ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ ဒသမ ၂၆၉ သန်းရရှိ

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ ဒသမ ၂၆၉ သန်းရရှိ
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အနီး ရပ်တန့်ထားသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အနီး ရပ်တန့်ထားသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်
Published 4 April 2022
ကိုရွှေသိန်း

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ ဒသမ ၂၆၉ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများဖြစ်သည့် မြဝတီအပါအဝင် တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်အထိ ငါးလကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၇၁၅ ဒသမ ၂၆၉ သန်းဖိုးတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၁၄၀ သန်းဖိုးရှိကာ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၂၅၂၇ ဒသမ ၄၀၉ သန်း ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူကထက်  အမေရိကန်ဒေါ်လာ ၅၆၆ ဒသမ ၈၉၄ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ -ထိုင်းနယ်စပ်  မြဝတီကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ငါးလကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၂၅၆ ဒသမ ၂၆၃ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ  ၅၇၃ ဒသမ ၂၉၀ သန်း ပိုမိုကုန်သွယ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်သွယ်မှုတွင် စားသောက်ကုန်နှင့် လူ့အသုံးအဆောင်များအား လိုင်စင်ဖြင့်သာ တင်သွင်းရမည်ဟု ကန့်သတ်ချက်များ၊ ထိုင်းငွေစျေးမြင့်တက်မှုများကြောင့် ကုန်စျေးနှုန်းမြင့်မားမှုကြောင့် သွင်းကုန်ပိုင်းတွင် ပုံမှန်ထက်လျော့နည်းနေကြောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှုများ တရားဝင်လမ်းကြောင်းပေါ် တက်လာခြင်းကြောင့် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ မြင့်တက်လာခြင်းဖြစ်သည်ဟု မြဝတီမြို့မှ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်အထိ ငါးလကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၂၅၆ ဒသမ ၂၆၃ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၇၃ ဒသမ ၂၉၀ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆန်များအား ထိုင်းနိုင်ငံဘက်သို့ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍  တင်ပို့လျက်ရှိပြီး အခြားလယ်ယာထွက်ကုန် ငရုတ်၊ ကြက်သွန်၊ ပဲနှင့်  CMP ချုပ်ထည်များ တင်ပို့မှုမြင့်တက်ခြင်းကြောင့် ယခုဘဏ္ဍာနှစ်၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၂၅  ရက်အထိ ပို့ကုန်တန်ဖိုးဒေါ်လာ ၅၅၆ ဒသမ ၄၆၇ သန်းဖိုးတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၂၂၅ သန်းပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်၂၅ ရက်အထိ  ထိုင်းနိုင်ငံထုတ်ကုန်များ မြန်မာနိုင်ငံဘက်သို့ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာ ၆၉၉ ဒသ မ ၅၃၃ သန်းတင်ပို့နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူက တင်သွင်းခဲ့သည့် ဒေါ်လာ ၃၈၂ ဒသမ ၄၆၈ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၁၇ ဒသမ ၀၆၅ သန်းဖိုး ပိုမိုတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းသို့ တင်သွင်းရာတွင် ယခင်ကသွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်စည်များမှာ ယခုအခါလိုင်စင်လျှောက်ထားရမည့် ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် ကုန်စျေးနှုန်းမြင့်တက်လာခဲ့ကာ စားသုံးမှုစျေးကွက်ကို သက်ရောက်လျက်ရှိသည်။

အချိုရည်နှင့် စားသောက်ကုန်များ တင်သွင်းမှုလျော့ကျလျက်ရှိပြီး ဆောက်လုပ်ရေးပစ္စည်းများနှင့် အရေးကြီးလိုအပ်သည့် လူသုံးကုန်ပစ္စည်းများသာ တင်သွင်းလျက်ရှိကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

 

Most Read

Most Recent