ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည့်  အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် PDF တာဝန်ခံနှစ်ဦး အပါအဝင် ၄၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း နစက ထုတ်ပြန်

ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည့်  အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် PDF တာဝန်ခံနှစ်ဦး အပါအဝင် ၄၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း နစက ထုတ်ပြန်
Published 22 January 2022

ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများနှင့့်် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်မှုဖြင့် အရှေ့ပိုင်းခရိုင်နှင့့်် အနောက်ပိုင်းခရိုင် PDF တာဝန်ခံနှစ်ဦးအပါအဝင် ၄၈ ဦးအား ထပ်မံ ဖမ်းဆီးရမိကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇန်နဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ NUG အဖွဲ့သည် တောင်ပိုင်းတိုင်း PDF အဖွဲ့အား ဦးလွင်ကိုလတ်မှ တာဝန်ခံအဖြစ် ဆောင်ရွက်စေပြီး ၎င်း၏ စေခိုင်းချက်အရ ဦးဖြိုးဇေယျာသော်သည် STF အဖွဲ့နှင့့်် PDF အဖွဲ့တို့၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း ပကဖ(PDF) အဖွဲ့ တာဝန်ခံ အဖြစ် ဦးဝေဖြိုးဟန်(ခ)နောင်ရိုးဆောင် ရွက်ပြီး အရှေ့ပိုင်းခရိုင်တာဝန်ခံ လင်းထက် (ခ)မဟူရာ၊ အနောက်ပိုင်းခရိုင်တာဝန်ခံ နေလင်းအောင်(ခ)ဖိုးကျော်၊ တောင်ပိုင်း ခရိုင်တာဝန်ခံထက်ဇော်၊ မြောက်ပိုင်းခရိုင် တာဝန်ခံ မင်းရန်နိုင်တို့ဖြင့် ခရိုင်လေးခုခွဲ၍ ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲမှု များနှင့့်် လုပ်ကြံသတ်ဖြတ်မှုများ ပိုမိုအရှိန်မြှင့် တင်လုပ်ဆောင်စေခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်ဟု ဖော်ပြထားသည်။

ထိုသို့ဖော်ထုတ်ရရှိမှုအရ ဖမ်းဆီးခြင်း များဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်တိုင်း ပကဖ အဖွဲ့အရှေ့ပိုင်းခရိုင်တာဝန်ခံ လင်းထက်(ခ)မဟူရာ(၃၆)နှစ်နှင့့်် ဇော်ကိုကို(၃၅)နှစ်တို့နှစ် ဦးအား ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၆ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ တိုက် အမှတ်(၃)၊ အခန်း(၄၄)၌  Sigsauer ပစ္စတို နှစ်လက်၊ ၎င်းင်းကျည်အိမ်နှစ်ခု၊ ၉ မမ ကျည် အတောင့် ၃၀၊ MK-12 သေနတ်နှစ်လက်၊ ၎င်းကျည်အိမ်နှစ်ခု၊ ၎င်းကျည်အတောင့် ၂၀၊ M-79 သေနတ်တစ်လက်တို့နှင့့််အတူ  ဖမ်း ဆီးရမိခဲ့ကြောင်းသိရသည်။

အလားတူ ဇန်နဝါရီ ၈ ရက်တွင် သာ ကေတမြို့နယ်၊ ဇမ္ဗူသီရိ(၈)လမ်း၊ (၆)ရပ် ကွက်၌ ပကဖအနောက်ပိုင်းခရိုင်တာဝန်ခံ နေလင်းအောင်(ခ)ဖိုးကျော်(၃၈)နှစ်အား  MK-12 သေနတ်တစ်လက်၊ ၎င်းကျည်အိမ်     ၂ ခု၊ Sigsauer ပစ္စတိုတစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ၉ မမ ကျည် ၂၂ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ထို့နောက် ဆက်စပ်ထွက်ဆိုချက်များ အရ ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၉ ရက်အ ထိဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် Yangon Underground Force(YUF), Baahubali Ranger Force(BRF),Federal Liberation Army (FLA) , လှိုင်မြို့နယ် PDF အဖွဲ့များ တွင်ပါဝင်သူများအား မင်္ဂလာဒုံမြို့နယ်၌ ငါး ဦး၊ အမှတ်(၃)လမ်းဆုံစစ်ဆေးရေးဂိတ် တွင် သုံးဦး၊ လှည်းကူးမြို့နယ်၌တစ်ဦး၊ မြောက် ဥက္ကလာပမြို့နယ်တွင်ရှစ်ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်ကိုးဦး၊သာကေ တ မြို့နယ်တွင်သုံးဦး၊ မင်္ဂလာတောင်ညွန့်မြို့ နယ် တွင်တစ်ဦး၊ ဒဂုံဆိပ်ကမ်း မြို့နယ် လေး ဦး၊ ကျောက်တံတားမြို့နယ်တွင်တစ်ဦး၊  ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်နှစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နှစ်ဦးတို့အား လက် နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ထို့ပြင်ဆက်စပ်၍ နိုင်ဝင်းအောင် ဦးစီးသည့် လှိုင်PDF အဖွဲ့အား ဖမ်းဆီးရမိ ရေးဆောင် ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် ၁၁၅ မိုင် စစ်ဆေးရေးဂိတ် ၌ နိုင်ဝင်းအောင် (၃၂)နှစ်၊ ရဲဝင်းနိုင်(၃၀)နှစ်၊ သန့်ဇင်အောင်(၂၉)နှစ်၊ ကျော်သက်နိုင် (၂၈)နှစ်နှင့် မင်းမင်းဝင်း (၃၉)နှစ်တို့ ငါးဦးအားလည်း ကောင်း၊ လှိုင်မြို့နယ် (၂)ရပ်ကွက်၊ တိုက် အမှတ်(2/A)၌ ဇီဇဝါ(ခ)မဝါ(၅၅)နှစ်အား လည်းကောင်းဖမ်းဆီးခဲ့ရမိခဲ့ပြီး နိုင်ဝင်း အောင်၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့့နယ်၊ ဒီဇင်ဘာအိမ်ရာ၊ တိုက် (၁၄၂)၌ MK-12 တစ်လက်၊ Sigsauer ပစ္စတို တစ် လက်၊ ကျည်၄၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်တွင်အမျိုးသား၄၃ ဦး၊ အမျိုးသမီးငါးဦးစုစုပေါင်း၄၈ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ၂၈ လက်၊ လက်လုပ် သေနတ်နှစ်လက်၊  ကျည်အိမ်မျိုးစုံ ၃၇ ခု၊ ကျည်မျိုးစုံ ၃၇၇၁ တောင့်၊ အီနာဂါရှစ်လုံး၊ လက်ပစ်ဗုံးငါးလုံး၊ နင်းမိုင်းနှစ်လုံး၊ လက်လုပ် မိုင်း ၃၈ လုံး၊ အသံတိတ်ပြောင်းတစ်ခု၊ ယမ်း တောင့်မျိုးစုံ ၇၈ တောင့်၊ FCG-9သေနတ် ထုတ်လုပ်သည့် 3D Printer စက်လေးလုံး၊ FCG-9 သေနတ်အစိတ်အပိုင်းများ၊ ယမ်းကြိုးများ၊ ဒီတိုနေတာများ၊ ဖောက်ခွဲရေး ဆက် စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် အထက်ပါဖမ်းဆီးရမိသူ များသည် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဖောက်ခွဲမှု(၂၉)ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်ပြုလုပ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်ဟု ဖြစ်စဉ် များနှင့်တကွ သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။        

ဖမ်းဆီးရမိသည့် ပကဖအနောက်ပိုင်း ခရိုင်တာဝန်ခံ နေလင်းအောင်သည် ဖမ်းဆီး ရန်ကျန်ရှိသည့် ရန်ကုန်တိုင်း ပကဖတာဝန်ခံ နောင်ရိုး(ခ)ဝေဖြိုးဟန်၏ စေခိုင်းမှုအရ ကမာရွတ်မြို့နယ်နှင့့်် ကြည့်မြင်တိုင်မြို့နယ် တို့မှ အမျိုးသား ၁၅ ဦးအား KNLA တပ်မဟာ(၆)တွင်ဖောက်ခွဲရေးသင်တန်း တက် ရောက်ရန်ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ သူများအနက် ခွန်ချိုထွန်းသည် KNLA တပ်မဟာ(၂)နယ်မြေ၊ ဇော်ကိုကိုသည် တပ်မဟာ (၅)နယ်မြေ၊ ထက်ဝေယံ၊ ကောင်းမြတ်(ခ)ပြည့်စုံနှင့် အောင်ရဲကျော်တို့သုံးဦးသည် တပ်မဟာ(၆)နယ်မြေ၊ နိုင်လင်းအောင်၊ ထက်ဝေယံ၊ ဝေယဖြိုး၊ လွင်ခန့်၊ အောင်ကျော်ဇော၊ ဇမ္ဗူထွန်းနှင့့် ထက်ရွှေစင်တို့ခုနစ်ဦး  သည် တပ်မဟာ(၇)နယ်မြေ၌ ဖောက်ခွဲရေး သင်တန်းများတက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ လုပ်ကြံ သတ်ဖြတ်ခြင်းနှင့့်် ဖောက်ခွဲရေးလုပ်ငန်း များ အားလုပ်ဆောင်ခဲ့ခြင်းဖြစ်ဟု ဖော်ထုတ်ရရှိ ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။

ထို့ပြင်  ပကဖအရှေ့ပိုင်းခရိုင် တာဝန်ခံ လင်းထက်(ခ)မဟူရာ သည် စက်တင်ဘာနှင့့်် အောက်တိုဘာ၌ နေလင်းအောင်(ခ)ဖိုးကျော် စီစဉ်ပေးသည့် စမ်းချောင်းမြို့နယ်၊ ဓမ္မာရုံ လမ်းရှိ ၎င်း၏နေအိမ်နှင့့်် ကမာရွတ် မြို့နယ်ရှိ နေအိမ်တို့တွင် ဖမ်းဆီးရန်ကျန် အဂ္ဂ(ခ) အရှည်ကြီး၊ နိုင်ကြီးအပါရှစ်ဦးအား လက်လုပ်ဗုံးနှင့့်် Keypad ဖုန်းဖြင့် ဖောက်ခွဲနည်း အား သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်ရရှိ သည် သတင်းထုတ်ပြန်မှု၌ပါရှိသည်။

ထို့အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ၎င်းတို့လိုအပ်သော လက်နက်/ခဲယမ်းများအားဖမ်းဆီးရန်ကျန် NUG အဖွဲ့မှ လွင်ကိုလတ်၏ စေခိုင်းမှုဖြင့် ရန်ကုန်တိုင်း ပကဖ အဖွဲ့တာဝန်ခံ ဝေဖြိုးဟန်(ခ)နောင်ရိုး မှ ခရိုင်ပကဖအဖွဲ့တာဝန်ခံများအား ထုတ် ပေးခဲ့ကြောင်း၊ FLA အဖွဲ့အတွက် လို အပ် သော လက်နက်/ခဲယမ်း များအား KNLA တပ်မဟာ(၇)တွင် ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ဖမ်းဆီးရန်ကျန် မင်းသုတ က မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ပို ့ဆောင် ပေးခဲ့ကြောင်း၊ ဝေဖြိုးဟန်(ခ)နောင်ရိုးသည် ပြည်တွင်း၊ ပြည်ပရှိ NLD ပါတီ ထောက်ခံသူ အချို့ထံမှထောက်ပံ့ငွေများရယူကာ ရန်ကုန် တိုင်းအတွင်းရှိ ခရိုင်လေးခု တာဝန်ခံများထံ သို့ လုပ်ငန်းများပြီးမြောက်ပါက တိမ်းရှောင်နိုင်ရန် Safe House များ  ငှားရမ်းခြင်းအတွက် ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်နိုင်မှုအပေါ် မူတည်၍ငွေကြေးများ ပိုမိုထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်မှုတွင်ပါရှိသည်။

အလားတူ ဖမ်းဆီးရမိသည့် ငြိမ်းမြတ်သူ၏ ထွက်ဆိုချက် အရ နိုဝင်ဘာ ၉ ရက်တွင် KNLA တပ်မဟာ(၆)တွင် ထွက်ပြေးတိမ်း ရှောင်လျက်ရှိသည့် MURM အဖွဲ့ခေါင်း ဆောင် မိုးသူသူအောင်(ခ)မေသက်ခိုင်မှ 3D Printer စက်လေးလုံးအားပို့ဆောင်ပေးခဲ့ပြီး ကောင်းမြတ်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့့နယ်၊ (၇၇)ရပ်ကွက်ရှိ  Safe House ၌ FCG-9 သေနတ်များအား စမ်းသပ်ထုတ်လုပ်ခဲ့ ကြောင်း ၊ နိုင်လင်းအောင်သည် KNLA တပ်မဟာ (၇)တွင် ထွက်ပြေးတိမ်းရှောင်လျက် ရှိသော ဝေလင်းကျော်(ခ)ရဲရင့် နှင့့်် လည်း ကောင်း၊ ထက်ဝေယံသည် KNLA တပ်မ ဟာ(၇)တွင် ထွက်ပြေးတိမ်းရှောင်လျက် ရှိသော မင်းသုတနှင့်လည်းကောင်း၊ ဇင်ကိုကို အောင်သည် ချစ်တီးနှင့့််အတူ  ရပ်စောက် မြို့နေ ကိုဇေနှင့် လည်းကောင်း ချိတ်ဆက်၍ မြဝတီမြို့မှ လက်နက်/ခဲယမ်းများအား သယ်ယူ/ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ ဝဏ္ဏကျော်သည် ကိုဇေ၏ စေခိုင်း မှုဖြင့် ၎င်းင်း၏နေအိမ်၌ လက်နက်ခဲယမ်းနှင့့်် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများသိမ်း ဆည်း ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်ဟု သတင်းထုတ်ပြန်မှုတွင်ပါရှိ သည်။