■ ကိုပါအမေရိကနဲ့ မြောက်အမေရိကမြေက အားပြိုင်ပွဲ

■ ကိုပါအမေရိကနဲ့ မြောက်အမေရိကမြေက အားပြိုင်ပွဲ
Photo : Copa America
Photo : Copa America
Published 20 June 2024
Phoe Thar

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေ အရှိန်ရလာချိန်မှာပဲ နောက်ထပ်နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲက ပရိသတ်တွေကို ရင်ခုန်မှုအသစ်တွေပေးဖို့ရောက်ရှိလာခဲ့ပါပြီ။ နိုင်ငံတကာဘောလုံးပြိုင်ပွဲကြီးတွေမှာ နွေရာသီအိုလံပစ်အပြီး ဒုတိယသက်တမ်းအ ရင့်ဆုံးပြိုင်ပွဲကြီးဖြစ်သလို၊ တောင်အမေရိကဇုန်ရဲ့ အမြင့်ဆုံးအဆင့်ပြိုင်ပွဲကြီးဖြစ်လို့ ကိုပါအမေရိက အရှိန်အဟုန်က ယူရိုနဲ့ထပ်တူ စိတ်လှုပ်ရှားစရာဖြစ်စေဦးမှာသေချာပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားရဲ့အအောင်မြင်ဆုံး ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ ဥရုဂွေးတို့လိုအသင်းတွေရဲ့ ချန်ပီယံတိုက်ပွဲဖြစ်နေတာ၊ ပီလီ၊ မာရာဒိုနာတို့ကအစပြုလို့ ရော်နယ်လ်ဒို၊ ရော်နယ်ဒင်ဟိုတို့အလယ် မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်နဲ့ အခု လက်ရှိ ဗင်နီစီယပ်စ်၊ မာတီနက်ဇ်တို့အဆုံး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့များစွာသော ကြယ်ပွင့်တွေရဲ့ မျိုးဆက်အလိုက်အားပြိုင်မှုတွေက ကိုပါအမေရိကပြိုင်ပွဲရဲ့ဂုဏ်သိက္ခာကို ပိုပြီးမြင့်မားစေခဲ့တာပါ။

 

Most Read

Most Recent