မန်ယူအသင်း၏စီမံကိန်းများနှင့် အံမဝင်ခဲ့ဟု ဗာရန်း ဝန်ခံ

မန်ယူအသင်း၏စီမံကိန်းများနှင့် အံမဝင်ခဲ့ဟု ဗာရန်း ဝန်ခံ
Photo: Man Utd
Photo: Man Utd
Published 17 October 2024

မကြာသေးမီက ကစားသမားဘဝမှ အနားယူခဲ့သည့် ပြင်သစ်နောက်ခံလူဟောင်း ဗာရန်းသည် မန်ယူအသင်းတွင် ကစားသမားဘဝ အဆုံးသတ်လိုသော်လည်း အသင်း၏စီမံကိန်းများနှင့် အံဝင်ခွင်ကျမဖြစ်ခဲ့ကြောင်း ပြင်သစ်မီဒီယာ L'Equipe သို့ ပြောကြားခဲ့သည်။

ဗာရန်း(၃၁ နှစ်)သည် မန်ယူအသင်းတွင် သုံးနှစ်ကြာကစားကာ လိဂ်ဖလား နှင့် FA ဖလားများ ဆွတ်ခူးနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပြီး စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ပြီးခဲ့သည့်ရာသီကုန်တွင် လမ်းခွဲခဲ့ရသည်။

''မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကျွန်တော့်ရဲ့နောက်ဆုံးရာသီအစမှာ ဒီမှာပဲ ကစားသမားဘဝ အဆုံးသတ်လိုတယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောမိခဲ့ပါတယ်။ ဒီစွန့်စားခန်းကို အနည်းငယ်ရှေ့ဆက်တိုးပြီးတော့ပေါ့။ ဒါက မဖြစ်ခဲ့ပါဘူး။ နွေရာသီက အရမ်းထူးခြားခဲ့ပါတယ်။ FA ဖလား အောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အသင်းစီမံကိန်းတွေနဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးဆိုတာ သိပါတယ်''ဟု ဗာရန်းက ပြောကြားခဲ့သည်။

ဗာရန်းသည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ(၉၅)ပွဲကစားကာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent