ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်၊ ပါမစ်လျှောက်ထားသည့်ကိစ္စများကို  ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးမည်မဟုတ်ကြောင်း စီးပွားကူးသန်းထုတ်ပြန်

ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်၊ ပါမစ်လျှောက်ထားသည့်ကိစ္စများကို  ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးမည်မဟုတ်ကြောင်း စီးပွားကူးသန်းထုတ်ပြန်
Published 8 April 2022

ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်၊ ပါမစ်လျှောက်ထားသည့်ကိစ္စများကို ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက  ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၆/၂၀၂၂)ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ်လျှောက်ထားရာတွင် လျင် မြန်မှုရှိစေရန်အတွက် အခက်အခဲအမျိုးမျိုး ကြောင့် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက်မရမီ ကြိုတင်သင်္ဘောတင်ခဲ့ခြင်းကို ခွင့်ပြု၍ ယင်းတင်သွင်းသည့်ပစ္စည်း ရန်ကုန်ဆိပ်ကမ်း၊ လေဆိပ်သို့ ဆိုက်ရောက်သည့် နေ့တွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် နောက်ဆုံးထားပြီးရရှိမည်ဖြစ် ပြီး ယင်းနေ့အထိ သွင်းကုန်လိုင်စင်၊ သွင်း ကုန်ပါမစ် ခွင့်ပြုချက်မရရှိသေးပါက ကြိုတင် သင်္ဘောတင်သွင်းရောက်ရှိခြင်း (Valid for Prior Arrival) အဖြစ် သတ်မှတ်ဆောင်ရွက်ပေးသည့်အစီအစဉ်ဖြင့် ယခင်က ခွင့်ပြုဆောင်ရွက်ပေးခဲ့သည်။

သို့သော်လည်း ယင်းအစီအစဉ်ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်းကို အခွင့်ကောင်းယူပြီး အချို့လုပ်ငန်းရှင်များက ရန်ကုန်ဆိပ် ကမ်းသို့ ပစ္စည်းများရောက်ရှိမှသာ သွင်းကုန် လိုင်စင်လျှောက်ထားမှုများရှိလာသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၂.၁၀.၂၀၁၅ ရက်တွင် အမိန့်ကြော် ငြာစာအမှတ် ၉၃/၂၀၁၅ ဖြင့် ထုတ်ပြန်ထား သည့် “မြန်မာနိုင်ငံ၏ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(၂၀၁၅)” တွင် “သွင်း ကုန်လိုင်စင်ရယူတင်သွင်းရမည့်ပစ္စည်းများ အတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန် ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ” ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၆၈/ ၂၀၁၉ ဖြင့်ထုတ်ပြန်ထားသည့် အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၏ ၈.၇.၂၀၂၀ ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ်(၅၀/၂၀၂၀)ဖြင့် “သွင်းကုန် လိုင်စင်ရယူတင်သွင်းရမည့်ကုန်ပစ္စည်းများ အတွက် အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့်ကုန်စည် များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက် မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိ စေရ” ဟု ပြင်ဆင်သတ်မှတ်ခဲ့ပြီး အကောက် ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းရန်အတွက် မဟုတ်ဘဲ ပြည်တွင်းသို့ တိုက်ရိုက်တင်သွင်း မှုနှင့်ပတ်သက်၍  လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်များအား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုင်စင်မရရှိဘဲ တင်သွင်းပြီး ဆိပ် ကမ်းသို့ ကြိုတင်ရောက်ရှိပါက အဆိုပါတင် သွင်းသောကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ထားသော်လည်း ကုမ္ပဏီ၊ လုပ်ငန်းရှင်အချို့အနေဖြင့် လိုက်နာ ဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်းသို့ ကုန်ပစ္စည်း ရောက်ရှိမှသာ သွင်းကုန်လိုင်စင်လျှောက် ထားမှုများ များပြားလာသောကြောင့် ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်အမိန့်ကြော်ငြာ စာနှင့် ဆန့်ကျင်လျက်ရှိကြောင်း တွေ့ရှိရ သဖြင့် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှု များ မဖြစ်ပေါ်စေရေးအတွက် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ်ခွင့်ပြုချက်ရရှိပြီးမှသာ  သင်္ဘောတင်ဆောင်ရွက်သင့်ကြောင်း၊ ဆိပ် ကမ်းသို့ ကုန်ပစ္စည်းများ ရောက်ရှိပြီးမှ သွင်း ကုန်လိုင်စင်၊ ပါမစ်လျှောက်ထားသည့်ကိစ္စ ရပ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ခွင့်ပြုဆောင်ရွက်ပေးမည်မဟုတ်ကြောင်း နှင့် သက်ဆိုင်ရာဌာနများ၏ သွင်းကုန်လိုင် စင်/ပါမစ်/ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက  အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ ပါ စည်းကမ်းသတ်မှတ်ချက်အတိုင်း ပို့ကုန် သွင်း ကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက  အသိပေးကြေညာထားသည်။

               

Most Read

Most Recent