လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာကိုးသန်းနီးပါး လျော့ကျ

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာကိုးသန်းနီးပါး လျော့ကျ
ကော့သောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ငါးသယ်လှေများကို တွေ့ရစဉ်
ကော့သောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ငါးသယ်လှေများကို တွေ့ရစဉ်
Published 11 June 2022

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာကိုးသန်းနီးပါး လျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇွန် ၃ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၁ ဒသမ ၉၆၁ သန်းရရှိခဲ့ သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ဇွန် ၃ ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၀၀ ဒသမ ၄၉၂ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဇွန် ၃ ရက် အထိမှာ ယခင်နှစ်ကာလ တူထက် ဒေါ်လာ ၈ ဒသမ ၅၃၁ သန်း လျော့ကျခဲ့သည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရ  သည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် လျက်ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများမှတန်ချိန် ၁၁၂၁ ဒသမ ၃၅ တန်၊အင်းလုပ်ငန်းမှ ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသမ ၇၀ တန်ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှတန်ချိန် ၄၉၅ ဒသမ၄၉ တန်၊အင်းလုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ဘုံငါးဖမ်းလုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမွေးမြူရေး လုပ်ငန်းများမှတန်ချိန် ၁၁၃၀ ဒသမ ၃၅ တန်၊အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂ တန်၊ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၅၃  ဒသမ ၇၉၅ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂  ဒသမ ၁၄ တန် ထုတ်လုပ်ထားသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှရရှိနေပြီး  ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုရလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent