ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ ပါဝင်လာမှသာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ ပါဝင်လာမှသာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 14 January 2022

ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ ပါဝင်လာမှသာလျှင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများအား ထားဝယ်မြို့ရှိ တိုင်းဒေ သကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားစဉ်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခုနှစ်သည်  စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် စိန်ရတုအကြို ကာလဖြစ်ကြောင်း၊ ၇၅ နှစ်တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ငြိမ်းချမ်းရေးရရှိရန်မှာ အရေးကြီးကြောင်း၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး မိမိတို့လျှောက်လှမ်းနေသည့် ပါတီစုံ လမ်းကြောင်းကိုလျှောက်လှမ်းရာတွင် တစ် ယောက်တစ်မျိုးဖြစ်နေ၍ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်းတူညီသည့် အခွင့်အရေးရရှိ ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတသည့ရွေးကောက်ပွဲဖြစ် နိုင်မည်မဟုတ်ဘဲငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ ပါဝင်လာမှသာလျှင် လွတ်လပ်ပြီးတရားမျှ တသည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း ရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသည့် အ ဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး အလွတ် သဘောဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်။

ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော် ၏တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်င်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက်မျှတ အောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၊ တိုင်းနှင့်ပြည် နယ်အဆင့်အုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းရာတွင် အရပ်သားများဖြင့် အရပ်ဘက် အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက် စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ကိုးရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ကြောင်း၊ ရှေ့လုပ်ငန်း စဉ်ငါးရပ်တွင်ပါဝင်သည့် ပထမအချက်ဖြစ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း ပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် ဆက်လက်လုပ်ဆောင်မည်ဆို သည့်အတိုင်း မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent