အာဆီယံ သဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း မြန်မာအား အာဆီယံ အစည်းအဝေးများသို့ ဆက်လက် မဖိတ်ကြားသင့်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား

အာဆီယံ သဘောတူညီချက်များကို ပူးပေါင်းဆောင်ရွက်မှု မပြုမချင်း မြန်မာအား အာဆီယံ အစည်းအဝေးများသို့ ဆက်လက် မဖိတ်ကြားသင့်ဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား
■ Photo: The Straits Times
■ Photo: The Straits Times
Published 16 January 2022
Ref:Reuters

အာဆီယံတွင် သဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်များနှင့် ပတ်သက်၍ မြန်မာက ပူးပေါင်း ဆောင်ရွက်မှု မပြုမချင်း အာဆီယံအနေဖြင့် မြန်မာကို အာဆီယံအစည်းအဝေးများသို့ ဆက်လက် မဖိတ်ကြားသင့်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့ဟု ဖော်ပြထားသည့် ထုတ်ပြန်ချက်ကို စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ရိုက်တာတင်းဌာန ကဖော်ပြခဲ့သည်။

မြန်မာ့အရေးတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးရန် ဇန်နဝါရီ ၁၄ ရက် အွန်လိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံကို တိုက်တွန်း ခဲ့သည်ဟု ဇန်နဝါရီ ၁၅ ရက်တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 အာဆီယံအနေဖြင့် မိမိ၏အစည်းအဝေးများသို့  မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သောကိုယ်စား လှယ်ကို ဆက်လက်ဖိတ်ကြားသင့်ပြီး ထိုအချက်ကို ပြောင်းလဲရန် ဆုံးဖြတ်ချက်မှန်သမျှကို အချက်အလက် သစ်များအပေါ် အခြေခံသင့်သည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားခဲ့သည်။         

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ ကလည်း ဇန်နဝါရီ ၁၃ ရက်တွင် အလားတူမှတ်ချက် များကို ပေးခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ခရီးစဉ်သည် မြန်မာနစက ကို အသိအမှတ်ပြုသည့် အနေအထားအဖြစ် ရှုမြင်ခံ ရနိုင်သောကြောင့် ဟွန်ဆန်အနေဖြင့် ၎င်း၏ ခရီးစဉ်ကို အခြား အာဆီယံ ခေါင်းဆောင်များနှင့် ကြိုတင်ဆွေးနွေး ခဲ့သင့်သည်ဟု အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ထင်မြင်ထားကြောင်း ပြောကြားခဲ့သည်။

  မြန်မာနိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုမှန်သမျှတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်ရန်လိုအပ်သည်ဟု လီရှန်လွန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြော ကြားခဲ့သည်။       

မြန်မာ၏ ငြိမ်းချမ်းရေး ကတိကဝတ်များရှိထားသော်လည်း တပ်မတော်သည် ၎င်း၏ နိုင်ငံ ရေးပြိုင်ဘက်များကို ထပ်မံထိုးနှက်မှုများ ပြုလုပ်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင် ဒဏ်များချမှတ်ခဲ့သည်ဟု စင်ကာပူခေါင်းဆောင်က ပြောကြားခဲ့သည်။

 လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်ရေးနှင့် မြန်မာနိုင်ငံတွင် အပစ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ ဟွန်ဆန်က လီရှန်လွန်းထံ အဆိုပါပြုချက်အချို့ တင်ပြခဲ့သည်ဟု စင်ကာပူနိုင်ငံခြားရေး ဝနျကွီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟွန်ဆန်၏ အကြံပြုချက်များကို စင်ကာပူက မူအားဖြင့် ကွန့်ကွက်ခဲ့ခြင်းမရှိသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနှင့် တွေ့ရန်အခွင့်အလမ်းမရှိသောကြောင့် ဟွန်ဆင်ပြောကြားခဲ့သော အချက်များမှာ ရှုပ်ထွေးနိုင်သည်ဟု လီက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 အာဆီယံဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယား၏ အဆိုပြုချက်အားလုံးကို အာဆီယံနိုင်ငံခြားရေးဝန် ကြီးများ ထပ်မံဆွေးနွေးသင့်သည်ဟုလီရှန်လွန်းက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဒီးယားအနေနဲ့ မိမိအမြင်တွေနဲ့ အခြားအာဆီယံခေါင်းဆောင်တွေရဲ့အမြင်တွေကို စဉ်းစားမယ်လို့ ဝနျကွီးခြုပျလီက မျှော်လင့်ထားပါတယ် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။     

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့က အစည်းအဝေးတက်ရန် အခက်အခဲများရှိနေသည်ဟု ပြောကြားခဲ့ကြသောကြောင့် ကမ္ဘောဒီးယားသည် အာဆီယံဥက္ကဋ္ဌ အနေဖြင့် လာမည့် သီတင်းပတ် တွင်ပြုလုပ်ရန် စီစဉ်ထားသော ပထမဆုံးအစည်းအဝေးကို ရွှေ့ဆိုင်းကြောင်း ဇန်နဝါရီ  ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကမ္ဘောဒီးယား၏ နည်းလမ်းကို စင်ကာပူနိုင်ငံက ထောက်ခံခဲ့ သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆက်ခွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ရက်ပိုင်းအတွင်း  စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်၏ အထက်ပါမှတ်ချက်စကားများ ထွက်ပေါ် လာခြင်းဖြစ်သည်။

 

 

Most Read

Most Recent