ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ

ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
 မြို့နယ်တစ်ခုအတွင်း သက်သာသောနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေသည်ကို ပြည်သူများ တန်းစီဝယ်ယူနေကြစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)
မြို့နယ်တစ်ခုအတွင်း သက်သာသောနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေသည်ကို ပြည်သူများ တန်းစီဝယ်ယူနေကြစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)
Published 28 August 2022

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများ  

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့ပြီး ခြောက်လအကြာ၌ ယင်း၏အကျိုးဆက်များ က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် အကြီး အကျယ် ခြိမ်းခြောက်မှုဖြစ်လာခဲ့သည်။

ဓာတ်ငွေ့စျေးနှုန်းများ သိသိသာသာမြင့် တက်လာရုံသာမက အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် ရုရှားက ဥရောပသို့ ဓာတ်ငွေ့ပေးပို့ မှုများကို အလုံးစုံဖြတ်တောက်လိုက်ခြင်း သို့ မဟုတ် ဆောင်းရာသီကာလအတွက် လုံ လောက်စွာ သိုလှောင်ထားနိုင်မှုမရှိခြင်းတို့ ဖြစ်လာပါက ဓာတ်ငွေ့လုံးဝမရနိုင်တော့သည့် အခြေအနေသို့  ရောက်ရှိသွားနိုင်သည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများ၊   စီးပွားရေးလုပ်ငန်းများနှင့် မိသားစုအသီးသီးတို့သည်ကို ရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင် ရာ ကုန်သွယ်ရေး ဆိုးရွားစွာထိခိုက်မှုနှင့် ကြုံ တွေ့ခဲ့ရပြီး နှစ်နှစ်အကြာ၌ပင် စစ်ပွဲ၏ နောက် ဆက်တွဲ စီးပွားရေးအကျိုးဆက်များကို ခံစား လာရသည်။

ငွေကြေးဖောင်းပွမှုနှင့် လောင်စာဆီစျေး နှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းက အေးခဲ၍မှောင်မိုက်နေသော ဆောင်းရာသီ ကာလကို ကျော်လွှားဖြတ်သန်းရမည့် အလား အလာကို ထင်ဟပ်စေပြီး ဥရောပသည် စီးပွား ရေးတုံ့ဆိုင်းကျဆင်းမှု ဖြစ်လာလုနီးပါး အခြေ အနေတွင်ရှိနေသည်ဟု AP သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယူကရိန်းနှင့် ရုရှားတို့၏ မြေသြဇာနှင့် နှံစားသီးနှံတင်ပို့မှု ရပ်ဆိုင်းသွားခြင်းကြောင့် ပိုမိုဆိုးရွားလာသော စားသောက်ကုန်စျေးနှုန်း မြင့်တက်မှုနှင့် ရှားပါးပြတ်လပ်မှုသည် ဖွံ့ဖြိုး ဆဲကမ္ဘာတွင် ဆာလောင်မွတ်သိပ်မှုနှင့် ဆူပူအုံကြွမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေ ခဲ့သည်။ လက်ရှိတွင်မူ ယူကရိန်းနှင့် ရုရှားက အဆိုပါပို့ကုန်များတင်ပို့မှုကို ဖြည်းဖြည်းချင်း ပြန်လည်စတင်နေပြီဖြစ်သည်။

စစ်ပွဲကြောင့် အပြည်ပြည်ဆိုင်ရာ ငွေ ကြေးရန်ပုံငွေအဖွဲ့ (IMF) အနေဖြင့် တစ်နှစ် အတွင်း လေးကြိမ်မြောက်အဖြစ် ကမ္ဘာ့စီးပွား ရေးအလားအလာ မျှော်မှန်းချက်ကို လျှော့ချ ခန့်မှန်းခဲ့ရပြီး ယခုနှစ်တွင် စီးပွားရေးတိုး တက်မှု ၃ ဒသမ ၂ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းထားကာ ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ခန့် မှန်းသည့် ၄ ဒသမ ၉ ရာခိုင်နှုန်းထက် လျှော့ ချခဲ့သည်။ 

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တုံ့ဆိုင်းကျ ဆင်းမှုနဲ့ ကြုံခဲ့ရပြီး နှစ်နှစ်အကြာမှာပဲ ကမ္ဘာ ကြီးဟာ အဲဒီအခြေအနေနဲ့ မကြာခင်ထပ်မံ ကြုံတွေ့ရဖို့ အလွန်နီးစပ်လာနေပုံရတယ်” ဟု IMF ၏ ထိပ်တန်း ဘောဂဗေဒပညာရှင် ပီရဲ အိုလီဗီယာဂူရင်ချက်စ်က ဆိုသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်  (UNDP) ကမူ စားသောက်ကုန်နှင့် လောင်စာဆီ စျေးနှုန်းများ မြင့်တက်ခြင်းကြောင့် ယူကရိန်း စစ်ပွဲ၏ ပထမသုံးလတာကာလအတွင်း ကမ္ဘာ တစ်ဝန်းရှိ လူပေါင်း ၇၁ သန်းသည် ဆင်းရဲမွဲ တေသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည် ဟု ဆိုသည်။ ဘော်လ်ကန်ဒေသနှင့် အာဖရိက ဆာဟာရဒေသခွဲ နိုင်ငံများသည် ယင်းအကျိုး ဆက်ကို အဆိုးရွားဆုံးခံစားခဲ့ရသည်ဟု သိရသည်။ ယခုနှစ်အတွင်း နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လူပေါင်း ၁၈၁ သန်းအထိ အငတ်ဘေးသင့် နိုင်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ကလည်း ခန့်မှန်းထား သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စား သောက်ဆိုင်ဖွင့်ထားသည့် ၀ါရူနီဒီဂျိုင်ဟူ သော အမျိုးသမီးကလည်း သားငါး၊ အသီးအ ရွက်နှင့် ဆီစျေးနှုန်း မြင့်တက်လာခြင်းကြောင့် အခက်ကြုံနေရပြီး ၎င်းင်း၏ဆိုင်မှ စားဖွယ်များ ကို စျေးနှုန်းတိုးမြှင့်ခြင်း၊ ဆိုင်ဝန်ထမ်းလျှော့ ချခြင်းနှင့် ဆိုင်ဖွင့်ချိန် တိုးမြှင့်ခြင်းတို့ဖြင့် ကာ မိအောင် လုပ်ဆောင်နေရသည်ဟု ၎င်းင်းက ဆိုသည်။

“ကျွန်မဆိုင်က နေ့လယ်စာ ရောင်းချ တဲ့စျေးနှုန်းကို လက်ရှိနှုန်းထားအတိုင်း ဘယ် လောက်ကြာကြာ ထိန်းထားနိုင်မယ်မှန်း မသိတော့ပါဘူး။  COVID-19 ကပ်ဘေးကြောင့် လော့ဒေါင်းချခံရတဲ့ ကာလတွေကနေ လွန် မြောက်လာပြီးတော့ အခုအခြေအနေနဲ့ ရင်ဆိုင်နေရတာက တကယ့်ကို ခက်ခဲကြမ်းတမ်းပါတယ်။ ပိုဆိုးတာက ဒီအခြေအနေတွေ အဆုံးသတ်ဖို့ လမ်းမမြင်သေးတာပဲဖြစ်တယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းကို စစ်ပွဲဆင်နွှဲရန်  ရုရှားသမ္မတ ဗလာဒီမာပူတင် မညွှန်ကြားမီကပင် ကမ္ဘာ့စီး ပွားရေးသည် ဖိအားသက်ရောက်မှုနှင့် ရင် ဆိုင်ခဲ့ရသည်။ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းမှုဒဏ်မှ မျှော်လင့်ထားသည်ထက် ပိုမိုခိုင်မာ အားကောင်းစွာဖြင့် ပြန်ရုန်းထမှုသည် စက်ရုံများ၊ ဆိပ်ကမ်းများနှင့် မီးရထား ကုန်တင်ကုန်ချဝင်းများအပေါ် ဝန်ပိစေခဲ့ပြီး အချိန်ကြန့်ကြာမှု၊ လုပ်သားမလုံလောက်မှုနှင့် စရိတ်စက မြင့်တက်မှုများ ဖြစ်ပေါ်နေစဉ် ငွေ ကြေးဖောင်းပွမှုနှုန်းသည် တစ်ဟုန်ထိုးမြင့် တက်သွားခဲ့သည်။ ယင်းအခြေအနေကို တုံ့ ပြန်ရန်အတွက် ကမ္ဘာ့နိုင်ငံများ၏ ဗဟိုဘဏ် များသည် စီးပွားရေးတိုးတက်မှုကို မထိခိုက် စေဘဲ ကုန်စျေးနှုန်း ထိုးတက်နေမှုကို ထိန်းချုပ် ရန် အတိုးနှုန်းထားများကို တိုးမြှင့်ခဲ့သည်။

အာဏာပိုင်များ၏ ကိုဗစ်ကင်းစင်ရေးမူ ၀ါဒအရ လော့ဒေါင်းချမှုများ လုပ်ဆောင်ခြင်း ကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေး ကို အကြီးအကျယ်ချည့်နဲ့စေခဲ့သည်။ ထိုစဉ် အတောအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား သည် ကပ်ရောဂါဒဏ်နှင့် လုံးပန်းနေရဆဲဖြစ် ကာ ၎င်းင်းတို့၏ ပြည်သူများအတွက် စီးပွားရေး ကုစားမှုအစီအစဉ်များ လုပ်ဆောင်ခဲ့ရသည့် အတွက် ကြွေးမြီမြင့်တက်မှုနှင့်လည်း ကြုံတွေ့ နေရသည်။

ဗီယက်နမ်၏မြို့တော် ဟနွိုင်းရှိ  စျေးတစ်ခုတွင် စျေးဝယ်ထွက်နေသည့် ဘွေသူဟွမ် အမည်ရှိ အမျိုးသမီးကလည်း ၎င်းင်းအနေဖြင့် အသုံးစရိတ်ချွေတာခြင်းနှင့် အလုပ်ပိတ်ရက် များတွင် အပြင်ထွက်ပြီး ဆိုင်အစားအသောက် များ စားသောက်ခြင်းကို လျှော့ချနေရသည်ဟု ဆို သည်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး ဆာယာ ရူယာဆင်လင်ပိုကလည်း အဓိကစားသောက် ကုန်ဖြစ်သည့် အသင့်စားခေါက်ဆွဲစျေးနှုန်း သည် ဂျုံစျေးနှုန်း အဆမတန်မြင့် တက်လာမှု ကြောင့် သုံးဆအထိ မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။

အိမ်နီးချင်း မလေးရှားနိုင်ငံမှ အသီး အရွက် စိုက်ပျိုးသူတစ်ဦးဖြစ်သည့် ဂျင်မီတန် ဆိုသူကလည်း မြေသြဇာစျေးနှုန်းများ ၅၀ ရာ ခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ညည်း တွားလျက်ရှိသည်။

ယူကရိန်းစစ်မြေပြင်နှင့် အလွန်ကွာဝေး သည့် ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ ကာမရန် အရစ်ဖ်သည်လည်း ကုန်စျေးနှုန်းမြင့်တက် လာမှုကို မထိန်းနိုင်သည့်အတွက် ကုန်ကျ စရိတ်ကာမိစေရန် နောက်ထပ်အချိန်ပိုင်း အလုပ်တစ်ခု ထပ်လုပ်နေ ရသည်ဟု ဆိုသည်။

ပါကစ္စတန် နိုင်ငံသုံးငွေကြေးသည် ဒေါ် လာနှင့်လဲလှယ်ရာတွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး အစိုးရက ဓာတ်အားခများကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ထားရာ ပြည်သူအများ အပြားသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေ အောက်တွင် ရှင်သန်နေရသည်။

IMF က ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာကို အဆင့်လျှော့ချ

အမေရိကန်နှင့် တရုတ်တွင် စီးပွားရေး များ ဆိုးရွားစွာ နှေးကွေးနေမှုနှင့် ငွေကြေး ဖောင်းပွမှုများ မြင့်တက်နေမှုသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ယခု နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာ ခန့်မှန်းချက်ကို အဆင့်လျှော့ ချစေခဲ့ပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်ခြေ ရှိသည့် စိတ်ပျက်ဖွယ်ကောင်းသည့် ခန့်မှန်း ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

“စီးပွားရေးအလားအလာကတော့ ဧပြီ လကတည်းက သိသိသာသာ မှောင်မည်းလာခဲ့ ပါတယ်။ မကြာခင်မှာ ကမ္ဘာကြီးဟာ နောက် ဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျ ဆင်းမှု ဖြစ်ပွားအပြီး နှစ်နှစ်အကြာမှာပဲ နောက်ထပ် စီးပွားရေး ကျဆင်းမှုချောက်ကမ်း ပါးပေါ်မှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရပါလိမ့် မယ်”ဟု IMF ၏ အကြီးတန်းစီးပွားရေး ပညာရှင် ပီယာရီ အိုလီဗီယာ ဂေါ်ရင်ချာစ်က ပြောကြားခဲ့သည်။

“ကမ္ဘာ့စီးပွားရေးအင်အားကြီး  သုံးခုဖြစ် တဲ့ အမေရိကန်၊ တရုတ်နဲ့ ယူရိုငွေသုံးစွဲတဲ့ နေရာဒေသဟာ ကမ္ဘာလုံးဆိုင်ရာ အလား အလာအတွက် အရေးကြီးတဲ့ အကျိုးဆက်တွေ နဲ့အတူ တန့်နေပါတယ်”ဟု ၎င်းင်းက ပြောကြား ခဲ့သည်။

IMF ၏ နောက်ဆုံးအကြိမ် စီးပွားရေး အလားအလာတွင် ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင် ရာ ဂျီဒီပီခန့်မှန်းချက်ကို ၃ ဒသမ၂ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး ယင်းသည် ဧပြီလက ခန့်မှန်းချက် ထက် သုည ဒသမ ၄ ရာခိုင်နှုန်း နိမ့်ကျခဲ့ကာ ယခင်နှစ်က ခန့်မှန်းချက်ထက် ထက်ဝက်နိမ့် ကျခဲ့သည်။

ပြီးခဲ့သည့် နှစ်က  COVID-19 ကပ်ရောဂါမှ မဝံ့မရဲဖြင့် စီးပွားရေးနာလန်ထူမှု ပြုလုပ် ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု များမှာ စိတ်ပျက်ဖွယ်အခြေအနေနှင့် ကြုံတွေ့ ခဲ့ရကာ အန္တရာယ်များ စတင်ပေါ်ပေါက်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာနှင့် စွမ်း အင်စျေးနှုန်းများကို မြင့်တက်စေခဲ့ပြီး ဗဟို ဘဏ်များကို အတိုးနှုန်းများ သိသာစွာမြင့် တက်စေခဲ့သည့် ယူကရိန်းစစ်ပွဲအပါအဝင် ကပ်ရောဂါကြောင့် ယခင်ကတည်းက အား နည်းနေသည့် ကမ္ဘာ့စီးပွားရေးသည် ဂယက် အနည်းငယ်ရိုက်ခတ်ခံခဲ့ရသည်ဟု IMF က ပြောကြားခဲ့သည်။

တရုတ်တွင် ကပ်ရောဂါကြောင့် လော့ ဒေါင်းများ ဆက်လက်ချမှတ်နေမှုနှင့် အိမ်ခြံ မြေအကျပ်အတည်းသည် စီးပွားရေးလှုပ်ရှား မှုများကို ဟန့်တားရာရောက်ခဲ့ပြီး အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်းများ သိသာစွာတိုးမြှင့် မှုသည် အမေရိကန်၏ ဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာ နှေးကွေးစေခဲ့သည်ဟု ဆိုသည်။

ယင်းအန္တရာယ်များသည် စီးပွားရေး အလားအလာကို ခေါင်းမဖော်နိုင်သည့်အခြေ အနေအထိ တိုက်ခိုက်ခဲ့ပြီး ယင်းအခြေအနေ သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ပြီးခဲ့ သည့် ရာစုဝက်ကာလအတွင်း အဆိုးဝါးဆုံး အဆင့်အထိ နိမ့်ဆင်းစေနိုင်ကြောင်း IMF က ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးအခြေအနေ

၂၀၂၂ ခုနှစ် အစကတည်းကပင် မြန်မာ့ စီးပွားရေးသည် သိသိသာသာ ဆိုးရွားသော ပြည်တွင်းပြည်ပ အကျပ်အတည်းများနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်နေခဲ့ရသည်။

ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီနှင့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက်လာခြင်း က  ကုန်ပစ္စည်းအမျိုးအစားများစွာနှင့် ဝန် ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက် စေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ကုန် ထုတ်လုပ်ငန်းများအားလုံး၏ သွင်းကုန်အင် အားစု စျေးနှုန်းများ ထိုးတက်သွားစေခဲ့ပြီး ငွေကြေးဖောင်းပွမှုကြီးထွားလာကာ အမှန် အိမ်ထောင်စုဝင်ငွေ real household income ကို များစွာထိခိုက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမှန်အိမ်ထောင်စုဝင်ငွေ လျော့နည်း လာခြင်းက ပြည်တွင်းဝယ်လိုအားကို များစွာ ထိခိုက်စေသဖြင့် အခြားသောစီးပွားရေးလုပ် ငန်းကဏ္ဍများနှင့် ဝန်ဆောင်မှုများမှာ ဆက် လက်အားနည်းလျက်ပင် ရှိနေသေးသည်။

လက်လီနှင့်သယ်ယူပို့ဆောင်ရေးလုပ် ငန်းများတွင် သက်ဝင်လှုပ်ရှားမှုရှိလာသော် လည်း ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့် အိမ်ထောင်စုစစ်တမ်းအရ အမှန်ဝယ်ယူသုံးစွဲခြင်း real consumption  အထူးသဖြင့် စားသုံးကုန်မဟုတ်သော၊ မရှိ မဖြစ်မဟုတ်သော ကုန်ပစ္စည်းများ ဝယ်ယူ သုံးစွဲခြင်းမှာ ယခင်နှစ်ထက် ပိုမိုကျဆင်းလာ ခဲ့ကြောင်း သိရသည်။

အိမ်ထောင်စု စစ်တမ်းအရ    အိမ်ထောင် စု၊ လယ်ယာနှင့် စီးပွားရေးလုပ်ငန်းများ၌ အလုပ်လက်မဲ့ဖြစ်မှု၊ အလုပ်ချိန် လျော့နည်း သွားမှုနှင့် လုပ်ခလစာ လျော့နည်းလာမှု ကြောင့် အိမ်ထောင်စုဝင်ငွေ nominal household income လျော့နည်းစေခဲ့သည်။ အမှန်အိမ်ထောင်စုဝင်ငွေ real household income သည် ငွေကြေးဖောင်းပွမှုနှုန်း မြင့် တက်လာမှုကြောင့် ပိုမိုလျော့ကျလာခဲ့ရာ နောက်ဆုံးရရှိသည့် အချက်အလက်များအရ မတ်လတွင် အစားအစာနှင့်လောင်စာဆီစျေး နှုန်းများ ထိုးတက်သွားခဲ့သဖြင့် CPI ဖောင်းပွ နှုန်း မှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း yoy ရှိခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ် မေလ စီးပွားရေးလုပ် ငန်းများစစ်တမ်းအရ ပုဂ္ဂလိကစားသုံးနိုင်စွမ်း အားနည်းလာကြောင်း အတည်ပြုခဲ့ပြီး လက် လီနှင့် လက်ကားအရောင်းများသည် ယခင်နှစ် ကထက် လေးပုံတစ်ပုံကျော် ကျဆင်းသွားခဲ့ ကြောင်း သိရသည်။

မြင့်တက်လာသော ကုန်စျေးနှုန်းများက စီးပွားရေးလုပ်ငန်းများအားလုံးကို ထိခိုက်စေ ကာ အမြတ်အစွန်းရရှိမှု ကျဆင်းသွားစေခဲ့ သည်။

“ကုန်စျေးနှုန်းတွေ တက်တာ တက်တာ ဆိုတာများလေ။ အရင်က ကျွန်မတို့ ဆီတစ်ခါ ဝယ် ၅၀၀ ဖိုး ဝယ်လို့ရတယ်။ အခု ၁၀၀၀ ဖိုး မှပဲ ရောင်းတော့တယ်။ ကန်စွန်းရွက်ကြော် စားမယ်ဆိုရင် ကန်စွန်းရွက်တစ်စည်းကို ၃၀၀။ အဲဒီ ၃၀၀ ပေးမဝယ်ချင်ဘူးဆိုရင် ဟိုနားဒီနား ပြေးခူးလို့ရသေးတယ်။ ဒါပေမဲ့ ဆီက ၁၀၀၀ ရှိမှ ဝယ်လို့ရတာဆိုတော့  ကန် စွန်းရွက်ကြော်နဲ့ ထမင်းစားရဖို့ဆိုရင်တောင် ငွေ ၁၀၀၀ ရှိမှစားလို့ရတယ်”ဟု တောင်ဒဂုံ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ သည်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီစျေးနှုန်း မြင့်တက်လာခြင်းက ပြည်တွင်းလောင်စာဆီစျေးနှုန်းများနှင့် သယ် ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်စေခဲ့ သကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု များကြောင့် ဒီဇယ်မီးစက်များ သုံးစွဲရသည့် ကုန်ကျစရိတ်ကလည်း ထပ်လောင်းဖိစီးစေခဲ့ သည်။

စက်သုံးဆီစျေး ဆက်တိုက် မြင့်တက်လာ ပြီး ဒီဇယ်တစ်လီတာလျှင် သြဂုတ် ၂၄ ရက်က ကျပ် ၃၀၀၀ ကျော်သို့ ရောက်ရှိလာသည်။

သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်း အတွင်း ရောင်းချသည့်စက်သုံးဆီစျေးမှာ 92 တစ်လီတာလျှင် ကျပ် ၂၄၄၀၊  95 တစ်လီတာ လျှင် ၂၅၂၅ ကျပ်၊ ရိုးရိုးဒီဇယ်ကျပ် ၃၀၀၀၊ ပရီ မီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၃၀၈၀ အထိ မြင့်တက်ခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် 92တစ်လီတာ လျှင် ကျပ် ၂၄၉၀၊  95 တစ်လီတာလျှင် ကျပ် ၂၅၇၀၊ ရိုးရိုးဒီ ဇယ် ၃၀၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၁၃၅ ကျပ်အထိ  ရောက်ရှိခဲ့ ကာ သြဂုတ် ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သည့်စျေး ထက် ထပ်မံမြင့်တက်ခဲ့သည်။

သြဂုတ် ၂၆ရက်တွင် 92တစ်လီတာလျှင် ကျပ် ၂၄၉၅၊  95 တစ်လီတာလျှင် ကျပ် ၂၅၇၀၊  ရိုးရိုးဒီဇယ် ၃၂၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ် လီတာလျှင် ၃၃၀၅ ကျပ် အထိ  ရောက်ရှိခဲ့ကာ သြဂုတ် ၂၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့်စျေးထက် ထပ်မံမြင့်တက်ခဲ့သည်။

ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းရှင် ထားရှိမှုကို ဖယ်ရှားကာ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းသေကို သတ်မှတ်ခဲ့သည်။

နိုင်ငံခြားငွေလဲလှယ်မှုဖိအားကို ကိုင် တွယ်ဖြေရှင်းရန် နိုင်ငံခြားငွေလဲလှယ်ရာတွင် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ ယင်း နောက် အမေရိကန်ဒေါ်လာရှားပါးမှုဖြစ်စေ ခဲ့ပြီး တရားဝင်သတ်မှတ်နှုန်းနှင့် ပြင်ပစျေး ကွက်ပေါက်စျေးကွာဟမှု ကြီးထွားလာစေခဲ့ သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်သော်လည်း ပြင်ပစျေး ကွက်တွင် သြဂုတ် ၂၅ ရက်က တစ်ဒေါ်လာ လျှင် ကျပ် ၃၀၄၀ ဝန်းကျင်၊ သြဂုတ် ၂၆ ရက် တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၁၁၀ ဝန်းကျင် ရှိခဲ့ပြီး ဗဟိုဘဏ်သတ်မှတ်သည့်စျေးနှင့် ပြင်ပ ပေါက်စျေးကြား တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့် ကွာဟခဲ့သည်။

ရွှေစျေးကွက်တွင်လည်း သြဂုတ် ၂၅ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက  ပြည် တွင်းရွှေစျေးနှုန်း ကျပ် ၂၀၅၆၀၀၀ ဖြင့် စျေး ပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၈၀၀၀၀၀ ဝန်းကျင်ရှိနေသည်။ သြဂုတ် ၂၆ ရက်တွင်မူ ရွှေလုပ်ငန်းရှင်အသင်းက ပြည် တွင်းရွှေစျေး ကျပ် ၂၀၅၂၀၀၀ ဖြင့် စျေးပိတ်ခဲ့ သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၈၅၀၀၀၀ အထိ ရွှေစျေး စံချိန်တင်မြင့်တက်ခဲ့ သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ အကျပ် အတည်းပေါ်ပေါက်နေပြီး နိုင်ငံခြားငွေကြေး အရန်ငွေပမာဏ နည်းပါးနိုင်ဖွယ်ရှိသဖြင့် ပြင်ပအနေများ ပိုမိုဆိုးရွားလာနိုင်ခြင်းက ပြင်းထန်သော ထိခိုက်နိုင်ခြေအန္တရာယ်ဖြစ် သည်။ ယင်းက သွင်းကုန်ပမာဏနှင့် စျေးနှုန်း တို့ကို နာကျင်ခံခက်ပြုပြင်ပြောင်းလဲမှုများ အဆောတလျင်လုပ်ဆောင်ရန် လိုအပ်နိုင်ပြီး ဆင်းရဲနွမ်းပါးဆုံး ထိခိုက်လွယ်ပြည်သူများကို ပိုမိုထိခိုက်စေပါလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ထို့ပြင် မြန်မာ့စီးပွားရေးသည် ထိလွယ် ရှလွယ်အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှု များ နောက်ကြောင်းပြန်လှည့်နေသည့် အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်း လျက်ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

၂၀၂၂ ခုနှစ်တွင် သုံးရာခိုင်နှုန်းတိုးတက် လာမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါ မျှော်မှန်းချက်မှာ အားနည်းနေဆဲဖြစ်ပြီး ကြီး မားသော ထိခိုက်နိုင်ခြေ ဘေးအန္တရာယ်များ ရှိနေသေးကြောင်း၊ ကာလတိုမှ ကာလလတ် အထိ ပြည်တွင်းအစားအစာ၊ လောင်စာဆီနှင့် အခြားသော ပြည်ပသွင်းကုန် သွင်းအားစု စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေရှိ သောကြောင့် ကုန်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်မှု ကို အဟန့်အတားဖြစ်စေလိမ့်မည်ဖြစ် ကြောင်း၊ လက်ကျန်ငွေပေးချေမှုအခြေအနေ များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဆက် လက်ကြီးထွားနေပြီး ဒေါ်လာပြတ်တောက် မှုကြောင့် လောင်စာဆီအပါအင် များစွာသော သွင်းကုန်အမျိုးအစားများကို အကန့်အသတ် ဖြစ်စေကြောင်း သိရသည်။

အကျိုးဆက်အနေဖြင့် ကာလတိုတွင် COVID -19 မတိုင်ခင် စီးပွားရေးအခြေ အနေသို့ ပြန်လည်ရောက်ရှိရန် လတ်တလော အခြေအနေတွင် အလှမ်းဝေးနေဆဲဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော် ပြထားသည်။

Most Read

Most Recent