နစကအစိုးရလက်ထက် ရုရှား-မြန်မာ ဆက်ဆံရေး

နစကအစိုးရလက်ထက် ရုရှား-မြန်မာ ဆက်ဆံရေး
Published 11 September 2022

နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးနေစဉ်

■ လေ့လာရေးနှင့် ဆွေးနွေးမှုများ  

ခုနစ်ကြိမ်မြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် အတွက် နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင် ဦးဆောင်သော မြန် မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်မှ ရုရှားနိုင်ငံသို့ ထွက် ခွာခဲ့သည်။

နစကဥက္ကဋ္ဌ၏ ယင်းရုရှားခရီးစဉ်တွင် ကောင်စီဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တပ်မတော်အရာရှိများနှင့် စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။

ရုရှားနိုင်ငံတွင် ရောက်ရှိနေစဉ် နစက ဥက္ကဋ္ဌနှင့် အဖွဲ့သည် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်း၌  ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) အတွင်းရှိ  Medical School နှင့်  Medical Center များသို့ သွားရောက်လေ့လာကြသည်။

စက်တင်ဘာ ၅ ရက်တွင်ပင် နစက ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဗလာဒီဗော့စတော့ခ်မြို့ ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီ ဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း များသို့ သွားရောက်လေ့လာခဲ့ကြသည်။

အဆိုပါ Makarov Pacific Higher Naval School ရေတပ်လေ့ ကျင့်ရေးကျောင်း သည် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသည်။

ရုရှားနိုင်ငံ၏ Pacific Fleet အတွက် အရာရှိ များကို ပြန်တမ်းဝင် အဖြစ် ခန့်အပ်ပေး လျက်ရှိပြီး ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၈ ရက် တွင် ရုရှား နိုင်ငံ၏ တတိယမြောက် ရေတပ် လေ့ကျင့်ရေးကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နစကဥက္ကနှင့် အဖွဲ့သည် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters သို့ ရောက်ရှိလေ့လာ ကြရာ Deputy Commander of Pacific Navy Fleet ဖြစ်သူ  Rear-Admiral Vladimir ASTAKHOV  နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ် သင်္ဘောများ ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများကို ဆောင် ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌက မေးမြန်းဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် နစကဥက္ကဋ္ဌနှင့် အဖွဲ့သည် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port OF Vladivostok သို့ ရောက်ရှိ လေ့လာခဲ့ကြသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် ဆိပ်ကမ်း၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်း လုပ်ငန်းပိုင်းဆိုင်ရာ၊ ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့် ပတ်သက်၍ တာဝန်ရှိသူများက  ရှင်းလင်း တင်ပြသည်။

နစကဥက္ကဋ္ဌက ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍမြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်စည် ပို့ဆောင်နိုင်မည့်အခြေအနေများနှင့် ပတ် သက်၍ မေးမြန်းဆွေးနွေးခဲ့သည်။

ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Managing Director ဖြစ်သူ Mr. Vladimir Korchanov နှင့် တာဝန်ရှိသူများက Container Terminal နှင့် Universal Terminal တို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကိုယ်ပိုင် သင်္ဘောကြီးများ၊ ကွန်တိန်နာများ၊ ရထားလမ်း များ၊ ကုန်းလမ်း ပို့ဆောင်ရေးယာဉ်များဖြင့် လုပ်ငန်းဆောင်ရွက်မှုကို လည်ပတ်လျက်ရှိ သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါ ဗလာဒီဗော့စတော့ခ် အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းကို  ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ်ဌာနချုပ်အဖြစ် စတင်တည် ဆောက်ခဲ့ ခြင်းဖြစ်သည်။

ပထမကမ္ဘာစစ်ကာလ အတွင်း ယင်း ဆိပ်ကမ်းမှတဆင့် စစ်ဘက် သယ်ယူပို့ဆောင် ရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ခဲ့ ပြီး၊ ဒုတိယကမ္ဘာစစ်ကာလတွင် နိုင်ငံခြားမှ ကုန်တင်သင်္ဘောအချို့  စတင် ဝင်ရောက်လာ ခဲ့သည်။

၁၉၅၀ ပြည့်နှစ်အလွန် နှစ်များတွင် နိုင်ငံတကာမှ သင်္ဘောများ ဝင်ရောက်လာခဲ့ ရာမှ ၁၉၉၀ ပြည့်နှစ်တွင် Vladivostock အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းဟူ၍ ဖြစ်လာခဲ့ ကာ ရုရှားနိုင်ငံနှင့် ရုရှားနိုင်ငံ အရှေ့ပိုင်းတို့ တွင် အကြီးဆုံးဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ် မြောက်ရေးကော်မတီ အထူး အတွင်းရေးမှူးဖြစ်သူ Mr. Anton Kobya-kov နှင့် တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံမှုတွင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်နည်းပညာ ပူး ပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရေးကဏ္ဍတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုကဏ္ဍအသစ်များ ဆက်လက်ဆောင် ရွက်မည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး တို့အတွက် တိုက်ရိုက် လေကြောင်းပြေးဆွဲရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံ ပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦး ဆောင်သည့် အဖွဲ့ဝင် များနှင့် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် နျူကလီးယား စွမ်း အင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ် ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများ ကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝ စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းစွာအသုံးပြုနိုင် ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်း စဉ်များ(Road Map)) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသန စမ်း သပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြု ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင် ငံ  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန် ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပို ရေးရှင်း Rosatom State Corporations တို့ အကြား ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သ ဘောတူညီမှု စာချွန် လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

■ ရုရှားသမ္မတနှင့် တွေ့ဆုံခြင်း

စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ရုရှားသမ္မတ  H.E. Vladi -mir Vladimirovich Putin နှင့် နစကဥက္ကဋ္ဌတို့ ဗလာဒီဗော့စတော့ FEFU Campus အတွင်း၌ တွေ့ဆုံခဲ့ကြ သည်။

အဆိုပါ တွေ့ဆုံမှုတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး ဆွေး နွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံရန် နစက ဥက္ကဋ္ဌက ဖိတ်ခေါ်ခဲ့သည်။

ထို့ပြင် အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက် လာစေရေး၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဘဏ်လုပ်ငန်း အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာ နိုင်ငံသည် ရုရှားနိုင်ငံ၏ ရေရှည်ယုံကြည် စိတ်ချရသော မိတ်ဆွေဖြစ်ကြောင်းလည်း ရုရှားသမ္မတက အဆိုပါတွေ့ဆုံမှုတွင် ထည့် သွင်း ပြောကြားခဲ့သည်။

ရုရှားသမ္မတအား ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်အဖြစ် နစက ဥက္ကဋ္ဌက ပြောကြား ခဲ့ပြီး ရုရှားသမ္မတအနေဖြင့် ကမ္ဘာ့အရေးကိစ္စ များကို သမာသမတ်ကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟုလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

■ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU) ၌ ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် အရှေ့ ဖျားစီးပွားရေးဖိုရမ် ((The 7th Eas -tern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ၌ စက် တင်ဘာ ၇ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဖိုရမ်သို့ နစကဥက္ကဋ္ဌ တက် ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း ၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာစျေးကွက်တွင် ဝယ်ယူတင်သွင်းမှု များ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု Financial Security သည်  စားနပ်ရိက္ခာ လုံခြုံရေး (Food Secu -rity) အပေါ် လွှမ်းမိုး လာနေသည်ဟု နစကဥက္ကဋ္ဌက ဖိုရမ်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

စားနပ်ရိက္ခာလုံခြုံရေး ((Food Secu -rity)) တွင် အဓိကကျသော  စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေသြဇာ များ အပါအဝင် အထောက်အကူပြုပစ္စည်း များ ရောင်းဝယ်ရာတွင် အချို့ နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ ပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက် ရှိနေသည်ဟုလည်း နစကဥက္ကဋ္ဌက ပြောကြား သည်။

ထို့ကြောင့်  နိုင်ငံငယ်များသည် နိုင်ငံကြီး များ၏ ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး နိုင်ငံ ရေး၊ စီးပွားရေးကိစ္စရပ်များတွင် နိုင်ငံကြီးများ အား လွန်ဆန်နိုင်ခြင်းမရှိသည်ကို တွေ့ရ သည်ဟု နစကဥက္ကဋ္ဌက ဆိုသည်။

ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုနိုင်ပြီး တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System) ကိုလည်း ဒေါ်လာအစားထိုး ဆောင် ရွက်နိုင်ပါက နိုင်ငံငယ်များအနေဖြင့် ငွေကြေး အနိုင်ကျင့်ခံရမှု အခက်အခဲကို ကျော်လွှား နိုင်မည်ဖြစ်ကာ အင်အားကြီး မိတ်ဆွေနို င်ငံ များက ယင်းကိစ္စအပေါ်  ၀ိုင်းဝန်းကူညီပေးရန် နစကဥက္ကဋ္ဌက မေတ္တာရပ်ခံခဲ့သည်။

ယင်းဖိုရမ်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုး မွေးမြူရေးအတွက် လိုအပ်သော လောင်စာ ဆီတင်သွင်းမှုနှင့် အခြားကဏ္ဍများတွင် ကူညီ ပေးရန် နစကဥက္ကဋ္ဌက တောင်းဆိုခဲ့ပြီး မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် လည်း ဖိတ်ခေါ်ခဲ့သည်။

■     ဆက်ဆံရေး နယ်ပယ်အသစ်

နစကဥက္ကဋ္ဌ၏ ယခုခရီးစဉ်သည် နိုင်ငံ တကာဆက်ဆံရေး နယ်ပယ်အသစ်တစ်ခုရှာ ဖွေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ရှာဖွေ ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော် အာဏာလွှဲပြောင်း ရယူပြီးနောက် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေမှာ ပြိုလဲခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံနှင့် အနောက် နိုင်ငံများ၏ ဆက်ဆံရေး  ပြိုလဲသွားခဲ့ပြီး အိမ် နီးချင်း နိုင်ငံတချို့သာ ကြားနေဝါဒ သို့မဟုတ် နစကအစိုးရနှင့် ဆက်ဆံရေး ပုံမှန်သာရှိခဲ့ သည်။ တပ်မတော်က နိုင်ငံတော်အာဏာ လွှဲပြောင်းရယူပြီးနောက် အနောက်နိုင်ငံများ က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်လာသည်။

ထို့ကြောင့် ယခင်က သံတမန်ဆက်ဆံ ရေးတွင် ထိပ်တန်း၌ မပါဝင် ခဲ့သည့် ရုရှားနိုင်ငံ အား နစကအစိုးရလက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေး ထိပ်တန်းတွင် ထားရှိရန် ကြိုးစား လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်၏ အာဏာလွှဲပြောင်း ရယူပြီးနောက် နိုင်ငံတကာဆက်ဆံရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင် အကျပ်အ တည်းများနှင့် ရင်ဆိုင်နေရသည်။

နစကအစိုးရ ဖော်ဆောင်လာသည့် ရုရှား-မြန်မာ ဆက်ဆံရေး  နယ်ပယ်အသစ်က မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ကဏ္ဍပေါင်းစုံ အကျပ်အတည်းအား မည်မျှအထိ ဖြေရှင်းပေးနိုင်မည်ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Most Read

Most Recent