ဧပြီ ၈ ရက်က ပြည်တွင်းရွှေစျေးနှုန်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ရန်ကုန်ရွှေအသင်းက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်ချက်စျေးနှုန်းနှင့်တွက်ချက်၍ ရွှေစျေးနှုန်းသတ်မှတ်မည်ဟု ဆုံးဖြတ်

ဧပြီ ၈ ရက်က ပြည်တွင်းရွှေစျေးနှုန်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ရန်ကုန်ရွှေအသင်းက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်ချက်စျေးနှုန်းနှင့်တွက်ချက်၍ ရွှေစျေးနှုန်းသတ်မှတ်မည်ဟု ဆုံးဖြတ်
Published 8 April 2022

ဧပြီ ၈ ရက်က ပြည်တွင်းရွှေစျေးနှုန်းဖွင့် လှစ်နိုင်ခြင်းမရှိဘဲ ရန်ကုန်ရွှေအသင်းက အရေးပေါ် အစည်းအဝေးပြုလုပ်ပြီး ဗဟို ဘဏ်၏ ဒေါ်လာသတ်မှတ်ချက်စျေးနှုန်းနှင့် တွက်ချက်၍ ရွှေစျေးနှုန်းသတ်မှတ်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါအသင်းမှ သိရ သည်။

“စျေးသတ်မှတ်တဲ့အခါမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့စျေး ၁၈၅၀ နဲ့ တွက်ချက်ပြီး စျေးထုတ်ဖို့ စည်းဝေးတယ်။ အဲဒီစျေးနဲ့တွက်ပြီး အရောင်းအဝယ်လုပ်ဖို့ သဘောတူတာပေါ့။ ဒေါ်လာစျေးက အပြင်မှာ သတ်မှတ်တာရှိ တယ်။ အပြင်မှာစျေးကတစ်မျိုးရှိတာပေါ့။ အန်နီဆိုပြီး သတ်မှတ်တာရှိတယ်။ ပြီးတော့ ဘဏ်တွေကနေ သတ်မှတ်တဲ့စျေးနှုန်းတွေရှိ တယ်။  အဲဒီထဲကမှ ဗဟိုဘဏ်က သတ်မှတ်တဲ့ ၁၈၅၀ နဲ့ တွက်ဖို့ ဆုံးဖြတ်တာပေါ့” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ယင်းသို့ ရွှေစျေးနှုန်းအား ဒေါ်လာလဲနှုန်း ၁၈၅၀ ကျပ်သတ်မှတ်ထားသည့်အပေါ်တွင် တွက်ချက်ရမည့်အခြေအနေနှင့် ပတ်သက် ပြီး ဦးမျိုးမြင့်က “စျေးကတော့ နည်းသွားမှာ ပေါ့။ ဒါက မူဝါဒချမှတ်ထားတော့ အဲဒီအတိုင်းပဲ လုပ်ရမှာပေါ့” ဟု ပြောကြားသည်။

ဧပြီ ၈ ရက်တွင် စျေးဖွင့်နိုင်ခြင်းမရှိခဲ့ ကြောင်း၊ လာရောင်းသူရှိမှသာ စျေးနှုန်းကို ဒေါ်လာနှင့် တွက်ချက်ပြီး စျေးနှုန်းသတ်မှတ် ရမည်ဖြစ်သဖြင့် စျေးနှုန်းသတ်မှတ်နိုင်ခြင်းမရှိ ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

“စျေးက မဖွင့်သေးဘူးပေါ့။ တို့ကလည်း လာရောင်းတဲ့သူရှိမှပဲ အခု ၁၈၅၀ နဲ့ သတ်မှတ် ထားတော့ တွက်ချက်ပြီး ဝယ်တဲ့စျေးဖွင့်တဲ့ စျေးလုပ်ရမှာပေါ့။ အခုကတော့ စျေးကွက်ကို စောင့်ကြည့်နေတဲ့ သဘောမှာရှိတာပေါ့” ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းရှိ နာမည်ကြီး ရွှေဆိုင်တစ်ခုဖြစ်သော အောင်သမာဓိ ရွှေဆိုင်၏နေ့စဉ်စျေးနှုန်းထုတ်ပြန်ချက်တွင်  စျေးနှုန်းထွက်ပေါ်လာခြင်းမရှိသေးဘဲ ယမန်နေ့က စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ် နေကြောင်း သိရသည်။

“မနေ့ကစျေးနဲ့ ပြန်အရောင်းအဝယ်လုပ် တယ်။ မနေ့က တစ်ကျပ်သားကို သိန်းနှစ်ဆယ် နဲ့ ငါးသောင်းပေါ့။ အဲဒါနဲ့ပဲ အရောင်းအဝယ် လုပ်တယ်” ဟု ရွှေရောင်းချခဲ့သူတစ်ဦးက ပြောကြားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အ ထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ဇော်မင်းနိုင်

Most Read

Most Recent