PDF အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအမျိုးအမျိုးမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစကထုတ်ပြန်

PDF အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအမျိုးအမျိုးမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစကထုတ်ပြန်
Published 11 June 2022

PDF အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအမျိုးအမျိုးမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု ဇွန် ၁၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

CRPH နှင့် NUG တို့က နိုင်ငံအလုံးစုံ ပျက်သုံးရေးကိုဦးတည်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် စည်းရုံးသိမ်း သွင်းခံ ထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးအမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင် မှုများကိုပြုလုပ်လာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည်ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များ နှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင် ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများ ကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရသည်ဟုလည်း နစက၏ ထုတ်ပြန်ချက်ကဆိုသည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ... ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်မှ “အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ် ပေးနိုင်ရေးဆောင်ရွက်သွားမည်"ဟူသည့် ရှေ့လုပ်ငန်းစဉ်အရ လည်းကောင်း၊ “စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှ အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်အရ လည်းကောင်း စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင် နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူ လူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။