ရာဖင်ညာကို လက်လွှတ်လိုက်ရပြီးနောက် အဆန်စီယိုအား အာဆင်နယ် ပစ်မှတ်ထား

ရာဖင်ညာကို လက်လွှတ်လိုက်ရပြီးနောက် အဆန်စီယိုအား အာဆင်နယ် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 30 June 2022

အာဆင်နယ်အသင်းသည် လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာအား လက်လွှတ်ခဲ့ရပြီးနောက် ရီးယဲလ်ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ရာဖင်ညာအားခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ပေါင်သန်း (၆၀) ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် ယခုနွေတွင် ရီးယဲလ်အသင်းမှ ထွက်ခွာရန်စီစဉ်နေသည့် အဆန်စီယို (၂၆ နှစ်)ကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ၂၀၂၃ တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အဆန်စီယိုကို ယူရိုသန်း (၄၀) ရလျှင် လက်လွှတ်ဖွယ်ရှိနေပြီး အေစီမီလန်နှင့် ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေသည်။ 

Most Read

Most Recent