ကိုပါအီတာလီယာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်နှင့် စပိန်စူပါဖလား (ဆီမီးဖိုင်နယ်)ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်နှင့် စပိန်စူပါဖလား (ဆီမီးဖိုင်နယ်)ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 January 2022

နာပိုလီ နှင့် ဖီအိုရင်တီးနား (ကြာသပတေး ည ၁၁:၃၀ နာရီ)

ဖီအိုရင်တီးနားအသင်းက ဒီရာသီမှာ မျှော်လင့်ထားတာထက် ပိုခြေစွမ်းပြနေပြီး ကိုပါအီတာလီယာမှာလည်း အစဉ်လာမသေးတဲ့အသင်းပါ။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၉)ရာသီမှာ (၁၆)သင်းအဆင့်ကနေ လှည့်ပြန်ရတာ (၂)ကြိမ်ပဲရှိတာကိုကြည့်ရင် ဖီအိုရင်တီးနားအသင်းရဲ့ ပြိုင်ပွဲအပေါ် အာရုံစိုက်မှုကို မှန်းဆလို့ရပါတယ်။ နာပိုလီကတော့ စီးရီးအေချန်ပီယံနဲ့ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေး အိပ်မက်တွေကြောင့် ဗျာများနေနိုင်တယ်။ ဖီအိုရင်တီးနားနဲ့ပဲ စွန့်စားတာပိုကောင်းမယ်။

အေစီမီလန် နှင့် ဂျီနိုအာ (ကြာသပတေး ည ၂:၃၀ နာရီ)

ဂျီနိုအာနည်းပြဖြစ်နေတဲ့ အေစီမီလန်ဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချင်ကိုအဖို့ အသင်းဟောင်းနဲ့ (၂)လအတွင်းမှာ ဒုတိယအကြိမ်မြောက် ရင်ဆိုင်ရမှာပါ။ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ပွဲမှာ တော့ အေစီမီလန်ကို ရှက်ဗ်ချင်ကိုရဲ့အသင်းက ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ လက်ရှိမှာလည်း ရှက်ဗ်ချင်ကိုအတွက် စီးရီးအေတန်းမဆင်းရရေးဘက်ကို ပိုပြီးစိတ်ရောက်နေတဲ့ အနေအထားရှိတယ်။ အေစီမီလန် ဂိုးပြတ်ထပ်အနိုင်ယူဦးမှာပါ။

အက်သလက်တီကို နှင့် ဘီလ်ဘာအို (ကြာသပတေး ည ၁:၃၀ နာရီ)

ဘီလ်ဘာအိုက လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ စပိန်စူပါဖလားမှာ (၂)ရာသီဆက် ချန်ပီယံအသင်းမရှိတာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ အက်သလက်တီကိုအသင်းကိုလည်း အစဉ်အလာမှာ အရှုံးပေးရတာများပါတယ်။ လက်ရှိခြေစွမ်းအရတော့ နှစ်သင်းကြားမှာ ကွာခြားမှုနည်းပါးပါတယ်။ အက်သလက်တီကိုအသင်းက ဒီရာသီမှာ တည်ငြိမ်တဲ့ပုံစံကို အခုထိ မပြနိုင်သေးပါဘူး။ အပြန်အလှန်ဂိုးတွေကို မြင်တွေ့ရမယ့်ပွဲဖြစ်ပြီး အက်သလက်တီကိုကို ပိုကြိုက်ပါတယ်။

Most Read

Most Recent