မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နေရာတွင် ရဲချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ခန့်အပ်ခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား ပြောင်းလဲဖွဲ့စည်းခြင်းတို့ကို ကြေညာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နေရာတွင် ရဲချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ခန့်အပ်ခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား ပြောင်းလဲဖွဲ့စည်းခြင်းတို့ကို ကြေညာ
Published 2 May 2022

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နေရာတွင် ရဲချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ဇင်မင်းထက်ကို ခန့်အပ်ခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား ပြောင်းလဲဖွဲ့စည်းခြင်းတို့ကို MRTV ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

ယင်းကြောင့်  ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့ပြီး ဗိုလ်ချုပ်ဇင်မင်းထက်မှာ ရဲချုပ်တာဝန်အပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးအား တာဝန်မှ အနားယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ယင်းကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းဟန်အား ပူးတွဲခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြောင်းလဲခန့်အပ်တာဝန်ပေးမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။