နစက ဥက္ကဋ္ဌနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး အ​ထွေ​ထွေအတွင်း​ရေးမှူး ဦး​ဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ​တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ​ဆွေး​နွေး

နစက ဥက္ကဋ္ဌနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး အ​ထွေ​ထွေအတွင်း​ရေးမှူး ဦး​ဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ​တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ​ဆွေး​နွေး
Published 7 July 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ ဘုရင့်​နောင်ရိပ်သာဧည့်ခန်းမ​ဆောင်၌ ​တွေ့ဆုံ၍ ငြိမ်းချမ်း​ရေးဆိုင်ရာ ကိစ္စရပ်များကို ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

တွေ့ဆုံ​ရာတွင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုက​ရေစီစနစ် ကျင့်သုံး​​ဆောင်ရွက်​ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုက​ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုက​ရေစီစနစ်ကို ​ဖော်​ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်း အမြစ်များစွာ ​ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသား​ဒေသများပါမကျန် ပညာရည်မြှင့်တင်​ရေးကို လက်​တွေ့ကျကျ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်လျက်ရှိသည့် အ​ခြေအနေများ နှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီသတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့​နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် နှင့်အဖွဲ့ဝင်များက နစက ဥက္ကဋ္ဌ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်၏ တစ်နိုင်ငံလုံး ငြိမ်းချမ်း​ရေးရရှိရန်ရည်ရွယ် ၍ ယခုကဲ့သို့ ငြိမ်းချမ်း​ရေး ဖိတ်​ခေါ်​ဆွေး​​နွေးမှုအတွက် ​ကျေးဇူးတင်ရှိ​ကြောင်း၊ ဒီမိုက​ရေစီနှင့်ဖက်ဒရယ်စနစ်ကို အ​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​​ရေးနှင့်ပတ်သက်၍ သ​ဘောထားအမြင်များကို ပြန်လည်​ဆွေး​​နွေးပြီး ​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဆိုင်ရာများကို တင်ပြခဲ့​ကြောင်း သိရသည်။

ထို့အတူ ငြိမ်းချမ်း​ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာ​ရေး၊ ကျန်းမာ​ရေးနှင့် ​ဒေသဖွံ့ဖြိုး​ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ​ဆွေး​နွေးခဲ့ကြ​ကြောင်းလည်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်နှင့်အတူ တွဲဖက်အတွင်း​ရေးမှူး(၂) ကျာယာကုပ်နှင့် ဗဟိုအလုပ်အမှု​​ဆောင်​ကော်မတီဝင် ကျားဖူးတို့ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထား သည့်ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent