■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့)နှင့် ပြင်သစ်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့)နှင့် ပြင်သစ်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 27 February 2024

♦ ဆိုစီဒက် - မာယော့ကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၃းဝ၀ နာရီ)

ပထမအကျော့မှာ ဂိုးမရှိသရေကျထားပေမဲ့ ဆိုစီဒက်အသင်းက အခုရာသီ လာလီဂါနှစ်ကျော့စလုံး အနိုင်ကစားထားခဲ့တယ်။ မာယော့ကာကွင်းမှာ ကစားခဲ့တုန်းကလည်း ဆိုစီဒက်အသင်း ကစားကွက်အသာစီးယူနိုင်ခဲ့တာ တွေ့ရတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲမှာ တစ်ပွဲသာ အနိုင်ရတော့တဲ့ ဆိုစီဒက်ရဲ့လတ်တလောအနေအထားပဲ အနည်းငယ် စိုးရိမ်စရာရှိပါတယ်။ မာယော့ကာကလည်း အဝေးကွင်းရလဒ် မကောင်းပါဘူး။ ဆိုစီဒက်ပဲ နိုင်ဖို့များတယ်။

♦ လိုင်ယွန် - စထရာဘိုး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၂း၁၅ နာရီ)

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်လုပ်ရှားမှုက လိုင်ယွန်ကို အသင်းသစ်တစ်သင်းလို ဖြစ်သွားစေတယ်။ မာတစ်၊ ဘန်ရာမာ၊ မန်ဂါလာတို့က အသင်းရဲ့အမာခံတွေ ဖြစ်လာသလို၊ တခြားကစားသမားတွေကလည်း အရန်အင်အားကို ပိုတောင့် တင်းသွားစေတယ်။ စထရာဘိုးအသင်း ရလဒ်ဆိုးနေပုံမျိုးနဲ့ လိုင်ယွန် အနိုင်သေချာပါတယ်။

Most Read

Most Recent