၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လျှပ်စစ်ထုတ်လုုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၉၇ ဒသမ ၄၃ ဖြင့် အများဆုံးဖြစ်ပြီး ရေအားမှကီလိုဝပ် နာရီသန်းပေါင်း ၇၈၃ ဒသမ ၇၅ ထုတ်လုပ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လျှပ်စစ်ထုတ်လုုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၉၇ ဒသမ ၄၃ ဖြင့် အများဆုံးဖြစ်ပြီး ရေအားမှကီလိုဝပ် နာရီသန်းပေါင်း ၇၈၃ ဒသမ ၇၅ ထုတ်လုပ်
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 21 April 2022

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၉၇ ဒသမ ၄၃ ဖြင့် အများဆုံးဖြစ်ကာ ရေအားမှကီလိုဝပ် နာရီသန်းပေါင်း ၇၈၃ ဒသမ ၇၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း စုစုပေါင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ကီလိုဝပ်နာရီသန်းပေါင်း ၁၉၀၂ ဒသမ ၆၁ ထုတ်လုပ်ထားခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၉၇ ဒသမ ၄၃ ဖြင့် အများဆုံးဖြစ်ကာ ရေအားမှ ကီလိုဝပ် နာရီသန်းပေါင်း ၇၈၃ ဒသမ ၇၅၊ ဆိုလာမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂ ဒသမ ၅၈၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၈ ဒသမ ၈၅ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ် ၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့် ကျောက်မီးသွေးမှ မဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှသိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊သဘာဝဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊LNG မှ ၁၃ ရာခိုင် နှုန်း၊ ဆိုလာမှတစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်း ပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်း ပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၂ ဒသမ ၇၇ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒုတိယမြောက် အများဆုံးကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဒသမ ၇၇၃ ဘီလျံကျော် ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်အလိုက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ ဒေါ်လာ ၁၃၈၁၅ ဒသမ၃၇၅ သန်း၊ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂၄၇ ဒသမ ၆၉၇ သန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်  ၃၀၉ ဒသမ ၂၀၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခြင်းမရှိပေ။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၂၂၀ ဒသမ ၃၀၆ သန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၁၇ ဒသမ ၇၉၀ သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခဲ့ခြင်းမရှိပေ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၃၅၂ ဒသမ ၈၂၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိပေ။

 

 

Most Read

Most Recent