PSG အသင်းသို့ ပေါ့ဘာ ပြောင်းသင့်ဟု အနယ်လ်ကာ တိုက်တွန်း

PSG အသင်းသို့ ပေါ့ဘာ ပြောင်းသင့်ဟု အနယ်လ်ကာ တိုက်တွန်း
Photo: SK
Photo: SK
Published 28 February 2022

ပြင်သစ်တိုက်စစ်မှူးဟောင်း အနယ်လ်ကာက မန်ယူကွင်းလယ်လူ ပေါ့ဘာအနေဖြင့် ဂျူဗင်တပ်စ်အသင်းထက် PSG အသင်းသို့ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းခဲ့သည်။

''လွန်ခဲ့တဲ့ (၆)လလောက်တုန်းက ပေါ့ဘာနဲ့ စကားပြောဖြစ်ပြီး PSG ကို ပိုပြောင်းသင့်တယ်လို့ ကျွန်တော် တိုက်တွန်းခဲ့တယ်။ အဲဒီမှာ သူ မျက်နှာသာပေးခံရနိုင်ပြီး သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ မန်ယူက သူနဲ့  တစ်သားတည်းမဖြစ်သလို ခံစားမိပြီး ဒဏ်ရာပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်'' ဟု အနယ်လ်ကာက ပြောကြားခဲ့သည်။

ပေါ့ဘာသည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ပြိုင်ဘက်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

Most Read

Most Recent