■ မက်ဆီကို မွေထိုင်းသင်ပေးမယ့် ရော့ထန် 

■ မက်ဆီကို မွေထိုင်းသင်ပေးမယ့် ရော့ထန် 
Photo: X
Photo: X
Published 14 November 2024
AK

မွေထိုင်းဖိုက်တာ ရော့ထန်ရဲ့အချစ်ဦးက ဘောလုံးအားကစားနည်းပါ။ ရော့ထန်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်ပေမဲ့ မိသားစုအခြေအနေကြောင့် သူ့ရည်မှန်းချက်ကို မေ့ပစ်ခဲ့ရတယ်။ ခပ်မြန်မြန်တိုးတက်နိုင်တဲ့ဖိုက်တာဘဝကို ရွေးချယ်ခဲ့ရပါတယ်။ ရော့ထန်က "ကျွန်တော့်ဘဝက ရွေးချယ်စရာခပ်များများ မရှိခဲ့ဘူး။ လုပ်ရမယ့်အရာအနည်းငယ်ကို မဖြစ်မနေလုပ်ခဲ့ပါတယ်။ အဖေနဲ့အမေကကျွန်တော့်အတွက်စံပြပါ။ သူတို့က မဆုတ်မနစ်ကြိုးစားရုန်းကန်တတ်အောင် သင်ကြားပေးခဲ့တယ်။ အခုဆိုရင် ကျွန်တော့်အတွက် အဖေနဲ့အမေသိပ်ပြီး ဂုဏ်ယူနေရပါပြီ"လို့ ပြောဖူးတယ်။

 

Most Read

Most Recent