MoU လုပ်သား​စေလွှတ်မှု၊ အလုပ်အကိုင်အခွင့်အ​လမ်းနှင့် ​ဘေးထွက်ဆိုးကျိုး

MoU လုပ်သား​စေလွှတ်မှု၊ အလုပ်အကိုင်အခွင့်အ​လမ်းနှင့် ​ဘေးထွက်ဆိုးကျိုး
မြဝတီမြို့၌​သောင်တင်​နေ​သော လုပ်သားများအား ချမ်း​မြေ​့မေတ္တာဆရာ​တော်က အစားလည်း​ကျွေး၊ တရားလည်း​ပေး​နေစဉ်
မြဝတီမြို့၌​သောင်တင်​နေ​သော လုပ်သားများအား ချမ်း​မြေ​့မေတ္တာဆရာ​တော်က အစားလည်း​ကျွေး၊ တရားလည်း​ပေး​နေစဉ်
Published 7 August 2022
ကိုရွှေသိန်း(မြဝတီ)

ပြည်တွင်းမငြိမ်သက်မှု၊ စစ်ဘေးရှောင်များပြားလာခြင်းနဲ့အတူ အလုပ်အကိုင်ရှား ပါးမှုမြင့်တက်နေချိန် ကိုဗစ်လှိုင်းဂယက်တွေကြောင့် နှစ်နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ MOU လုပ်သားစေလွှတ်ခြင်းကို ၂၀၂၂ ခုနှစ် မေ ၁၀ ရက်မှာ စတင်ခွင့်ပြုလိုက်ခြင်းက လူငယ်တွေရဲ့အလုပ်အကိုင်အခွင့်အလမ်းကို ပွင့် လန်းစေခဲ့ပါတယ်။

မိုးပျံပူဖောင်းစီးပြီးမြင့်တက်သွားတဲ့ အထွေထွေကုန်စျေးနှုန်းကို သမင်လည်ပြန်မော့ကြည့်ရင်း မိသားစုဝမ်းရေးအတွက် ရတက်မအေးဖြစ်နေရပေမဲ့ ရှိစုမဲ့စုလေးတွေ ထုခွဲရောင်းချပေါင်နှံပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ သို့ ထွက်ခွာ အလုပ်လုပ်ကိုင်ဖို့ စိုင်းပြင်းလာ ကြပါတယ်။

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ် ခြင်းကို နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU စနစ်နဲ့  ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီတွေက  လုပ်သား​​စေလွှတ်ရေးမှာ အစောပိုင်းကာလက လုပ်ထုံးလုပ်နည်းတွေကြောင့်နှောင့်နှေးခဲ့ကြပေမဲ့ ယခုအခါမှာတော့ (ပိတ်ရက်မပါ) တစ်ရက်ကို လုပ်သား ၇၀၀ ဦးခန့် ပို့ဆောင်နေပြီလို့ဆိုပါတယ်။

လူငယ် လူရွယ်တွေ ပြည်ပသို့ ထွက်ခွာ သွားရောက် လုပ်ကိုင်သူများပြားလာလို့ လူ့စွမ်းအားအရင်အမြစ် ဆုံးရှုံးလာပါတယ်။ နိုင်ငံ့ဝမ်းစာ လယ်ယာလုပ်ငန်းခွင်မှာ စိုက်ပျိုးရေး လုပ်သားရှားပါးမှုတွေကြုံတွေ့နေရပေမဲ့ လတ်တလောမှာ လုပ်ခလစာ ပိုမိုရရှိတဲ့ အိမ်နီးချင်းနိုင်ငံသို့ အလုပ်သွားလုပ်မယ့် လူငယ် လူရွယ်တွေဟာ မြဝတီမြို့မှာ ထုနဲ့ထည်နဲ့ ရောက်ရှိလို့နေပါတယ်။

ဒီအထဲမှာမှ စစ်ဘေးရှောင်တွေ အလုပ် အကိုင်ရရှိရေးလို့ဆိုပြီး အပြောကြွယ်ကြွယ် နယ်ပွဲစားတွေရဲ့ နယ်တကာလှည့်လည် လှုံ့ ဆော်စည်းရုံး မှုတွေကြောင့် ထိုင်းနိုင်ငံသို့ တရားဝင် MOU လုပ်သားအဖြစ်သွားရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြဝတီမြို့မှာ သောင် တင်နေကြတဲ့ လုပ်သား ၈၀၀ ခန့်မှာ MOU လုပ်ငန်းစဉ်ကို ခုတုံးလုပ်တဲ့ ဘေးထွက် ဆိုး ကျိုးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ 

မည်သည့်ကုမ္ပဏီ၊ မည်သည့်တရားဝင်အေဂျင်စီကမှ မဟုတ်တဲ့ ပရဟိတအဖွဲ့တစ်ခု က ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် လိုတဲ့  မြန်မာလုပ်သား ၈၀၀ ခန့်ကို မြဝတီ မြို့ နေရာအနှံ့မှာ စုဆောင်းထားတဲ့ တရား မဝင် လူကယ်ရီအဖွဲ့ကို  ဖမ်ဆီးရမိတယ်ဆိုတဲ့ သတင်းက တစ်မုဟုတ်ချင်းထွက်ပေါ်လာပါ တယ်။

မြဝတီ အခြေစိုက် ရွှေ့ပြောင်းလုပ်သားလေ့လာရေးအဖွဲ့ (MMGT) ဥက္ကဋ္ဌ ဦးအောင်မြတ်နဲ့ သက်ဆိုင်ရာတို့ ပူးပေါင်း​​ဖော်ထုတ် ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ထိုင်းနိုင်ငံသို့ ပို့ဆောင်ဖို့အတွက် မြဝတီ မြို့ နေရာအနှံ့မှာ စုဆောင်းထားစဉ် ရွှေ့ ပြောင်းလုပ်သားလေ့လာစောင့်ကြည့်ရေး အဖွဲ့က တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ဖမ်းဆီးဟန့်တားနိုင်ခဲ့လို့ မြဝတီ မြို့မ ရဲစခန်း က ဒေါ်ယုယုခိုင် အပါအဝင် ငါးဦးကို (ပ) ၁၃၈၊ ပြည်ပအလုပ်အကိုင် ၂၆ နဲ့ အရေးယူ စစ်ဆေးလျက်ရှိသလို ကယ်ရီခရယူထားတဲ့ငွေကြေးတွေကို ပြန်လည်ပေးသွားမယ်လို့ ကတိကဝတ်ပြုခဲ့ပေမဲ့ ယခုအခါမှာတော့ ငွေအားလုံးကို ပြန်မပေးနိုင်ဘူးလို့လည်း သိရ ပါတယ်။

ရွှေ့ပြောင်းလုပ်သားလေ့လာစောင့် ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်က MOU လုပ်ငန်းစဉ်ကို ခုတုံးလုပ် လူစုဆောင် တားတယ်လို့ ထင်ရပေမဲ့ သူတို့က လုပ်မှား ကိုင်မှား ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ ဝန်ဆောင်ခယူထားတာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့  ပြန်ပေးဖို့ ကတိကဝတ်ပြုပါတယ်။ ခုတော့ ငွေသိန်းတစ်ထောင်ခန့်သာ ပြန် လည်စုစည်းနိုင်ခဲ့ပြီး ကျန်သိန်းလေးထောင်ခန့်​​လောက်ကိုတော့ ပြန်လည်ပေးနိုင်ခြင်း မရှိတော့ဘူးလို့ဆိုပါတယ်။ ဒေါ်ယုယုခိုင်ပါ အကျိုးဆောင် (ပွဲစား) လေးဦး၊ အဖော်တစ်ဦး တို့ကို  ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆ နဲ့ မြဝတီ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကလေးတွေရဲ့ငွေ​​ကြေးအချို့ကိုတော့ စာရင်းစစ်ဆေးပြီးရင်ပြန်ပေးဖို့ ပြင်ဆင်ဆောင်ရွက်နေ ပါတယ်” လို့ဆိုပါတယ်။

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သွား လုပ်ရမယ်ဟုဆိုကာ တစ်ဦးလျှင်ကျပ်ငွေ ၁၀ သိန်းကျော်ရယူပြီး  မြဝတီမြို့ ရှိ ကျောက်လုံးကြီးအလုပ်သမား စခန်းပတ်ဝန်းကျင်မှာ ရှိတဲ့ တိုက်အိမ်နှစ်လုံး၊ အမှတ် (၁) ရပ်ကွက် ဓမ္မာရုံပတ်ဝန်းကျန်ရှိနေအိမ်သုံးအိမ်နှင့် ဘုရင့်​​နောင်(အာရှလမ်း)လမ်းမကြီးရှိ မိုတယ် တစ်ခုနဲ့ ချမ်းမြေ့မေတ္တာ ဘုန်းတော်ကြီးကျောင်းတို့မှာစုဆောင်းထားတဲ့ လုပ်သား ၈၀၀ ခန့်ရဲ့ နေထိုင်စားသောက်ရေးက အပူပေါ် သောကဆင့်စေပါတယ်။

မိသားစုအနာဂတ် ဝမ်းဝရုံနဲ့မလုံလောက်ဘဲ ခါးလှစေဖို့အတွက် နေအိမ်ခြံ ၀ိုင်းကို အတိုးနဲ့ပေါင်နှံပြီး ထိုင်းကိုအလုပ် သွားလုပ်ဖို့ မြဝတီကိုရောက်ရှိလာသူ အုတ် တွင်းမြို့နယ်သားတစ်ဦးက ]ဗီဇာနဲ့ တရားဝင် သွားရမယ်ဆိုပြီး လာတာပါ။ တရားဝင် MOU နဲ့ သွားရမယ်ပေါ့။ ဘယ်ကုမ္ပဏီလို့တော့

ပြောဘူး။ စတီးလ်စက်ရုံကို့ပို့ပေးမယ်လို့ ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး လုပ် သား ၅၀၀၀ ခေါ်ယူမယ်လို့ဆိုပါတယ်။ ရွာက ခြံကိုပေါင်နှံပြီးတော့လာရတာပါ။ ရောက်လာ တာ ဇူလိုင် ၈ ရက်နေ့ကတည်းက။ ရောက်စ တုန်းကအိမ်ငှားနေတယ်။ ခုထိုင်းကိုသွားရတော့မယ်ဆိုလို့ ဒီအိမ်ကိုပြောင်းလာတာ။ ခုတော့တရားမဝင်လမ်းကသွားရမယ်လို့ ကြားရုံရှိသေး။ ကျွန်တော်တို့ကို ခေါ်လာတဲ့ ပွဲစားတွေအဖမ်းခံရတယ်လို့ဆိုတယ်။​​ ပေးထားတဲ့ပိုက်ဆံပြန်ရမလားဆ်ိုတော့ မသေချာတော့ဘူး။ နေထိုင်စားသောက်ရေးတွေ လည်းခက်ခဲလာပါတယ်” လို့ဆိုပါတယ်။

ရွှေ့ပြောင်းလုပ်သားစောင့်ကြည့်လေ့ လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်က “အဓိက အလုပ်သမားတွေလုံခြုံစွာရွှေ့ပြောင်းသွား လာခြင်း ခေါင်းစဉ်အောက်ကပဲ သွားစေချင်ပါ တယ်။ တရားဝင်နိုင်ငံကူးလက်မှတ်ရှိရုံနဲ့ မလုံ လောက်ပါဘူး။ တရားဝင်အေဂျင်စီနဲ့  တရား ဝင်စာချုပ်ချုပ်ပြီးတော့ နှစ်နိုင်ငံသဘော တူညီချက်နဲ့စေလွှတ်ခွင့်တွေနဲ့သွားမှသာ တရားဝင် ဖြစ်မှာပါ။ ခု သူတို့တွေက တရား ဝင်သွားရမယ်လို့ထင်တာပေါ့နော်။ တရား မဝင်သွားရမှန်းတောင်သိမှာမဟုတ်ဘူး။ အဲဒီလိုအခြေအနေမှာ အချိန်မီ တားဆီးနိုင် လိုက်တာဖြစ်ပါတယ်။ စာရင်းအရဆိုရင် လူ ၈၀၀ လောက်ရှိနေမှာပါ။ ခုဆိုရင် သူတို့ရဲ့ နေရပ်တွေကိုလည်းပြန်သွားသူတွေရှိတယ်။

သူတို့တစ်ဖွဲ့တည်းက ပဲလုပ်တာလား။ နောက် ထပ်အဖွဲ့တွေရှိဦးမလား ဆိုတာစုံစမ်းရင်းအဖြေထွက်လာမှာပါ” လို့ ဆိုပါတယ်။

MOU လုပ်သားအဖြစ်စေလွှတ်မယ်လို့  နယ်တကာကခေါ်ယူလာတဲ့ လုပ်သားတစ်ရာ ခန့်ဟာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ အနေ အစား အခက်အခဲတွေ​​ကြောင့် ဖားချောင်ကျေးရွာအပိုင်မှာရှိတဲ့ ချမ်းမြေ့မေတ္တာဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေကြရတယ် လို့ဆိုပါတယ်။

ထိုင်းနိုင်ငံကို တာဝန်ယူပို့ဆောင်မယ့် အကျိုးဆောင်ပွဲစားတွေဟာ တရားမဝင်လုပ် သားစုဆောင်ခြင်းကြောင့်ဖမ်းဆီးခံရတဲ့နောက် ချမ်းမြေ့မေတ္တာကျောင်းဆရာတော်က နိုင်သလောက် လှူဒါန်းကျွေးမွေးခြင်း (အစာ လည်း​​ကျွေး၊ တရားလည်းပေးအစီအစဉ်နဲ့ ကျွေးမွေးထားသလို ညပိုင်းအိပ်ရာမဝင်ခင် သတိ၊အသိရှိဖို့ တရားဓမ္မလည်း ဟောဆိုဆုံးမပေးတယ်လို့ဆိုပါတယ်။

ချမ်းမြေ့​​မေတ္တာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသက “ဘဝတစ်ခုကိုအောင်မြင်အောင်တည်ထောင်တဲ့နေရာမှာ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေဘဲနဲ့ မိမိရဲ့ဘဝတွေကို သတိထားပြီး ဉာဏ်နဲ့ ဆောက်တည်ရတယ်။ သတိမရှိဘူးဆိုရင် ဘဝဟာ မအောင်မြင်နိုင်ဘူး။ ဝီရိယမစိုက် ဘူးဆိုရင် ဘဝဟာ မအောင်မြင်နိုင်ဘူး။ သတိထား၊ ဝီရိယစိုက်၊ မိမိရဲ့ဘဝကို ဉာဏ်နဲ့ စောင့်ကြည့်ရတယ်။ သတိမထား၊ ဝီရိယ မစိုက်၊ Óဏ်နဲ့ မစောင့်ကြည့်ဘူးဆိုရင် ဘဝ ဟာ မအောင်မြင်နိုင်ဘူး။ ဘဝဆိုတာ ဖြစ် ခြင်းလို့အဓိပ္ပာယ်ရတယ်။ ဖြစ်ခြင်းဆိုတာ ကြိုးစားခြင်းပဲ။ ဘဝမှာ လဲကျတိုင်းသာ ပြန်မထဘူးဆိုရင် ဘဝမှာလူဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဒီတော့ ဘယ်လောက် ပဲလဲကျ လဲကျ ပြန်ထဖို့ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ တရားတော်မှာလည်းပါတယ်။ လောကဓံ တရားတွေ နဲ့ကြုံတွေ့လာတဲ့အခါ စိတ်ကို မတုန်လှုပ်ဘဲနဲ့ထားရှိတာ မင်္ဂလာတစ်ပါး။ ဒီတော့ လောကဓံ လေလှိုင်းမုန်တိုင်းဆင်စေ၊ ချောင်းမြောင်းချောက်ကြား ကျသွားပါစေ။ မလှုပ်မယှက် အားနွဲ့မခွေ၊ ကျားတို့ဇွဲ အမြဲ ကျင့်ဆောင်​​နေ၊ အမျိုးသမီးတို့ဇွဲ အမြဲကျင့်ဆောင်​​နေဆိုပြီးတော့ ဘဝကိုအောင်မြင်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင် ပါတယ်”  လို့ ချမ်းမြေ့မေတ္တာဆရာတော်က မိန့်ကြားပါ တယ်။

မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေ ထိုင်း နိုင်ငံဘက်သို့ တရားဝင်ရွှေ့ပြောင်းလုပ်သား အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်ကစတင်ခဲ့တာ ယခု နှစ်လကျော် သုံးလနီးပါး အတွင်းမှာ MOU လုပ်သား နှစ်သောင်းနီးပါး စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။

“ပိတ်ရက်တွေကလွဲပြီးတော့ တစ်ရက် ကို MOU လုပ်သား ၇၀၀ ကျော်စေလွှတ်နိုင် တယ်ဆိုတာ ဘာပဲပြောပြော အရှိန်မြင့်လာ တယ်။ အခြားတစ်ဖက်ကို ကြည့်ရင်ထိုင်းနိုင်ငံ မှာ ပန်းရောင်ကတ်တွေထုတ်ပေးမယ်ဆိုတဲ့ အတွက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပိုများလာတယ်။ ဒါတွေအားလုံးက အစိုးရရယ်၊ CSO,CBO တွေရယ်၊ NGO, INGO တွေရယ်၊ နောက်ရွှေ့ပြောင်းလုပ်သားတွေရယ် လေးပွင့်ဆိုင်ဖြေရှင်းပါမှ၊ မူဝါဒကို လည်းကောင်းကောင်းချ၊ သွက်သွက်လက် လက်အကောင်အထည်ဖော်ဆောင်နိုင်ငံ တော့ ပိုမိုကောင်းလာမှာပါ” လို့ မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

MoU လုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ် အတွက် တရားဝင်ကျသင့်​​ငွေမှာ ကျပ်သုံး သိန်းဆိုပေမဲ့ မြေပြင်လက်တွေ့မှာ ထိုင်းကို ထွက်ရတဲ့အထိ ကျပ် သိန်း ၂၀ ဝန်းကျင်ကုန်ကျနေပါတယ်။ တရားဝင် လမ်းကြောင်းမဟုတ်တဲ့ အောက်လမ်းနည်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေ နေ့စဉ်ဖမ်းဆီးခံနေ

ရသလို MoU လုပ်ငန်းစဉ်ကို ဟန်ပြ၊ လူစုဆောင်းခံရပြီး မြဝတီမြို့မှာ သောင်တင်နေသူတွေဟာလည်း အနေဆင်းရဲ၊ အစားဆင်းရဲ အခက်ကြုံနေရတာကြောင့် MOU လုပ်ငန်းစဉ် အလုပ်အကိုင်အခွင့်အလမ်း ရှိနေပြီ ဆိုပေမဲ့ ၀ိသမလောဘသားတွေကြောင့် ဘေးထွက် ဆိုးကျိုးတွေ ရှိနေပြီ ဖြစ်ပါတယ်။

 

 

 

Most Read

Most Recent