ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် အမှုများအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် တာဝန်ခံအား စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် အမှုများအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် တာဝန်ခံအား စစ်ဆေး
Published 14 January 2022

ဒေါ်အောင်ဆန်းစုကြည်အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် အမှုများအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် တာဝန်ခံအား အဓိကစစ်ဆေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၁၄ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ မန္တလေးတိုင်းတရား လွှတ်တော်တရားသူကြီးရုံးထိုင်သည့် ဇမ္ဗူသီရိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်း စုကြည်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား ချပေးသည့်အပေါ်  ဒေါ်အောင်ဆန်းစုကြည်၊  မြို့တော်ဝန်ဟောင်းဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အား အဂတိဖြင့်အရေးယူရန် တရားစွဲဆိုထားသည့်ရာဇဝတ်ကြီး အမှုအမှတ်(၃)၊ ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောင် ရွက်မည့် စီမံကိန်းတစ်ခု အတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့် ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အား အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအ မှတ်(၄)နှင့်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ် ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းခြံအ မှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အအုံ များကို လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုကာ ဒေါ်အောင ်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အရေးယူရန် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂၅) စုစုပေါင်း အမှုသုံးမှုအ တွက်  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် တာဝန်ခံအား အဓိကစစ်ဆေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းများကို ဇန်နဝါရီ ၁၄ ရက် ရုံးချိန်းတွင် ဆောင်ရွက်ခဲ့ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများ အရသိရသည်။

အဂတိဖြင့် ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုထားသည့် ကျန်နှစ်မှုဖြစ်သော လရောင်တောတွင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံ အား ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေများမှ အသုံးပြုခဲ့သည်ဆိုသည့် ရာဇသတ်ကြီး အမှုအမှတ်(၅)နှင့် ဒေါ် အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ထွက်ဆိုချက်များအရ တရားစွဲဆိုထားသည့် ရာဇသတ်ကြီးအမှု အမှတ်(၂)တို့ကို  စစ်ဆေးခဲ့ခြင်းမရှိကြောင်း သိ ရသည်။

ထို့ပြင် NLD အစိုးရလက်ထက်တွင် ရဟတ်ယာဉ်ဝယ်ယူခဲ့သော ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် ဇန်နဝါ ရီ ၁၄ ရက်ရုံးချိန်းတွင် ရှေ့နေကိုယ်စားလှယ်စာ တင်ရမည်ဖြစ်သော်လည်း လိုက်ပဆောင်ရွက် ရန်အတွက် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်စာတင်ပြနိုင်ခြင်းမရှိ သေးကြောင်း စွပ်စွဲခံရသူများက  တင်ပြခဲ့ခြင်း ကို ရုံးတော်က လက်ခံခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်း၌ ကိုယ်စားလှယစာ တင်ရမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက် ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent