မျောက်ကျောက်ရောဂါ အလားအလာ

မျောက်ကျောက်ရောဂါ အလားအလာ
Published 3 July 2022
ဒေါက်တာလွင်သန့်

 မျောက်ကျောက်ရောဂါဖြစ်ပွားမှုဟာ တကယ်စိုးရိမ်ဖွယ်ကောင်းတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်ပေမဲ့ လတ်တလောမှာကမ္ဘာလုံးဆိုင်ရာအရေးပေါ်ကျန်းမာရေးအခြေအနေမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲတက်ဒရီအာဒါနွန်ဂေဘီရီယေဆုက ဇွန် ၂၅ ရက်ကပြောကြားခဲ့ပါတယ်။ မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့သတိပေးနှိုးဆောာ်မှုဆိုင်ရာသတ်မှတ်ချက်တစ်ခုကိုထုတ်ပြန်ဖို့အတွက်အကြံပေးဖို ့ဂေဘရီယေဆုက ဇွန် ၂၃ ရက်မှာ ကျွမ်းကျင်ပညာရှင်များပါဝင်တဲ့ကော်မတီကိုအစည်းဝေးခေါ်ယူခဲ့ပါတယ်။

 "လက်ရှိအခြေအနေအထိမျောက်ကျောက်ရောဂါကို(WHO)ရဲ့အမြင့်ဆုံးအဆင့်သတိပေးနှိုးဆော်ချက်ဖြစ်တဲ့အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေနေတစ်ခုမဟုတ်သေးဘူးလို့အကြံပြုထားပါတယ်။မျောက်ကျောက်ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုကိုတော့မြှင့်တင်ရမယ်ဆိုတာအသိအမှတ်ပြုခဲ့ပါတယ်" လို့ ကက်ဒရိုကေ ပြာကြားခဲ့တယ်။        

မျောက်ကျောက်ကူးစက်မှုဟာ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတဲ့အချက်မှာ ရှင်းလင်းနေပြီးနောက်ထပ်ပျံ့နှံ့မှုများရပ်တန့်ဖို့ထိတွေ့၊ ခြေရာခံ၊ သီးခြားခွဲပြုစုစောင့်ရှောက်မှု၊ကာကွယ်ဆေးထိုးမှုနဲ့ကုသမှုတွေကိုချက်ချင်းလုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ရောဂါကူးစက်မှုအများစုမှာအများအားဖြင့် လိင်တူဆက်ဆံခဲ့သူများဖြစ်ကာအသက်အရွယ်ငယ်ရွယ်သူများဖြစ်တယ်လို့(WHO)အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။        

မျောက်ကျောက်ရဲ့လက္ခဏာတွေက အဖျားကြီးခြင်း၊ပြန်ရည်ကျိတ်ရောင်ခြင်း၊ရေကျောက်လိုအဖုအပိမ့်ထွက်ခြင်းစတဲ့ရောဂါလက္ခဏာများခံစားရကာမျောက်ကျောက်ရောဂါဟာ မကြာသေးမီကာလမတိုင်မီအထိ အနောက်နဲ့ဗဟိုအာဖရိကနိုင်ငံတို့မှာဖြစ်ပွားလေ့ရှိပါတယ်။ မျောက်ကျောက်ကိုမက္ကာကွေမျောက်တွေမှာပထမဆုံးတွေ့ရှိခဲ့ပေမဲ့ ကူးစက်မှုဖြစ်စဉ်အများစုဟာ ရှဥ့်၊ ကြွက်စတဲ့ကိုက်ဖြတ်တတ်တဲ့တိရစ္ဆာန်များမှ ကူးစက်လာတယ်ယူဆထားကြပါတယ်။ ယခုနှစ်မှာအာဖရိက ၁၁ နိုင်ငံအပါအဝင်နိုင်ငံပေါင်း ၂၀ ကျော်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားတဲ့အတည်ပြုလူနာ ၃၂၀၀ ကျော်ရှိပြီး သေဆုံးသူ တစ်ဦးရှိကာ သေဆုံးနှုန်(၁ ဒသမ ၅ - ၃ ဒသမ ၆) အတွင်းရှိပါတယ်။ မေလကစလို့ အ‌နောက်နဲ့ဗဟိုအာဖရိကနိုင်ငံများအပြင်ဘက်မှာရောဂါကူးစက်မှုမြင့်လာပါတယ်။     

မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့်လူကိုကူးစက်နိုင်တဲ့ဗိုင်းရပ်(Orthopox virus)ဖြစ်ကာ ကျောက်ကြီး(small pox)အနွယ်ဝင်ရောဂါတစ်မျိုးဖြစ်ပါတယ်။တောရိုင်းတိရစ္ဆာန်ရဲ့ဆီး၊ သွေး၊ တံတွေးစတဲ့ခန္ဓာကိုယ်ကထွက်ရှိတဲ့အရည်တွေ၊အညစ်အကြေးတွေ၊တိရစ္ဆာန်အရေပြားပေါ်မှာရှိတဲ့အနာကွက်တွေကိုတိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူအချင်းချင်းတိုက်ရိုက်ကူးစက်နိုင်ပြီး အသက်ရှုလမ်းကြောင်း၊လိင်ဆက်ဆံမှု၊မျောက်ကျောက်ကူးစက်သူမိခင်မှသန္ဓေသား၊ခန္ဓာကိုယ်မှထွက်လာတဲ့အရည်၊ အညစ်အကြေးတွေ၊ ပွန်းပဲ့ရှရာကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာ‌သေဆုံးနေတဲ့တောရိုင်းတိရစ္ဆာန်တွေချက်စားကြရာမှတစ်ဆင့်ကူးစက်ကြလို့စနစ်တကျကိုင်တွယ်ချက်ပြုတ်ကြဖို့လိုအပ်သလိုမြေမြှုပ်ပစ်သင့်ပါတယ်။

ဥရောပက ကမ္ဘာလုံးဆိုင်ရာမျောက်ကျောက်ရောဂါကူးစက်မှုရဲ့ဗဟိုချက်အဖြစ်တည်ရှိနေဆဲဖြစ်ပြီးဥရောပဒေသကူးစက်မှု ၂၀၀၀ ကျော်ရှိနေမှုနဲ့အတူဥရောပနိုင်ငံ ၂၅ နိုင်ငံမှရောဂါကူးစက်ခံရသူ ၁၅၉၉ ဦးကျော်ရှိကာ ကမ္ဘာ့မျောက်ကျောက်ကူးစက်မှုရဲ့ ၈၅ ရာခိုင်နှုန်း တူညီနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှူးဟန်းကလော့ရဲ့ဇွန် ၁၅ ရက်အဆိုအရ ဥရောပဒေသနိုင်ငံထဲမှာ ဗဟိုအာရှနိုင်ငံအချို့လည်းပါဝင်လာကာန ိုင်ငံပေါင်း၅၃ နိုင်ငံရှိလာပြီဆိုပါတယ်။

မျောက်ကျောက်ရောဂါမှာ အလယ်အာဖရိကကွန်ဂို (Central Africa) နဲ့ အနောက်အာဖရိက(West Africa) နှစ်မျိုးပါရှိပြီး အလယ်အာဖရိကမျိုးကပိုမိုပြင်းထန်ကာသေဆုံးနှုန်း (၁ ဒသမ ၅- ၃ ဒသမ ၆) ရှိပါတယ်။ ကာကွယ်ဆေးနဲ့ကုသဆေးရှိနေပြီလည်းဖြစ်ပါတယ်။

  ဒိန်းမတ်ကုမ္ပဏီ ဘာဘရင်နောဒစ်(Bavarian Nordic) က ထုတ်လုပ်တဲ့အင်ဗင်နက်(Imvanox)ကာကွယ်ဆေးကို ၂၀၁၃ ခုနှစ်မှာ ရေကျောက်ရောဂါအတွက်ဆေးဝါးစောင့်ကြည့်ရေးအင်ဂျင်စီ(EMA)ကခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါကုမ္ပဏီကခွင့်ပြုချက်လျှောက်ထားချိန်က အင်ဗန်နက်(Imvanox)ကိုမျောက်ကျောက်ကာကွယ်ဆေးအတွက်အသုံးပြုဖို့လျှောက်ထားတာမရှိခဲ့ပါဘူး။ မျောက်ကျောက်အတွက်ပါအသုံးပြုလို့ရတဲ့အချက်ကိုတင်ပြဖို့(EMA)အရေးပေါ်တာဝန်အဖွဲ့ကဆေးကုမ္ပဏီနဲ့ဆွေးနွေးနေကြောင်းသိရပါတယ်။ အင်ဗင်နက်ကာကွယ်ဆေးဟာမျောက်ကျောက်ရောဂါကာကွယ်ရာမှာ ထိရောက်မှုရှိတယ်ဆိုတာ တိရစ္ဆာန်များစမ်းသပ်ထားတဲ့အချက်လက်များက သက်သေခံနေတယ်လို့ဖြည့်စွက်ပြောကြားထားပါတယ်။ မျောက်ကျောက်ကာကွယ်ဆေးအဖြစ်အမြန်ဆုံးအသုံးပြုနိုင်ပါတယ်။

 မျောက်ကျောက်ကုသရာမှာ ကိုယ်ခံအားကောင်းမွန်သူတွေအတွက်သဘာဝအလျောက်ပျောက်ကင်းနိုင်ပါတယ်။ ရောဂါလက္ခဏာပေါ်မူတည်ကာ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း၊အနားယူစေခြင်းဆောင်ရွက်သင့်ပါတယ်။ဖြစ်ပွားတဲ့အဖုအပိမ့်၊အနာများမှတစ်ဆင့်အခြားရောဂါပိုးများထပ်မံဝင်ရောက်ခြင်းမရှိစေဖို့ဂရုပြုရပါမယ်။ကုသမှုလိုအပ်ချက်အရလူနာလွှဲပြောင်းပေးရင်ကြိုတင်အကြောင်းကြားပြီးမှပီပီအီး(PPE)ဝတ်စုံအပြည့်ဝတ်ဆင်ပို့ဆောင်စေရမှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တီကိုဗီလီမက်အက်စတီ တူးဖိုးစစ်(Ticovirimat Chemical Agent ST-246)ဗိုင်းရပ်ပိုးသတ်ဆေးကိုမျောက်ကျောက်ရောဂါကုသဆေးအဖြစ်အသုံးပြုဖို့ခွင့်ပြုထားပြီဖြစ်ကြောင်းသိရပါတယ်။ရောဂါပိုးတွေ့လူနာနဲ့ထိတွေ့သူများ၊အတူနေမိသားစုဝင်များရှာဖွေဖော်ထုတ်ခြင်း(Contact Tracing Identification)နဲ့လိုအပ်ပါကအသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း(Q-Quarintine)ကိုဆောင်ရွက်သွားရမှာပဲဖြစ်တယ်။နယ်စပ်ဝင်-ထွက်ဂိတ်၊လေကြောင်း၊ရေကြောင်းလမ်းမှသံသယလက္ခဏာရရှိထားသူများပါဝင်လာနိုင်လို့သီးခြားစောင့်ကြပ်ကြည့်ရှုခြင်း(Q-Quarintine)လိုပါတယ်။    

   မျောက်ကျောက်ရောဂါ ကနဦးလက္ခဏာတွေကဦး‌ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ကြွက်သားနာကျင်ခြင်း၊ရောင်ရမ်းခြင်း၊ဖျားနာခြင်း၊မောပန်းနွမ်းနယ်ခြင်း၊လည်ပင်းနဲ့ပြန်ရည်အကျိတ်များရောင်ရမ်းကြီးထွားခြင်း၊ မျက်နှာ၊ခြေ၊လက်စတဲ့တစ်ကိုယ်လုံးအနှံ့အပြားရဲ့အပေါ်ယံလွှာပေါ်မှာအရည်ကြည်ဖုများပေါက်လာပါတယ်။အဖုအကွက်တွေကိုယ်လုံးပေါ်ထွက်ရှိခြင်းထက်မျက်နှာ၊ခြေ၊လက်တို့ပေါ်မှာပိုပြီးထွက်လာနိုင်ပါတယ်။မျောက်ကျောက်ရောဂါကူးစက်သူရဲ့(၉၅ ရာခိုင်နှုန်းကမျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းကပါးစပ်၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်း ကမျက်စိပေါ်မှာပေါက်တတ်ကြောင်း

‌တွေ့ရပါတယ်။ အရည်ကြည်ဖုဟာဆက်လက်အဝါရည်အနှစ်ပြည်ဖုဖြစ်လာပြီးခန္ဓာကိုယ်အနှံ့အဖြူအရည်ကြည်ဖုများပေါင်းစပ်သွားပြီးရောဂါပျောက်ခါနီးမှာအရေပြားအနာဖေးများအလွှာလိုက်ကွာကျသွားပါတယ်။ရောဂါပိုးနဲ့စတင်ထိတွေ့ချိန်မှ နှစ်ပတ်အတွင်းတွေ့ရပြီး(၂-၄) ပတ်၊ (၄-၆) ပတ်အထိကြာမြင့်ပါတယ်။အိမ်နီးချင်း ထိုင်းနဲ့စင်ကာပူမှာမျောက်ကျောက်ရောဂါကူးစက်မှုရှိနေပြီဖြစ်ပါတယ်။

မျောက်ကျောက်ကုသတဲ့အခါရောဂါသက်သာစေဖို့ဥရောပဆေးပညာအသင်း(EMA-European Medical Association)ကကျောက်ကြီးရောဂါကုသဆေးတစ်မျိုးဖြစ်တဲ့တီဂိုဗီရီမက်(Ticovirimat)ကို ၂၀၂၂ ခုနှစ်မှာမျောက်ကျောက်ရောဂါကုသဆေးအဖြစ်လိုင်စင်ထုတ်ပေးထားပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတာမတွေ့ရသေးပါဘူး။ ဗြိတိန်အပါအဝင်ဥရောပနိုင်ငံအများအပြား ကရေကျောက်ကာကွယ်ဆေးကိုမျောက်ကျောက်ကာကွယ်ဆေးအဖြစ်ထိုးနှံသုံးစွဲဖို့ပြင်ဆင်နေပါတယ်။ ကျောက်ကြီးရောဂါကာကွယ်ဆေးစီဒိုဖိုဗာ(Cidofovir)၊ အက်တီတူးဖိုးစစ်(ST-246) နဲ့အင်မြူနိုဂလိုဘင်(Immune globin vaccine) ကမျောက်ကျောက်ကူး

စက်မှုကာကွယ်နိုင်ပါတယ်။

 မျောက်ကျောက် (Monkey Pox) ဟာ ကမ္ဘာ့ကပ်(Pandemic disease)ရောဂါအနေနဲ့မရောက်ရှိနိုင်ဘူးလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကခန့်မှန်းထားပေမဲ့ ယခင်ကျောက်ကြီး(Small pox)ဖြစ်ခဲ့ဖူးတဲ့ရာဇဝင်အရကျောက်ကြီးကာကွယ်ဆေး(Small pox vaccine)ထိုးနှံထားဖို့လိုအပ်လာပြီးဖြစ်ပါတယ်။စောင့်ကြည့်ရမယ့်ရောဂါဖြစ်လာ‌ပါတယ်။ 

Most Read

Most Recent