အက်သလက်တီကိုမက်ဒရစ်ကဲ့သို့ အသင်းမျိုးကို ဂိုးသွင်းနိုင်ခဲ့ခြင်းသည် အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဟု မန်ယူလူငယ်ကြယ်ပွင့် အယ်လန်ဂါ ဆို

အက်သလက်တီကိုမက်ဒရစ်ကဲ့သို့ အသင်းမျိုးကို ဂိုးသွင်းနိုင်ခဲ့ခြင်းသည် အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဟု မန်ယူလူငယ်ကြယ်ပွင့် အယ်လန်ဂါ ဆို
Photo: Getty Images
Photo: Getty Images
Published 25 February 2022

မန်ယူအသင်း၏ လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား အယ်လန်ဂါက ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းဘက်သို့ ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပြောဆိုခဲ့သည်။

အယ်လန်ဂါသည် ယင်းပွဲစဉ်တွင် အသင်းဖော်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နေရာတွင် လူစားဝင်လာခဲ့ပြီး (၆) မိနစ်အကြာ၌ မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

သူသည် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဖန်တီးပေးပို့လိုက်သည့် ဘောလုံးကို အက်သလက်တီကိုအသင်း၏ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမား အိုဘလက်ခ်ကို အနိုင်ယူကာ ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

အယ်လန်ဂါသည် သူ၏ ပထမဆုံးဘောလုံးထိချက်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး ''ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ အခွင့်အရေးရလာရင် ကျွန်တော် ရင်မခုန်ပါဘူး။ တည်ငြိမ်အောင် ကြိုးစားပါတယ်။ ကျွန်တော့်ကိုယုံကြည်လို့ အသုံးပြုတဲ့ မန်နေဂျာရဲ့ယုံကြည်မှုကို (၁၅၀)ရာခိုင်နှုန်း ပြန်ပေးဆပ်ဖို့ပဲ ခေါင်းထဲထည့်ထားပါတယ်။ နည်းပြက ကျွန်တော့်ကို အက်သလက်တီကိုခံစစ်ကစားသမားတွေ ကြောက်လန့်သွားအောင် ကစားပြီး သူတို့နောက်ကနေပြေးဖို့ မှာလိုက်ပြီး ကျွန်တော် လုပ်နိုင်ခဲ့တယ်။ အက်သလက်တီကိုလိုအသင်းကို ဂိုးသွင်းနိုင်ခဲ့တာဟာ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပဲ''ဟု ဆိုခဲ့သည်။ 

 

Most Read

Most Recent