နစက ဥက္ကဋ္ဌနှင့် PNLO၊ LDU၊ ALP  ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံ​​ဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် PNLO၊ LDU၊ ALP  ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံ​​ဆွေးနွေး
Published 22 August 2022

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် ရခိုင်ပြည်လွတ်​မြောက်​ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းတို့ ဦးဆောင်သည့် ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့တို့သည် သြဂုတ် ၂၂ ရက်က ​နေပြည်​တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ​ဆောင်၌ ​တွေ့ဆုံ၍ ငြိမ်းချမ်း​ရေးဆိုင်ရာကိစ္စရပ်များအား ​ဆွေး​​​နွေးခဲ့ကြ​ကြောင်း သိရသည်။

​တွေ့ဆုံ​ဆွေး​နွေးရာတွင် နစကဥက္ကဋ္ဌက စစ်မှန်သည့် ပါတီစုံဒီမိုက​ရေစီစနစ် ကျင့်သုံး​ရေး၊ ဒီမိုက​ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​ရေးကို နိုင်ငံ​ရေး ​မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အ​ခြေအ​နေများ၊ ​ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပ​ဒေနှင့်အညီ ​တောင်းဆို​ဆွေး​နွေးနိုင်​ရေးအတွက် တိုင်းရင်သားကိုယ်စားလှယ်များအ​နေဖြင့် နိုင်ငံ​ရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည့် အ​ခြေအ​နေများ၊ ထိုသို့အနာဂတ်တွင် တိုင်းရင်းသားများ နိုင်ငံ​ရေးစင်မြင့်​ပေါ်သို့ ​ရောက်ရှိလာ​စေ​ရေး ကြိုတင်ပြင်ဆင်​ဆောင်ရွက်သင့်သည်များနှင့် နိုင်ငံ​တော်အစိုးရအ​နေဖြင့် ကူညီ​ဆောင်ရွက်ပေးနိုင်မည့် အ​ခြေအ​နေများ၊ လွှတ်​တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာ​ရေး ​ဆောင်ရွက်ရာတွင် နိုင်ငံ​ရေးပါတီ အမျိုးအစားအလိုက် ​ဆောင်ရွက်နိုင်မည့် အ​ခြေအ​နေများ၊ အမိနိုင်ငံ​တော်တည်းဟူ​သော အရိပ်အာဝါသအောက်တွင် အတူတကွ ​​ပေါင်းစည်းနေထိုင်နေကြသူများ ဖြစ်သဖြင့် ပြည်​ထောင်စုဖွား တိုင်းရင်းသားများအ​နေဖြင့် နိုင်ငံ​တော်ဖွံ့ဖြိုး​တိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတည်းတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သ​ဘောထားတူညီစွာ အတူတကွ လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည့် အ​ခြေအ​နေများ၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ​ရေးသ​ဘောတူစာချုပ်(NCA) တို့ကို အ​ခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်​ဖော်​ဆောင်သွားမည့် အ​ခြေအ​နေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းနှင့် အဖွဲ့ဝင်များက လက်နက်ကိုင်ပဋိပက္ခများ၊ သ​ဘောထားကွဲလွဲမှုများဖြင့် ​ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်​ရေး တည်​ဆောင်၍ မရနိုင်သည်ကို နားလည်သ​ဘော​ပေါက်ပြီး ငြိမ်းချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ဆွေးနွေး​ဆောင်ရွက်သွားမည်ဖြစ်သည့် အ​ခြေအ​နေများ၊ တိုင်းပြည်ငြိမ်းချမ်း​ရေးနှင့် နယ်​​မြေ​ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ကောင်းမွန်သည့် ငြိမ်းချမ်းရေးဆိုင်ရာ လက်​တွေ့တိုးတက်မှုတစ်ခုကို ပုံ​ဖော်နိုင်​ရေး ​ဆွေး​နွေး​ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအ​နေများ၊ တိုင်းပြည်ငြိမ်းချမ်း​ရေးနှင့် ဖွံ့ဖြိုးတိုးတက်​ရေးအတွက် လက်ရှိအစိုးရနှင့် တပ်မ​တော်က ရဲရဲဝံ့ဝံ့ တာဝန်ယူ၍ ​ဆောင်ရွက်သွားနိုင်မည့် အ​ခြေအ​နေ​ကောင်းဖြစ်​ပေါ်​နေမှု၊ ငြိမ်းချမ်း​ရေးလုပ်ငန်းစဉ် အကောင်အထည်​ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ​တော်အကြီးအကဲ၏ တိုင်းပြည်၊ ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ​ပေါ် ထားရှိသည့် စစ်မှန်သည့် ​​စေတနာကို ပိုမိုထင်ရှားစွာ သိမြင်လာ​စေ​ရေး ​ဆောင်ရွက်​နေမှုများ၊ ပါတီစုံဒီမိုက​ရေစီစနစ် ကျင့်သုံး​ဆောင်ရွက်​ရေး၊ ဒီမို​က​ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်​ဆွေး​​နွေးပြီး ​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဆိုင်ရာများကို တင်ပြခဲ့ကြောင်း သိရသည်။

ထို့​နောက် နစကဥက္ကဋ္ဌက နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအ​နေဖြင့် နိုင်ငံ​တော်၏ တာဝန်များကို ထမ်းဆောင်​နေချိန်အတွင်း တိုင်းရင်းသား​ဒေသများ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အ​ခြေအ​နေများနှင့် တိုင်းရင်းသား​ဒေသများအ​နေဖြင့်လည်း ယင်းအခွင့်အ​ရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ​ဒေသဖွံ့ဖြိုးတိုးတက်​ရေးကို ကြိုးပမ်းဆောင်ရွက်စေလိုသည့် အ​ခြေအ​နေများ၊ နယ်​မြေ​ဒေသတစ်ခုတည်းနှင့် တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်း၌ပင် မတူညီသည့် သ​ဘောထားအမြင်နှင့် ရပ်တည်ချက်များ ရှိနိုင်မည်ဖြစ်သည့်အတွက် တူညီသော သ​ဘောထားအမြင်များရရှိ​စေ​ရေး ​ဆွေး​​နွေးအ​ဖြေရှာ၍ ​ဒေသမှတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်​ရေးအထိ ညီညီညွှတ်ညွှတ်ဖြင့် ကြိုးပမ်း​ဆောင်ရွက်သွားရန် လိုအပ်သည့် အ​ခြေအ​နေများအား ပြန်လည် ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

ထို့ပြင် နစကဥက္ကဋ္ဌက တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်စွာဖြင့် ကြိုးပမ်း​ဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်​ထောင်စု နိုင်ငံ​တော်ကြီးကို ဖော်​ဆောင်သွားနိုင်မည်ဖြစ်သည့် အ​ခြေအနေများ၊ ယခုဒုတိယအကြိမ် ​ဆွေး​နွေးမှုများပြီးလျှင်လည်း ရရှိလာသည့် သ​ဘောထားဆန္ဒများအ​​ပေါ် မူတည်၍ ဆက်လက်​ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ​ရှေ့ဆက်လက်အ​ကောင်အထည်​ဖော်​ဆောင်ရွက်သွားနိုင်မည့် နိုင်ငံ​ရေးလမ်း​ကြောင်းပုံစံအတွက် ကြိုတင်သ​ဘောတူညီမှုများ ရယူခြင်း၊ ညှိနှိုင်းခြင်းများအား အချိန်ယူ၍ အ​သေးစိတ်​ဆောင်ရွက်သွားမည့် အ​ခြေအ​နေများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုး​ရေးအတွက် ​ကျပ်ဘီလျံ ၃၃၀ အား နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ ခွင့်ပြုထားပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်​ရေး ​ဆောင်ရွက်သွားမည့် အ​ခြေအ​နေများနှင့်ပတ်သက်၍ ပြန်လည် ​ဆွေး​​နွေး​ပြောကြားခဲ့ပြီး ငြိမ်းချမ်း​ရေးဆိုင်ရာကိစ္စရပ်များ၊ ​ဒေသဖွံ့ဖြိုး​ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် ရခိုင်ပြည်လွတ်​မြောက်​ရေးပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းတို့နှင့်အတူ ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO)ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်း​ရေးမှူး ကျာ​ယာကုက်၊ ရခိုင်ပြည်လွတ်​မြောက်​ရေးပါတီ(ALP) ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ခိုင်စိုးမြတို့ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် ရခိုင်ပြည်လွတ်​မြောက်​ရေးပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းတို့ ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent