြီး ၁၉၈၈ ခုနှစ် မှ ၂၀၀၅ ခုနှစ် အထိ ၁၇ နှစ်ကြာ ကာလ အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိခဲ့ သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ် အထိ နောက်ပိုင်း တက်လာသော အစိုးရ များသည် လည်း ယင်းဌာန နှစ်ခုအတွင်း ဆိုးရွားလှသော အဂတိလိုက်စားမှုများကို အပြည့်အ၀ တိုက်ဖျက် ဖယ်ရှား သန့်စင်ခြင်း မပြုလုပ်နိုင်ခဲ့ကြပါ။

အစိုးရများ၊ အာဏာပိုင် အဖွဲ့အစည်း များနှင့် ဌာနဆိုင်ရာများတွင်သာမကဘဲ မြန် မာနိုင်ငံအတွင်း အဂတိလိုက်စားမှုများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ အသင်း အဖွဲ့များ (CSOs, Civil Society Organi-zations)၊ ရပ်ရွာလူမှုအစုအ၀န်း အခြေပြု အသင်းအဖွဲ့များ (CBOs, Community Based Organizat ions) ၊ အကျိုးအမြတ် မယူ သော အဖွဲ့အစည်းများ (NPOs, Non-Profit Organ izations)) မှသည် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအထိ ပုံသဏ္ဌာန်မျိုးစုံရှိသော အဂတိလိုက်စားမှု အမျိုးမျိုးက အလွန် ကျယ် ပြန့်စွာ နက်ရှိုင်း အမြစ်တွယ်နေခဲ့သည်။

အဆိုပါ လုပ်ငန်းနယ်ပယ် အသီးသီးတွင် အလုပ်အကိုင် ရရှိရေး ၊ ခံစားခွင့်များ ရရှိရေး၊ လစာတိုးရေး ၊ ရာထူးတိုးရေး ၊ နေရာ ကောင်း ရရေးမှသည် ကန်ထရိုက်များ၊ လက်ခွဲ ဆပ် ကန် ထရိုက်များ၊ တင်ဒါများ ရရှိရေး၊ အ၀ယ် တော်များက ၀ယ်ယူရေးအထိ အမျိုး မျိုးသော ကဏ္ဍများတွင် အဂတိလိုက်စား မှုများ ပုံစံမျိုးစုံ ဖြင့် ဆိုးရွားနေခဲ့သည်။

■ ပညာရေးကဏ္ဍ အားနည်းချက်များ

အခြားသော နိုင်ငံများစွာတွင် အခြေခံ ပညာ၊ အသုံးချ သက်မွေးပညာနှင့် အဆင့်မြင့်  ပညာအားလုံးတွင် သင်ရိုးညွှန်းတမ်းများ၊ သင် ရိုးပြဋ္ဌာန်းချက်များနှင့် သင်ရိုးစာအုပ်များ ကို နှစ်စဉ် ပြည်လည် သုံးသပ်စစ်ဆေးခြင်း၊ နှစ်စဉ် အဆင့်မြှင့်တင်ခြင်းများကို ပုံမှန် ပြုလုပ်နေ ကြချိန်အတွင်း မြန်မာနိုင်ငံတွင် လေးနှစ် တစ် ကြိမ် သို့မဟုတ် ငါးနှစ် တစ်ကြိမ် သင်ရိုးပြဋ္ဌာန်း စာများ အသစ် ပြန်လည် ရေး ဆွဲတည်ဆောက် ရခြင်းကို အလွန် ကြီးမား လှပြီး မလိုအပ်သော အလုပ်အပို တစ်ခု သ ဖွယ် ပညာရေးဝန်ထမ်း များ ကိုယ်တိုင်က မသင့်လျော်သော သဘော ထားဆိုးများ ထားရှိခဲ့ကြသည် ။

မြန်မာနိုင်ငံအတွင်း ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် အတွင်း အခြေခံပညာ အထက်တန်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ၌ ၀ိဇ္ဇာ သိပ္ပံ ဘာသာ ဘာသာရပ်များတွင် အမှတ် ၄၀ နှင့် ၆၀ အကြားသာ ရရှိသော အရည်အချင်း မပြည့်မီသူများအား တက္ကသိုလ် ၊ ကော လိပ်ကျောင်းဝင်ခွင့်များ ခွင့်ပြုပေးခြင်းကို အလွယ်တကူ ကျင့်သုံးခဲ့ခြင်းကြောင့် နိုင်ငံ၏ ပညာရေးနှင့် လုပ်အား အင်အားစုများ ဖွံ့ဖြိုး ရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့သည်။

ထိုအချိန်က ကမ္ဘာ့နိုင်ငံအများစုသည် ၀ိဇ္ဇာသိပ္ပံဘာသာရပ်များတွင် အမှတ် ၆၀ နှင့် အထက်ရရှိသူများကိုသာ တက္ကသိုလ် ၀င် ခွင့် ပြုနေပြီး အမှတ် ၆၀ နှင့် ၄၀ အကြား ရရှိသူများ ကို ကျွမ်းကျင်အလုပ်သမားများအတွက် အထူးပြုရည်ရွယ်ထားသော အသုံးချ အသက်မွေးဝမ်းကျောင်းပညာ ဒီပလိုမာ သင်တန်းများကိုသာ တက်ခွင့်ပြုထားချိန် ဖြစ်သည် ။

အရည်အချင်း မပြည့်မီသော လူငယ်ဦး ရေများစွာက ထုနှင့်ထည်နှင့် တက္ကသိုလ်၊ ကောလိပ်များမှ နှစ်စဉ် ဘွဲ့ရ ကျောင်းဆင်း လာကာ၊ လုပ်ငန်းခွင်များအတွင်းသို့ အရည် အချင်း မပြည့်မီသော အရာရှိများ၊ အရာခံ များ၊ အရာထမ်းများ၊ ကော်လာဖြူ ၀န်ထမ်း များအဖြစ် နှစ်စဉ် ၀င်ရောက် လာခဲ့ကြပြီး ၊ နိုင်ငံ၏ အလုပ်အင်အားစုများ နှင့် လုပ်ငန်း ခွင်များကို ဆိုးရွားစွာ ပျက်စီးယိုယွင်းစေ ခဲ့ကြ သည်။

■ အခြားသော ပြဿနာများ

နည်းပညာအသစ်များကို မုန်းတီးဆန့် ကျင်ခြင်း၊ ကျွမ်းကျင်မှု နယ်ပယ် အသစ်များကို မုန်းတီးဆန့်ကျင်ခြင်း ၊ နိုင်ငံခြားပြန်ဝါရင့် လုပ်သက်ရင့် ကျွမ်းကျင်သူအစစ်များနှင့် ပညာရှင် အစစ်များကို မုန်းတီးဆန့်ကျင်ခြင်း၊ ဥာဏ်ရည်မြင့်မားသူများကို မုန်းတီးဆန့် ကျင် ခြင်း ၊ အသေးစား စီးပွားရေး လုပ်ငန်းငယ်များ ကို အကြီးစား နှင့် အလတ်စား စီးပွားရေး လုပ် ငန်းများက မမျှတသော ဖိနှိပ်မှုများ ပြုလုပ် ခြင်း ၊ မြင့်မားလွန်းသော ငွေတိုးနှုန်းများ ၊ လုပ် ငန်းအသစ်များကို ၀ိုင်းဝန်း ဦးချိုးဖျက်ဆီးခြင်း၊ စွန့်ဦးတီထွင်သမားများနှင့် လမ်းသစ်ဖောက် သူများကို မုန်းတီးဆန့်ကျင်ခြင်း ၊ နိုင်ငံတကာ တွင် အခမဲ့ဟောပြော မှုများ ၊ အခမဲ့ အင်တာ နက် ၀က်ဘ်ဆိုက်များနှင့် အခမဲ့ ပြည်သူပိုင် စာကြည့်တိုက်များမှ တစ်ဆင့် ထိရောက်စွာ အခမဲ့ ဖြန့်ချိပေးနေသော ကျွမ်းကျင်မှုများ၊ သုတအသိများနှင့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံအတွင်း အခကြေးငွေ အဆင့် အမျိုးမျိုးဖြင့် မစို့မပို့ သင်တန်းပေးကာ လုပ်စားနေကြခြင်း၊ နိုင်ငံ့လူဦးရေ၏ အများစု ဖြစ်သော ဗမာတိုင်းရင်းသားလူမျိုးများကို အကြောင်း အမျိုးမျိုးကြောင့် ရန်လိုမုန်းတီးရန် ငြှိုး အာဃာတ ထားနေသူများက မြန်မာနိုင်ငံ စီးပွားရေး၏ အသက်သွေးကြောသဖွယ် ဖြစ် နေသော၊ အချက်အချာကျသည့် စီးပွားရေး ကဏ္ဍများတွင် လုပ်ငန်းပုံစံ အမျိုးမျိုးကိုအမည် ခံပေးထားသော ပိုင်ရှင်အတုများဖြင့် အသွင် ယူ ထိန်းချုပ်ထားခြင်း၊ ကာလရှည် ဖြစ်ပွားနေ ခဲ့သောနိုင်ငံရေး ၊ စစ်ရေးနှင့် လုံခြုံရေး ပဋိပက္ခ များ ၊ ကာယသန်စွမ်းမှု၊ စည်းကမ်းလိုက်နာမှု၊ တိကျသေချာမှု၊ နိုးကြားဖျတ်လတ်မှု နှင့် ၀ီရိယ ရှိမှုကို တည်ဆောက်မြှင့်တင်ပေးသော ပညာ ရေးတစ်ခုကို တည်ဆောက်ရမည့် အစား ယင်း နှင့်ဆန့်ကျင်ဘက်များကိုသာ ရွေးချယ်ဖြစ် ပေါ်စေသော အဂတိလိုက်စားမှု ပေါင်းစုံဖြင့် ပျက်စီးယိုယွင်းနေသော ပညာ ရေးကို ကျင့်သုံး ခဲ့ခြင်း၊ အလုပ်သမား အခွင့် အရေးများနှင့် အလုပ်သမားတို့၏ ရသင့် ရထိုက်သော၊ မျှတ သော အခြေခံ ခံစားခွင့် များကို မလိုမုန်းထား ဖြစ်နေကြသော မန်နေဂျာများ၊ အုပ်ချုပ်မှု ၀န်ထမ်းများ၊ စာရင်းကိုင်များ၊ အရာရှိများ ၊ အေးဂျင့်များနှင့် ပိုင်ရှင်များက စီးပွားရေး လုပ် ငန်း အများစုကို စိတ်တိုင်းကျ တရားမဲ့စွာ ပြုကျင့် ခြယ်လှယ်နေကြခြင်းများသည် မြန်မာ နိုင်ငံအတွင်း အလုပ်အကိုင် လုံခြုံမှုအပါအ၀င် စီးပွားရေးလုံခြုံမှု၏ ပင်မနယ်ပယ် အသီး သီးကို ဆိုးရွားစွာ ထိခိုက် ပျက်စီး ယိုယွင်းနေ စေသော ကာလရှည် အကြောင်းတရားများနှင့် အခြေအနေများ ဖြစ်နေခဲ့ကြသည်။

 

Most Read

Most Recent