ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် မွန်ပြည်နယ်မှ အမျိုးသားတစ်ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်

ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် မွန်ပြည်နယ်မှ အမျိုးသားတစ်ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်
Published 17 February 2022
မျိုးထွန်း

ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် မွန်ပြည်နယ်မှ အမျိုးသားတစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝင်းနေ နိုင်လင်းအောင် (ခ) အီးကွဲ (ခ) ဒဗလျူ (ဘ) ဦးအောင်ဆန်းဝင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ် စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်း တက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လက်လုပ်ဗုံးများ သယ်ဆောင်ပေးခြင်းဖြင့်ဗုံး ခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ပြီး မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် အမှတ် (၂) သိင်္ဂီလမ်း ကျောင်းပိုင်းရပ် ကွက်နေ အောင်ဘုန်းကျော် (ခ) ဇီးရိုးတူး (ဘ) ဦးရန်လင်းအောင်သည် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းတက် ရောက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/ ၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာခဲ့သည့် အဖွဲ့အစည်းများ နှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့မှုများ လက်ခံရယူခြင်းနှင့် ချုံခိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်းဖြင့် အများပြည်သူ၏ လုံခြုံရေး ကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကို ဖြစ်စေ၊ အများပြည်သူ(သို့မဟုတ်) တစ်ဦးတစ်ယောက် အတွက် အရေးကြီးသော အခြေခံအဆောက် အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ ကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ယင်းအတွက်ကြောင့် ၎င်းတို့နှစ်ဦးအား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (စျ) နှင့် ၅၀ (က) တို့အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထောင်ဒဏ်တစ်သက်  ပြစ်ဒဏ်အ မိန့်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေ ညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံး ဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကို လည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆို ပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ် ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိ ထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent