■ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 October 2024

စပါး - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ညနေ ၆:၀၀ နာရီ)

စပါးက နိုင်ငံတကာပွဲတွေမဝင်ခင်မှာ ဘရိုက်တန်အသင်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တယ်။ (၂) ဂိုးသွင်းပြီးမှ (၃) ဂိုးပြန်ပေးခဲ့ရတာဖြစ်ပြီး အသင်းက တိုက်စစ် ပုံစံကောင်းကို ပြသနိုင်သလောက် ခံစစ်ပိုင်းမှာ ဂိုးတွေလွယ်လွယ်ပေးနေရတာကို တွေ့ရတယ်။ ဝက်စ်ဟမ်းက လိုပယ်တယ်ဟီနဲ့အတူ ရာသီသစ်ရဲ့အစမှာ Mix Feeling ပါပဲ။ နောက်ဆုံးပွဲမှာတော့ အစ်ဝစ်ချ်ကို (၄-၁) နဲ့ နိုင်ပြီး ဂိုးပြတ်သွင်းခဲ့တယ်။ ဂိုးများနိုင်ပြီး စပါး (၂-၁) လောက်ဖြစ်မယ်။ 



ဖူလ်ဟမ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၃၀ နာရီ)

ဖူလ်ဟမ်က တိုက်စစ်ကောင်းသလို ခြေစွမ်းလည်းကောင်းတယ်။ မန်စီးတီးကို ကစားပြခဲ့တဲ့ ခြေစွမ်းက အထင်ကြီးစရာပါ။ ရာအူးလ်ဟီမင်နက်ဇ်လည်း ဒီရာသီမှာ (၃) ဂိုးသွင်းထား ပြီး အားကိုးရတဲ့ Form ကို ပြသနေတယ်။ အက်စတွန်ဗီလာက အသင်းကြီး ပိုဆန်လာပါတယ်။ ဝက်ကင်းစ်၊ ဂျွန်ဒူရမ်တို့ (၄) ဂိုးစီ သွင်းပြီး ခြေစွမ်းပြနေကြတယ်။ ဒီပွဲကတော့ ဖူလ်ဟမ်ကွင်းဖြစ်နေလို့ သရေဖြစ်ဖို့များတယ်။ 



အစ်ဝစ်ချ် - အဲဗာတန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၃၀ နာရီ)

ရုန်းကန်နေရတဲ့အသင်းနှစ်သင်းရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲပါပဲ။ အစ်ဝစ်ချ်က အဆင့် (၁၇) နေရာမှာရှိနေပြီး အဲဗာတန်က နည်းနည်းလေးသာတဲ့ အဆင့် (၁၆) ကိုရောက်နေတယ်။ အစ်ဝစ်ချ်က ဒီရာသီ သူတို့အသင်းရဲ့ သရေပွဲအချို့မှာ မာရေကျောရေကိုတော့ ပြသနိုင်ခဲ့တယ်။ အဲဗာတန်က ခြေစွမ်းရောရလဒ်ရောဆိုးနေရာက နောက်ဆုံးနှစ်ပွဲမှာ တိုးတက်မှု တွေပြလာတယ်။ ဒီပွဲက (၁-၁)၊ (၂-၂) သရေပွဲပါပဲ။ 



မန်ယူ - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၃၀ နာရီ)

မန်ယူနိုက်တက်အတွက် အရမ်းကို အရေးပါနေတဲ့ အခြေအနေပါ။ လက်ရှိအချိန်မှာ မန်ယူနိုက်တက်က ဖိအားတွေရဲ့ အလယ်မှာ ရောက်နေတယ်။ အသင်းနည်းပြ တန်ဟက်ဂ်နဲ့ ပတ်သက်လို့လည်း ပရိသတ်တွေရဲ့စိတ်ပျက်မှုတွေက တိုးလာတယ်။ တန်ဟက်ဂ်အနေနဲ့ ဒီပွဲနိုင်ရင်တောင် အနာဂတ်မရေရာမှုတွေကို ကျော်လွှားဖို့ ခက်နေချိန်မှာ ရှုံးပွဲတစ်ပွဲ၊ သရေပွဲတစ်ပွဲက အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ ့အခြေအနေမျိုးလည်းဖြစ်နေတယ်။ ဘရန့်ဖို့ဒ်က ဝုလ်ဗ်ကို (၅-၃) နဲ့ နိုင်တဲ့ပွဲမှာလည်း အကောင်းဆုံး ပုံစံပြခဲ့တယ်။ အမ်ဘူမိုက ရပ်တန့်လို့မရတဲ့ ခြေစွမ်းနဲ့ ဂိုးသွင်း Form ဖြစ်နေတယ်။ ဒါပေမဲ့ ရီကိုဟင်နရီ၊ ဝစ်ဆာတို့ရဲ့ ဒဏ်ရာပြဿနာတွေကိုတော့ ကျော်ဖြတ်ဖို့ ကြိုးစားရမှာဖြစ်တယ်။ ယူနိုက်တက်က အိမ်ကွင်းဖြစ်နေလို့ နည်းနည်းလေး အလေးသာတာမှန်ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းကြောင့် သရေကျသွားနို်င်တယ်။ 



နယူးကာဆယ် - ဘရိုက်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၃၀ နာရီ)

နှစ်သင်းစလုံး အမှတ်တူနေကြတယ်။ (၇) ပွဲစီကစားထားပြီး (၁၂) မှတ်စီ ယူထားကြတယ်။ ဘရိုက်တန်က အဆင့် (၆)၊ နယူးကာဆယ်က အဆင့် (၇) နေရာမှာ ရပ်တည်နေတယ်။ တိုက်စစ်ပိုင်းမှာ နှစ်သင်းစလုံး မြန်နှုန်းမြင့်ကြတယ်။ ဘရိုက်တန်က ပိုအင်အားတောင့်တယ်။ ဒါပေမဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ နယူးကာဆယ်ရဲ့ အတွေ့အကြုံနဲ့ မာကျောမှုက သာတယ်။ ဘရိုက်တန်ကစားပုံကောင်းပေမယ့် နယူးကာဆယ်ကို ကြိုက်တယ်။ 



ဆောက်သမ်တန် - လက်စတာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၈:၃၀ နာရီ)

နှစ်သင်းစလုံးက ပရီးမီးယားလိဂ် အပြန်လမ်းမှာ ရာသီအစ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင် နေရတယ်။ ဆောက်သမ်တန်က အဆင့် (၁၉) နေရာရောက်နေပြီး ပထမဆုံးနိုင်ပွဲကို ရှာဖွေ ဖို့ ကြိုးစားနေရတုန်းပဲ။ လက်စတာက နည်းနည်းလေး ပိုသာနေပြီး အဆင့် (၁၅) မှာ ရှိနေတယ်။ ဆောက်သမ်တန်က ခံစစ်ရော တိုက်စစ်မှာ ပြဿနာရှိနေပြီး (၄) ဂိုးပဲသွင်းပြီး (၁၅) ဂိုး အသွင်းခံထားရတယ်။ ဒဏ်ရာပြဿနာလည်း ရှိနေတယ်။ လက်စတာကို ကြိုက်တယ်။



ဘုန်းမောက် - အာဆင်နယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁:၀၀ နာရီ)

အာဆင်နယ်က ဒီပွဲကို Strong Form နဲ့ လာတာပါ။ ရမှတ် (၁၇) မှတ်နဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေတယ်။ ခြေစွမ်းပိုင်းလည်း တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ အာဆင်နယ်မှာ အဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေရှိနေတယ်။ ဘုန်းမောက်နည်းပြ အာရီယိုလာက အာတီတာနဲ့ ငယ်ဘဝ အသင်းဖော်ဟောင်းတွေပါ။ ခြေစွမ်းရော တိုက်စစ်ပါကောင်းအောင် ကိုင်တွယ်ထားတယ်။ အာဆင်နယ် ခက်ခက်ခဲခဲနိုင်မယ်။